မင်္ဂလာပါနော်။ အဆိုတော်နဲ့ သီချင်းရေးဆရာ Zayn Malik ကို အားလုံးသိကြမှာပါ။ British ဂီတ သီချင်းဆိုပြိုင်ပွဲဖြစ်တဲ့ The X Factor ၂၀၁၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတဲ့နောက် One Direction ဆိုတဲ့ အမျိုးသား တေးဂီတအဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ One Direction အဖွဲ့ကနေ ခွဲထွက်ခဲ့ပြီး RCA တေးသံသွင်းနဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ထုတ်လုပ်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က အင်္ဂလန်နိုင်ငံ West Yorkshire မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရပ်အမြင့်ကတော့ ၁.၇၅ မီတာ (၅ပေ ၈.၈၉ လက်မ) ရှိပါတယ်။

အဆိုပိုင်းကိုသာမက ဖက်ရှင်ပိုင်းကိုပါ အလေးထားတဲ့ Zayn က  ကမ္ဘာကျော်မော်ဒယ် Gigi Hadid နဲ့ လက်ထပ်ထားပြီး သမီးချောလေးကို ဒီ၂၃ရက်နေ့ စက်တင်ဘာလ ၂၀၂၀ခုနှစ်မှာပဲ မွေးဖွားခဲ့တာဖြစ်ပါတယ်နော်။

သူဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေထဲက ပေါ့ပါးလွတ်လပ်ပြီး ပရိသတ်တွေ သဘောကျမယ့် ဖက်ရှင်မျိုးကို မျှဝေပေးချင်ပါတယ်။