ကိုယ်အလေးချိန်လျှော့ချတာဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ လိုအပ်ပါတယ်။ သင့်တော်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေရင် လျှော့သင့်ပြီး လျော့နေရင်တော့ ကိုယ်အလေးချိန်တက်အောင် လုပ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ အလှအပအတွက် သင့်တော်တဲ့ ကိုယ်အလေးချိန်တစ်ခုမှာ ရှိနေဖို့လိုပါတယ်။ အားတီကတော့ သူ့ရဲ့ ကိုယ်အလေးချိန်လျှော့ချနည်းကို အခုလိုပဲ မျှဝေထားပါတယ်။

မခံချင်စိတ်ကြောင့် ကိုယ့်စိတ်ဆန္ဒတွေကို ရိုက်ချိုးတတ်လာတယ် ။ အရင်က ဝက်သားအရမ်းကြိုက်တယ် ။ ခုမစားဖြစ်တာ ၃လရှိပြီ ။ အအိပ်မက်တယ် ။ နေ့တိုင်းနေ့လည်ဆို မအိပ်ရင်မနေနိုင်နိုင်ခဲ့ဘူး ။ ခုနေ့လည်အိပ်ချိန်ဆို Gymက ပြေးစက်ပေါ် မှာပြေးနေပြီ။ အစားမက်တယ် ။ ဗိုက်ကားအောင် အန်တဲ့အထိစားနိုင်တာ ။ ခုဆို ကိုယ်စားနေတဲ့အစာ ဘယ်လောက်ဘဲကြိုက်ကြိုက် ဗိုက်မပြည့်ခင် တင်းတိမ်ရောင့်ရဲပြီး အစားရပ်တတ်နေပြီ ။ အရင်ကဆို ဟင်းအနှစ်မှာ ဆီ ဆိုရွှဲနေမှ ထမင်းစားတတ်ခဲ့တယ် ။ ငပိရည်ပါရင် ထမင်း ၂ ပန်းကန်ကုန်တယ် ။ ခုထမင်းမစားတာ ၃လရှိပြီ ။ ပေါင်မုန့် အသေကြိုက် !! Cream တွေ cheese တွေက pizza တို့ subway တို့ burger စားရင် extra cheese ထည့်စားတဲ့သူ !! ခု cheese ဖယ်စားတယ် ။ ဖြစ်နိုင်ရင် အဲ့အစာတွေမစားဖြစ်ဘူး ။ ham , bacon နဲ့ ဝက်သားဒုတ်ထိုး အသေကြိုက် !!!! ရေခဲမုန့်အသေကြိုက် !!! အဲ့ဒါတွေ မစားဖြစ်တာ ၃လရှိပြီ ။ ဘီယာ ၃လမှာ ၂ခွက်တော့ သောက်မိတယ် ။ ဝိတ်ချတဲ့ ၂လအတွင်း ဗိုက်ဝအောင်စားခဲ့တယ် ။ လုံးဝအငတ်မခံခဲ့ပါ ။ ဒါက ကျနော့် eating plan လေးပါ ။
#မနက်စာ
ကြက်ဥပြုတ် ၁ လုံး , နွားနို့ , ပေါင်မုန့်ကြမ်း (သို့မဟုတ်) low fat crackers
#နေ့လည်စာ
အရွက်ပြုတ်နဲ့ grilled chicken breast ဒါတွေအတွက် အချဉ်ကောင်းကောင်းစပ် ပြီးရင်အသီးဖျော်ရည် !!!! Or HOT POT with clean clear soup (no pork)
#နေ့ခင်းသွားရည်စာ
Nuts & fruits
#ညစာ
Grilled salmon & green salad , clean clear soup
#အိပ်ခါနီး
Skimmed milk or fruits ( no banana )
ဒါတွေကို ၂လတိတိစားတယ် ။ plus Cadio ….


ကျနော်ပြောချင်တာက အစာလျော့ရင် ဝိတ်ကျတာမှန်ပေမယ့် ရုပ်ထွက်မလှဘူး ။ အစာရော အားကစားရော ၂မျိုးလုံး ပေါင်းလုပ်စေချင်ပါတယ် ။ ကျနော် Diet အတွက် Cadio ၂လပြီးပြီ ။ ခုဝိတ်ပြန်တင်တဲ့အချိန်မို့ ပြန်စားလိုရပြီ ။ နောက်ပြီး ဆေးလိပ်ဖြတ်ပြီ ။ ဖြတ်နိုင်မယ်လို့လည်း ယုံကြည်တယ် ။ ကျနော့် စိတ်ဆန္ဒတွေကို ထိန်းခဲ့တဲ့ ၂လအတွင်း ပေါင်ဘယ်လောက်ကျသွားသလဲ ဆိုတာရော ကျနော်လုပ်ခဲ့တဲ့ Cadio plan တွေရော မကြာခင် POWER HOUSE ကကြော်ငြာပေးလိမ့်မယ် ။ တချို့ကထင်တယ် GYM သွားတာ ပေါ်ပင်လုပ်ဖို့ ။ လှချင်လွန်းလို့ !!!!!! တကယ်တော့မဟုတ်ဘူး ။ FAT but FABULOUS လို့လက်ခံထားတဲ့သူကျနော်က BODY SHAMING လုပ်ခံရတာမမှုဘူး ရယ် !!!! သင်္ကြန်ပြီးတော့ကျနော့်မှာစိတ်ဓာတ်ကျစရာ ပြဿနာ ကိစ္စတစ်ခုကြုံခဲ့ရတယ် ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော် အသက် ၃၂ ရောက်ပြီ ငွေရေးကြေးရေးခုထိအဆင်မပြေသေးဘူး ။ အိမ်ငှား ကားအငှား နဲ့ ရုန်းကန်နေရတုန်း ။ အလုပ်ပါးလာတယ် ။

မိုးတွင်းလည်းဖြစ်နေတော့ !!!! အဲ့တော့ စိတ်ကျအရမ်းကျနေတဲ့အချိန် စိတ်ကိုမြောင်းထဲရောက်မသွားအောင် အချိန်အများစု ကို POWER HOUSE မှာကုန်ဆုံးစေခဲ့ပါတယ် ။ မပျော်လည်း အားလုံးပျော်အောင် ပြုံးပြုံးလေး ။ တကယ်တော့ လေ့ကျင့်ခန်းလုပ်ရတာ ပျော်စရာတော့မဟုတ်ပါ ။ ကိုယ်ပင်ပန်းတာကိုယ်ဘဲသိတယ် ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ရတာ အကျင့်တစ်ခုလိုဖြစ်လာတယ် ။ ကျန်းမာရေးကောင်းလာတယ် ဖျားတာနာတာ မရှိတော့ဘူး ။ စိတ်လည်းမာလာတယ် ။ ခုဆို မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်လေး ရလာတယ် ။ ပျင်းမနေတော့ဘူး ။ ဒါပေမယ့်လည်း တချိန်ချိန်လည်းပြန်ဝလာအုံးမှာအမှန်ဘဲ !!! မကြောက်ဘူး။ ဝိတ်ကို ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးချတဲ့ နည်းကို သိထားလို့ ။ ခုတော့ ဝိတ်ပြန်တင်နေပြီ ။ လောလောဆယ်
မာဆယ်ဒဏ်ရာရထားလို့ ခဏနားနေရတယ် ။
ကဲ……. ရေးချင်သလို တောင်ရောက်ရောက် မြောက်ရောက်ရောက်ရေးသည် ။ ဖတ်တတ်သလိုသာ ဖတ်တော့ ။
အားလုံးပဲ အားတီပြောပြတဲ့ ကိုယ်အလေးချိန်လျှော့ချနည်းကို သဘောကျကြမယ်လို့ထင်ပါတယ်နော်။