ရုံးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ တခြားတနေရာရာသွားတဲ့အခါမှာပဲဖြစ်ဖြစ် ဘာဝတ်ရမလဲဆိုပြီး အမြဲတမ်း ခေါင်းရှုပ်နေတတ်တဲ့အမျိုးသားတွေအတွက် ဒီတခါ မျှဝေပေးသွားမှာဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ ဖက်ရှင်ကတော့ အများကြီးမလိုပါဘူး။ မိန်းကလေးလိုလည်း အရမ်းကြီး စဉ်းစားနေစရာမလိုပါဘူး။ အမျိုးသမီးတွေကလည်း အမျိုးသားတွေရဲ့ ရိုးရိုးရှင်းရှင်းဖက်ရှင်ကိုပဲ သဘောကျကြပါတယ်။

Jacket ဝတ်ပါ

အလုပ်ပဲသွားသွား သူငယ်ချင်းတွေနဲ့ပဲသွားတွေ့တွေ့ ကိုယ်နဲ့ Fit ဖြစ်တဲ့ Jacket အင်္ကျီကို ဖက်ရှင်ကျကျလေး ဝတ်ဆင်သွားလို့ရပါတယ်။

Jeans နဲ့ Jogger Pant ဖက်ရှင်

အမျိုးသားတွေကတော့ အဓိက စမတ်ကျဖို့ပါပဲ။ စမတ်ကျဖို့ဆိုရင် အသင့်တော်ဆုံးက Jeans နဲ့ Jogger Pant ဘောင်းဘီတွေပါ။

Shirt ဖက်ရှင်

ရှပ်အင်္ကျီတွေကတော့ ဘယ်သူနဲ့မဆိုလိုက်ဖက်ပါတယ်နော်။ ရှပ်အင်္ကျီ နဲ့ ဂျင်းဘောင်ဘီ၊ ပန့်ဘောင်းဘီ ဘာနဲ့တွဲဝတ်ဝတ် သင့်ကို ရိုးရိုးရှင်းရှင်းစမတ်ကျနေစေမှာပါ။

တခြား Accessory တွေဘာဝတ်မလဲ

အမျိုးသားတွေအတွက်ဘာမှသိပ်မလိုပါဘူး။ နာရီကောင်းကောင်းတစ်လုံး၊ ရှုးဖိနပ်တစ်ရံရှိရင်ရပါပြီ။ မျက်မှန်တပ်တဲ့သူဆိုရင်တော့ မျက်မှန်ကောင်းကောင်းလိုပါတယ်။