[Zawgyi]

အသားအေရကိုထိန္းသိမ္းေစာင့္ေရွာက္တဲ့အခါမွာလည္း နည္းလမ္းမွန္ေနဖို႔ကအေရးႀကီးပါေသးတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အသားအေရခ်င္းမတူညီတာေၾကာင့္ ျပဳလုပ္ရတဲ့ Skin Care ေတြကလည္းကြာသြားႏိုင္တာေပါ႔။ အဆီျပန္တဲ့အသားအေရ၊ ေျခာက္ေသြ႔တဲ့အသားအေရ အမ်ိဳးမ်ိဳးရွိႏိုင္တာေၾကာင့္ ေသခ်ာေလးေတာ့ ထိန္းသိမ္းသင့္တယ္ေနာ္။

ပုံမွန္အသားအေရဆိုတာကေတာ့ မ်က္ႏွာအသားအေရေပၚမွာ ဘာျပႆနာမွမရွိေနတဲ့အသားအေရမ်ိဳးေပါ့။ ဝက္ၿခံမျဖစ္လြယ္ပဲ ပုံမွန္တိုင္းပဲလွပေနတဲ့ အသားအေရမ်ိဳးပါ။ ဒီလိုမ်ိဳးေကာင္းမြန္တဲ့အသားအေရမ်ိဳးကို ပိုင္ဆိုင္ထားတဲ့သူေတြမွာလည္း Skin Care ဆိုတာကိုလိုအပ္တယ္ေနာ္။ အခုေနာက္ပိုင္းမွာ Rose Water ေတြလည္း ေခတ္စားလာေတာ့ မနက္ပိုင္းမွာ အသားအေရေလးစိုေျပေနေအာင္ Rose Water ေလးကိုျဖန္းေပးလိုက္ပါ။

မိတ္ကပ္လိမ္းတဲ့အခါမွာလည္း အရည္အေသြးေကာင္းတဲ့ပစၥည္းမ်ိဳးကိုပဲ သုံးေပးၿပီး မိတ္ကပ္လိမ္းၿပီးသြားရင္လည္း အိပ္ခါနီးမွာ ျပန္ဖ်က္ေပးဖို႔မေမ့ပါနဲ႔။ တစ္ပတ္မွာလည္းတစ္ခါေလာက္ ၾကက္ဥနဲ႔ဒိန္ခ်ဥ္ကိုေရာၿပီး မ်က္ႏွာေပၚမွာေပါင္းတင္ေပးမယ္ဆိုရင္လည္း သင့္အသားအေရကို ထိန္းသိမ္းထားၿပီးသားျဖစ္မွာပါ။

ေျခာက္ေသြ႕တဲ့အသားအေရပိုင္ရွင္ေတြက ပိုၿပီးေတာ့အသားအေရဂ႐ုစိုက္မႈေတြကို လုပ္ေပးသင့္ပါတယ္။ အသားအေရေတြက ေျခာက္ေသြ႕ေနရင္ ေနရထိုင္ရခက္တာ၊ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ၊ အေရးအေၾကာင္းျဖစ္လြယ္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အသားအေရေျခာက္ေသြ႕တဲ့သူေတြက မ်က္ႏွာကိုသဘာဝပစၥည္းေလးေတြနဲ႔ပဲ အသုံးျပဳေပးသင့္ပါတယ္။ မ်က္ႏွာသစ္တဲ့အခါမွာလည္း ေရေႏြးနဲ႔သစ္ေပးတာမ်ိဳးေတြကို ေရွာင္သင့္တယ္ေနာ္။ မ်က္ႏွာသစ္ေဆးကိုလည္း Milk ပါတဲ့မ်က္ႏွာသစ္ေဆးမ်ိဳးကို အသုံးျပဳဖို႔ပိုၿပီးေတာ့သင့္ေတာ္ပါတယ္။

အဆီျပန္တတ္တဲ့အသားအေရပိုင္ရွင္ေတြကေတာ့ ဝက္ၿခံထြက္တာမ်ားပါတယ္။ အဓိကလုပ္သင့္တာကေတာ့ အဆီျပန္တာေတြကို ေလ်ာ့နည္းသြားေစဖို႔နဲ႔၊ ဝက္ၿခံေတြမထြက္ေအာင္လုပ္ဖို႔ကအေရးႀကီးပါတယ္။ ပုံမွန္ဆိုရင္ တစ္ေန႔ကိုႏွစ္ႀကိမ္ေလာက္မ်က္ႏွာသစ္ေပးသင့္တယ္ဆိုရင္ အဆီျပန္တတ္တဲ့သူေတြကေတာ့ တစ္ေန႔ကို ၃ ႀကိမ္ေလာက္မ်က္ႏွာသစ္ေပးသင့္ပါတယ္။

အျပင္ေတြသြား၊ ႐ုံးသြားေနရတဲ့သူေတြဆိုရင္ေတာ့ အဆီစုတ္တဲ့စကၠဴေလးနဲ႔ မ်က္ႏွာရွိေနတဲ့အဆီေတြကို ဖယ္ရွားေပးသင့္တယ္ေနာ္။ အဆီျပန္တဲ့သူေတြအတြက္သုံးေပးသင့္တဲ့ Face Mask ေတြကေတာ့ အသားအေရကိုေရဓာတ္ခမ္းေစတဲ့ ႐ြံ႕ေစး၊ နာနတ္သီး နဲ႔ ဒိန္ခ်ဥ္တို႔လိုမ်ိဳး အရာေတြကိုပဲ ေ႐ြးၿပီးေတာ့သုံးသင့္ပါတယ္။ အစားအေသာက္စားတဲ့အခါမွာလည္း ဝက္ၿခံေတြကိုေလ်ာ့နည္းေစဖို႔ အငန္ဓာတ္ပါတာေတြကို ေလ်ာ့ၿပီးစားသင့္တယ္ေနာ္။

ဒီေလာက္ဆိုရင္ေတာ့ ပ်ိဳေမတို႔ရဲ႕အသားအေရနဲ႔ လိုက္ဖက္တဲ့ Skin Care ကိုဘယ္လိုမ်ိဳးလုပ္ရမယ္ဆိုတာကို သိသြားေလာက္ၿပီလို႔ထင္ပါတယ္။ Skin Care လုပ္တယ္ဆိုတာက ကိုယ္အသားအေရမ်ိဳးနဲ႔ လိုက္ဖက္တာကိုပဲ လုပ္ေပးမွထိေရာက္မႈလည္းရွိမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ပ်ိဳေမတို႔လည္းကိုယ္နဲ႔လိုက္ဖက္တဲ့ Skin Care မ်ိဳးကိုေ႐ြးၿပီးလုပ္ၾကည့္ပါေနာ္။

Photo Source: Pinterest

[Unicode]

အသားအရေကိုထိန်းသိမ်းစောင့်ရှောက်တဲ့အခါမှာလည်း နည်းလမ်းမှန်နေဖို့ကအရေးကြီးပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အသားအရေချင်းမတူညီတာကြောင့် ပြုလုပ်ရတဲ့ Skin Care တွေကလည်းကွာသွားနိုင်တာပေါ့။ အဆီပြန်တဲ့အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေ အမျိုးမျိုးရှိနိုင်တာကြောင့် သေချာလေးတော့ ထိန်းသိမ်းသင့်တယ်နော်။

ပုံမှန်အသားအရေဆိုတာကတော့ မျက်နှာအသားအရေပေါ်မှာ ဘာပြဿနာမှမရှိနေတဲ့အသားအရေမျိုးပေါ့။ ဝက်ခြံမဖြစ်လွယ်ပဲ ပုံမှန်တိုင်းပဲလှပနေတဲ့ အသားအရေမျိုးပါ။ ဒီလိုမျိုးကောင်းမွန်တဲ့အသားအရေမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေမှာလည်း Skin Care ဆိုတာကိုလိုအပ်တယ်နော်။ အခုနောက်ပိုင်းမှာ Rose Water တွေလည်း ခေတ်စားလာတော့ မနက်ပိုင်းမှာ အသားအရေလေးစိုပြေနေအောင် Rose Water လေးကိုဖြန်းပေးလိုက်ပါ။

မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရည်အသွေးကောင်းတဲ့ပစ္စည်းမျိုးကိုပဲ သုံးပေးပြီး မိတ်ကပ်လိမ်းပြီးသွားရင်လည်း အိပ်ခါနီးမှာ ပြန်ဖျက်ပေးဖို့မမေ့ပါနဲ့။ တစ်ပတ်မှာလည်းတစ်ခါလောက် ကြက်ဥနဲ့ဒိန်ချဉ်ကိုရောပြီး မျက်နှာပေါ်မှာပေါင်းတင်ပေးမယ်ဆိုရင်လည်း သင့်အသားအရေကို ထိန်းသိမ်းထားပြီးသားဖြစ်မှာပါ။

ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေက ပိုပြီးတော့အသားအရေဂရုစိုက်မှုတွေကို လုပ်ပေးသင့်ပါတယ်။ အသားအရေတွေက ခြောက်သွေ့နေရင် နေရထိုင်ရခက်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အရေးအကြောင်းဖြစ်လွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသားအရေခြောက်သွေ့တဲ့သူတွေက မျက်နှာကိုသဘာဝပစ္စည်းလေးတွေနဲ့ပဲ အသုံးပြုပေးသင့်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း ရေနွေးနဲ့သစ်ပေးတာမျိုးတွေကို ရှောင်သင့်တယ်နော်။ မျက်နှာသစ်ဆေးကိုလည်း Milk ပါတဲ့မျက်နှာသစ်ဆေးမျိုးကို အသုံးပြုဖို့ပိုပြီးတော့သင့်တော်ပါတယ်။

အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေကတော့ ဝက်ခြံထွက်တာများပါတယ်။ အဓိကလုပ်သင့်တာကတော့ အဆီပြန်တာတွေကို လျော့နည်းသွားစေဖို့နဲ့၊ ဝက်ခြံတွေမထွက်အောင်လုပ်ဖို့ကအရေးကြီးပါတယ်။ ပုံမှန်ဆိုရင် တစ်နေ့ကိုနှစ်ကြိမ်လောက်မျက်နှာသစ်ပေးသင့်တယ်ဆိုရင် အဆီပြန်တတ်တဲ့သူတွေကတော့ တစ်နေ့ကို ၃ ကြိမ်လောက်မျက်နှာသစ်ပေးသင့်ပါတယ်။

အပြင်တွေသွား၊ ရုံးသွားနေရတဲ့သူတွေဆိုရင်တော့ အဆီစုတ်တဲ့စက္ကူလေးနဲ့ မျက်နှာရှိနေတဲ့အဆီတွေကို ဖယ်ရှားပေးသင့်တယ်နော်။ အဆီပြန်တဲ့သူတွေအတွက်သုံးပေးသင့်တဲ့ Face Mask တွေကတော့ အသားအရေကိုရေဓာတ်ခမ်းစေတဲ့ ရွံ့စေး၊ နာနတ်သီး နဲ့ ဒိန်ချဉ်တို့လိုမျိုး အရာတွေကိုပဲ ရွေးပြီးတော့သုံးသင့်ပါတယ်။ အစားအသောက်စားတဲ့အခါမှာလည်း ဝက်ခြံတွေကိုလျော့နည်းစေဖို့ အငန်ဓာတ်ပါတာတွေကို လျော့ပြီးစားသင့်တယ်နော်။

ဒီလောက်ဆိုရင်တော့ ပျိုမေတို့ရဲ့အသားအရေနဲ့ လိုက်ဖက်တဲ့ Skin Care ကိုဘယ်လိုမျိုးလုပ်ရမယ်ဆိုတာကို သိသွားလောက်ပြီလို့ထင်ပါတယ်။ Skin Care လုပ်တယ်ဆိုတာက ကိုယ်အသားအရေမျိုးနဲ့ လိုက်ဖက်တာကိုပဲ လုပ်ပေးမှထိရောက်မှုလည်းရှိမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ပျိုမေတို့လည်းကိုယ်နဲ့လိုက်ဖက်တဲ့ Skin Care မျိုးကိုရွေးပြီးလုပ်ကြည့်ပါနော်။

Photo Source: Pinterest