SongSong တို့စုံတွဲဟာ Spain နိုင်ငံ Madrid မြို့ကိုသွားခဲ့တဲ့ သူတို့ရဲ့ ဟန်းနီးမွန်းခရီးကနေ နိုဝင်ဘာလ ၁၇ ရက်နေ့က ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

Icheon နိုင်ငံတကာ လေဆိပ်မှာ သူတို့နှစ်ဦးရဲ့ ကားဆီကို ပြန်လာနေတဲ့ ပုံကို ဓာတ်ပုံဆရာတစ်ဦးက ရိုက်ကူးထားခဲ့ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ခပ်လှမ်းလှမ်းမှာ လျှောက်လာတာကို ဒီပုံမှာ မြင်ရမှာပါ။ ဒါ့ကြောင့် အိမ်ပြန်ခရီးမှာ ရန်များဖြစ်ထားကြတာလားလို့ ပရိသတ်တွေက ထင်ကြေးပေး မှတ်ချက်ပြုနေကြပါတယ်။

Song Hye Kyo ရဲ့ အင်စတာဂရမ်အကောင့်ထဲမှာတော့ သူမ စပိန်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ခုကို တင်ထားပါတယ်။

Descendent of the Sun ဒရမ်မာဇာတ်လမ်းတွဲမှာ ခေါင်းဆောင်အဖြစ်ပါဝင်ရိုက်ကူးရင်း ချစ်သူဖြစ်သွားကြပြီးတဲ့နောက် ပရိသတ်တွေကို အသိပေးပြီး အခုတော့ရွှေလက်တွဲနိုင်ခဲ့ကြပြီဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲဟာ ပရိသတ်တွေ စိတ်ဝင်စားတဲ့ မင်္ဂလာပွဲတစ်ခုဖြစ်ခဲ့သလို သူတို့နှစ်ယောက်ရဲ့ နောက်ဆက်တွဲသတင်းကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။