DIY Skin Care ပစ္စည်းတွေ တော်တော်များများမှာရော၊ Homemade အလှပြင်ပစ္စည်းတွေ၊ Skin Care တွေမှာရော ပျားရည်က နေရာတကာပါနေတာမို့ သူ့ကောင်းကြောင်းတွေကို အထူးတလည်ပြောပြနေစရာမလိုတော့ဘူး ထင်ပါတယ်။

ဆိုတော့ ပျားရည်တစ်မျိုးတည်းနဲ့ ဘယ်လို Skin Care ပြဿနာတွေကို အထိရောက်ဆုံး ကုသပေးနိုင်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်ပါ။

၁။ ဝက်ခြံ

Source: Allure

ပျားရည်ဟာ ချွေးပေါက်ထဲမှာရှိနေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တဲ့အပြင် ဝက်ခြံမဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ အသားအရေကို နူးညံ့ချောမွေ့စေပြီး တောက်ပနုပျိုတဲ့ မျက်နှာမျိုးရရှိလာအောင် ဖန်တီးပေးနိုင်ပါတယ်။

ပြုလုပ်ပုံ

– သဘာဝပျားရည်တစ်မျိုးတည်းကို မျက်နှာပေါ် ခပ်ပါးပါးလိမ်းပေးလိုက်ပါ။

– မိနစ် (၃၀) လောက် ဒီတိုင်းထားပြီးရင်တော့ အဲဒီစေးကပ်နေတဲ့ ပျားရည်တွေကို သုံးနေကျမျက်နှာသစ်ဆေးဆလးနဲ့ ဆေးချလို့ရပါပြီ။

– ဝက်ခြံကင်းစင်ပြီး နူးညံ့ချောမွတ်တဲ့အသားအရေကို ပိုင်ဆိုင်ချင်ရင်တော့ တစ်ပတ် (၂-၃) ကြိမ်အထိ ပြုလုပ်ပေးဖို့လိုပါမယ်။

၂။ နှုတ်ခမ်း

Source: DLT BEAUTY

ပျားရည်ဟာ နှုတ်ခမ်းကွဲတာနဲ့ နှုတ်ခမ်းခြောက်တာတွေကို ကုသပေးနိုင်တဲ့အပြင် နူးညံ့အိစက်စေပြီး သဘာဝပန်းသွေးရောင်အဖြစ် ပြောင်းလဲလာစေနိုင်ပါတယ်။

ပြုလုပ်ပုံ

– ပျားရည် တစ်စက်၊ နှစ်စက်လောက်ကို လက်ချောင်းလေးနဲ့ယူပြီး နှုတ်ခမ်းပေါ်ပွတ်ပေးပါ။

– (၁-၂) နာရီလောက်ထားပြီးရင်တော့ ရေသန့်နဲ့ဆေးချလို့ ရပါပြီ။

– ရလဒ်အမြန်လိုချင်တယ်ဆိုရင်တော့ တစ်ညလုံးထားထားလို့လည်း ရပါတယ်။

– ပြီးသွားရင်တော့ ရေလေးနဲ့ပဲ ပွတ်ပြီးဆေးချပေးပါ။

၃။ အရေးအကြောင်း

Source: giaycaogot.com

အရေးအကြောင်းတွေအတွက်ဆိုရင်တော့ ပျားရည်ကို အသားအရေအတွက် ရေဓာတ်ပြည့်ဝစေနိုင်တဲ့ သဘောင်္သီးနဲ့ရောပြီး ပေါင်းတင်လို့ရပါတယ်။

ပြုလုပ်ပုံ

– သင်္ဘောသီးအနှစ်တွေကို အရည်ဖြစ်သည်အထိ ကျိတ်ပြီး ပျားရည်တစ်ဇွန်းနဲ့ ဆတူရောပေးပါ။

– ပြီးရင်တော့ မျက်နှာရော၊ လည်ပင်းရောမှာ မိနစ် (၂၀-၃၀) လောက် လိမ်းထားပေးလိုက်ပါ။

– လိမ်းနေတဲ့အချိန်မှာ မျက်နှာကိုရော၊ လည်ပင်းကိုရော နှိပ်နယ်ပေးပါ။

– ပြီးသွားရင်တော့ ရေနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။

– တစ်ပတ် (၂-၃) ကြိမ်အထိပြုလုပ်ပေးနိုင်ပါတယ်။

၎။ ဆံပင်ပျော့ဆေး

Source: Stylegraze

ဆံပင်နှစ်ခွဖြစ်တာတွေ၊ ခြောက်သွေ့ကြမ်းတမ်းနေတာတွေနဲ့ အရောင်မွဲတေနေတာတွေအတွက် အကောင်းဆုံးဆေးက ပျားရည်နဲ့ အုန်းဆီပါ။

ပြုလုပ်ပုံ

– အုန်းဆီကို နွေးသွားအောင်လို့ အပူနည်းနည်းလေးပေးလိုက်ပါ။

– ပျားရည်တစ်ဇွန်းနဲ့ အပူပေးထားတဲ့ အုန်းဆီတို့ကိုရောပြီး ခဏလောက်အအေးခံလိုက်ပါ။

– ပြီးရင်တော့ ၎င်းအရောအနှောကို ဆံသားအရင်းကနေ အဖျားထိ နှံစပ်အောင် လိမ်းပေးပါ။

– မိနစ် (၂၀) လောက်ထားပြီးရင်တော့ ကိုယ်အသုံးပြုနေကျ Shampoo ကိုသုံးပြီး ရေနွေးလေးနဲ့ ခေါင်းလျှော်လို့ ရပါပြီ။

– တစ်ပတ် (၁-၂) ကြိမ်ထိ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

၅။ နေလောင်တာတွေကို သက်သာစေတယ်

Source: Stylewhack

ပျားရည်နဲ့ လျှားဇောင်းလက်ပတ်ကတော့ နေလောင်တာအတွက် အကောင်းဆုံးပါ။

ပြုလုပ်ပုံ

– ပျားရည်တစ်ဇွန်းနဲ့ လျှားဇောင်းလတ်ပတ်နှစ်ဇွန်းကိုရောပြီး အပူပေးပါ။

– ပြီးသွားရင်တော့ အဲဒီအရောအနှောကို နေလောင်တဲ့နေရာပေါ် (၁၅-၂၀) လောက် ထားထားပေးရပါမယ်။

– နောက်ဆုံးအနေနဲ့ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရင်ပဲ အရမ်းကိုချောမွတ်နူးညံ့နေတဲ့အသားအရေကို သင်ပိုင်ဆိုင်သွားပါပြီ။

– တစ်ရက် (၁) ကြိမ်တော့ ပုံမှန်လုပ်ပေးရပါမယ်။

Featured image source: Allure