[Zawgyi]

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တယ္ဆိုတာ အလွပတစ္ခုတည္းအတြက္မဟုတ္ပါဘူး။ သာမန္ထက္ ကိုယ္အေလးခ်ိန္မ်ားလြန္းေနတာ၊ အဝလြန္ေနတာဟာ က်န္းမာေရးဆိုးက်ိဳးေတြ ျဖစ္ေစလို႔ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းကို မွ်ေ၀ေပးခ်င္ပါတယ္။

၁။ စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ပါ

Source: Lifehack

စိတ္ဖိစီးမႈမ်ားတာဟာ အစားမ်ားမ်ားစားမိၿပီး သင့္ကို အ၀လြန္ေစပါတယ္။ မ၀တဲ့သူေတြေတာင္ အဆီေတြစုေနတတ္တာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈမ်ားရင္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔လည္း ခက္ခဲပါတယ္။

၂။ အေကာင္းဖက္ကေတြးပါ

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေနတဲ့သူေတြအေနနဲ႔ ကိုယ္ေမွ်ာ္လင့္ထားသလို ျဖစ္မလာရင္ လြယ္လြယ္လက္ေလွ်ာ့တတ္ၾကပါတယ္။ အဲဒလိုလက္မေလွ်ာ့ဘဲ သင့္ပန္းတိုင္အတြက္ အေကာင္းဖက္ကေတြးပါ။ နည္းနည္းေလးပဲ အက်ိဳးထူးလာရင္ေတာင္ ငါလုပ္ႏိုင္ၿပီပဲ ဆိုၿပီး ကိုယ့္ကိုကိုယ္ အားေပးပါ။

၃။ သင္စားသံုးေနတဲ့ အစားအစာပမာဏကို ေလွ်ာ့ခ်ပါ

အလြန္အကၽြံစားသံုးတာမ်ိဳးေရွာင္ပါ။ အစားကို အေနေတာ္ပဲစားေပးပါ။

၄။ အစီစဥ္ဆြဲထားပါ

Source: Fiverr

သင္ဘာလုပ္ၿပီးရင္ဘာစားမယ္။ မနက္ ေန႔လည္ ညေန ဘာေတြာစားမယ္ဆိုတာကို ေသခ်ာစီစဥ္ပါ။ အားလပ္ရက္မွာ လမ္းေလွ်ာက္ထြက္တာ၊ အျပင္ထြက္လည္တာ၊ စက္ဘီးစီးတာမ်ိဳးလုပ္ေပးပါ။

၅။ ခ်က္ျပဳတ္တတ္ေအာင္သင္ယူပါ

က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအစာေတြကို ခ်က္ျပဳတ္တတ္ေအာင္သင္ယူပါ။ ကိုယ့္ကိုကိုငယ္ ခ်က္ပါ။ က်န္းမာေရးနဲ႔ညီညႊတ္တဲ့ ဟင္းလ်ာအသစ္ေတြကို ခ်က္ျပဳတ္စားပါ။

၆။ နည္းနည္းေလးနဲ႔ ခဏခဏ စားႏိုင္ပါတယ္

Source: MarketWatch

ခြက္ေသးေသးထဲမွာ အစားအစာ နည္းနည္းပဲထည့္ၿပီး တစ္ေန႔ကို ၅ ႀကိမ္ေလာက္စားႏိုင္ပါတယ္။ စားတဲ့အခါမွာလည္း အသီးအရြက္မ်ားမ်ားထည့္စားပါ။

၇။ အစားမစားခင္ေရေသာက္ပါ

သင့္ခႏၶာကိုယ္ ေရဓာတ္ခမ္းေျခာက္တာမ်ိဳး မျဖစ္ေအာင္ ဂရုစိုက္ပါ။ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေနသူေတြအေနနဲ႔ အစာမစားခင္ ၅ မိနစ္အလိုမွာေရတစ္ခြက္အျပည့္ေသာက္ထားလိုက္ပါ။

၈။ မနက္စာမ်ားမ်ား၊ ညစာနည္းနည္းစားပါ

မနက္စာကို ျပည့္ျပည့္၀၀ စားပါ။ အာဟာရျပည့္ျပည့္၀၀ စားေပးရပါမယ္။ ညစာကို နည္းနည္းစားပါ။ မနက္စာမစားဘဲ ေနတဲ့သူေတြဟာ အ၀လြန္ေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ားတယ္လို႔ ေလ့လာေတြ႔ရွိခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

၉။ ပန္းတိုင္ခ်မွတ္ထားပါ

ေရရွည္ပန္တိုင္ ေရတိုပန္းတိုင္ ထားထားပါ။ ကိုယ္ျဖစ္ခ်င္တဲ့အတိုင္း လက္ေတြ႔လုပ္ပါ။ ၀ိတ္ေတာ့က်ခ်င္ပါတယ္။ အစားလည္းမေလွ်ာ့ႏိုင္ဘူး။ ေလ့က်င့္ခန္းလည္းမလုပ္ႏိုင္ဘူးဆိုရင္ ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။ No Pain, No Gain ပါပဲရွင္။

[Unicode]

ကိုယ်အလေးချိန်လျှော့ချတယ်ဆိုတာ အလှပတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ သာမန်ထက် ကိုယ်အလေးချိန်များလွန်းနေတာ၊ အဝလွန်နေတာဟာ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေလို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကို မျှဝေပေးချင်ပါတယ်။

၁။ စိတ်ဖိစီးမှုကိုလျှော့ချပါ

Source: Lifehack

စိတ်ဖိစီးမှုများတာဟာ အစားများများစားမိပြီး သင့်ကို အဝလွန်စေပါတယ်။ မဝတဲ့သူတွေတောင် အဆီတွေစုနေတတ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများရင် ကိုယ်အလေးချိန်လျှော့ချဖို့လည်း ခက်ခဲပါတယ်။

၂။ အကောင်းဖက်ကတွေးပါ

ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေအနေနဲ့ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာရင် လွယ်လွယ်လက်လျှော့တတ်ကြပါတယ်။ အဲဒလိုလက်မလျှော့ဘဲ သင့်ပန်းတိုင်အတွက် အကောင်းဖက်ကတွေးပါ။ နည်းနည်းလေးပဲ အကျိုးထူးလာရင်တောင် ငါလုပ်နိုင်ပြီပဲ ဆိုပြီး ကိုယ့်ကိုကိုယ် အားပေးပါ။

၃။ သင်စားသုံးနေတဲ့ အစားအစာပမာဏကို လျှော့ချပါ

အလွန်အကျွံစားသုံးတာမျိုးရှောင်ပါ။ အစားကို အနေတော်ပဲစားပေးပါ။

၄။ အစီစဉ်ဆွဲထားပါ

Source: Fiverr

သင်ဘာလုပ်ပြီးရင်ဘာစားမယ်။ မနက် နေ့လည် ညနေ ဘာတွောစားမယ်ဆိုတာကို သေချာစီစဉ်ပါ။ အားလပ်ရက်မှာ လမ်းလျှောက်ထွက်တာ၊ အပြင်ထွက်လည်တာ၊ စက်ဘီးစီးတာမျိုးလုပ်ပေးပါ။

၅။ ချက်ပြုတ်တတ်အောင်သင်ယူပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို ချက်ပြုတ်တတ်အောင်သင်ယူပါ။ ကိုယ့်ကိုကိုငယ် ချက်ပါ။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဟင်းလျာအသစ်တွေကို ချက်ပြုတ်စားပါ။

၆။ နည်းနည်းလေးနဲ့ ခဏခဏ စားနိုင်ပါတယ်

Source: MarketWatch

ခွက်သေးသေးထဲမှာ အစားအစာ နည်းနည်းပဲထည့်ပြီး တစ်နေ့ကို ၅ ကြိမ်လောက်စားနိုင်ပါတယ်။ စားတဲ့အခါမှာလည်း အသီးအရွက်များများထည့်စားပါ။

၇။ အစားမစားခင်ရေသောက်ပါ

သင့်ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်တာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့ အစာမစားခင် ၅ မိနစ်အလိုမှာရေတစ်ခွက်အပြည့်သောက်ထားလိုက်ပါ။

၈။ မနက်စာများများ၊ ညစာနည်းနည်းစားပါ

မနက်စာကို ပြည့်ပြည့်၀၀ စားပါ။ အာဟာရပြည့်ပြည့်၀၀ စားပေးရပါမယ်။ ညစာကို နည်းနည်းစားပါ။ မနက်စာမစားဘဲ နေတဲ့သူတွေဟာ အဝလွန်ရောဂါဖြစ်နိုင်ချေ ပိုများတယ်လို့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

၉။ ပန်းတိုင်ချမှတ်ထားပါ

ရေရှည်ပန်တိုင် ရေတိုပန်းတိုင် ထားထားပါ။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း လက်တွေ့လုပ်ပါ။ ဝိတ်တော့ကျချင်ပါတယ်။ အစားလည်းမလျှော့နိုင်ဘူး။ လေ့ကျင့်ခန်းလည်းမလုပ်နိုင်ဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ No Pain, No Gain ပါပဲရှင်။