[Zawgyi]

မိန္းကေလးတစ္ေယာက္အတြက္ ဆံပင္ရဲ႕အလွကလည္း ေတာ္ေတာ္ေလးကိုအေရးပါပါတယ္။ လွပၿပီးအရမ္းကိုသန္စြမ္းေနတဲ့ ဆံသားေတြကိုပိုင္ဆိုင္ထားရတဲ့ မိန္းကေလးကေတာ့ ကံေကာင္းတယ္လို႔ေတာင္ ဆိုလို႔ရပါတယ္။ ဆံသားေလးေတြက ထူထူထဲထဲေလးနဲ႔ဆိုရင္ ပိုလွတာေတာ့အမွန္ပါပဲ။ ဒါေၾကာင့္ ထူထဲတဲ့ဆံသားေတြကို ပိုင္ဆိုင္ရဖို႔ဘာေတြကို လုပ္ေဆာင္သင့္သလဲ။

ေခါင္းေလွ်ာ္ရည္ေရြးခ်ယ္မႈ

Photo Source : Hair care

ေခါင္းေလွ်ာ္ရည္ေရြးခ်ယ္တာကလည္း သင့္ဆံသားေလးေတြထူေနဖို႔အတြက္ အမ်ားႀကီးအေထာက္အကူျပဳတယ္ေနာ္။ ဆံသားထူခ်င္တဲ့သူေတြကေတာ့ ေခါင္းေလွ်ာ္ရည္ဝယ္ၿပီဆိုရင္ ဆံပင္ေတြကိုထူလာေစမယ့္ ေခါင္းေလွ်ာ္ရည္မ်ိဳးကို ေရြးၿပီးဝယ္ယူတာအေကာင္းဆံုးပါ။

လႈိင္းတြန္႔ပံုစံ

Photo Source : Easy Wedding 2017

လိႈင္းတြန္႔ေတြလိုဆံပင္ပံုစံမ်ိဳးထားတာကလည္း သင့္ဆံပင္ကိုထူတယ္လို႔ထင္ရေစၿပီး ဆြဲေဆာင္မႈရွိတဲ့ဆံပင္ပံုစံမ်ိဳးကို ပိုင္ဆိုင္ရေစမွာအမွန္ပါပဲ။ တစ္ခုသတိထားရမွာက ဆံပင္ေတြကိုအပူေတြနဲ႔လုပ္ေတာ့မယ္ဆိုရင္ ဆံသားမပ်က္စီးေအာင္ Spray ေလးနဲ႔အရင္ျဖန္းေပးသင့္တယ္ေနာ္။

ဆံပင္ခြဲေၾကာင္းေျပာင္းၾကည့္ပါ

Photo Source : Once Wed

သင့္ရဲ႕ယခုဆံသားခြဲေၾကာင္းကို ေျပာင္းဖို႔စမ္းၾကည့္လိုက္ပါ။ အရင္ကအလယ္ခြဲတဲ့ ဆံပင္ပံုစံမ်ိဳးဆိုရင္ ေဘးဘက္ကုိျပန္ခြဲၾကည့္လိုက္သင့္ပါတယ္။ ဒီလိုဆိုရင္ အသားက်ေနတဲ့ဆံသားခြဲေၾကာင္းကို ေျပာင္းလဲလိုက္တာဆိုေတာ့ ဆံပင္ကိုထူတယ္လို႔ထင္ရေစပါတယ္။

ရွားေစာင္းလက္ပတ္နဲ႔ သံလြင္ဆီ

Photo Source : Body Building

တစ္ပတ္ကိုတစ္ႀကိမ္ေလာက္ ပံုမွန္ျပဳလုပ္ေပးမယ္ဆိုရင္ ဆံသားေတြကို သိသိသာသာထူလာေစမယ့္နည္းလမ္းကိုလည္း ေဖာ္ျပေပးခ်င္ပါတယ္။ ရွားေစာင္းလက္ပတ္ကို သံလြင္ဆီနဲ႔ေရာၿပီး ေခါင္းေလွ်ာ္ခါနီးအခ်ိန္မွာ ဆံသားအႏွံ႔လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားထားေပးလိုက္ပါ။ အခ်ိန္ျပည့္သြားမွ ေရနဲ႔ေသခ်ာေဆးေပးလိုက္ရံုပါပဲ။ တစ္လေလာက္ေသခ်ာလုပ္ေပးလိုက္မယ္ဆိုရင္ေတာ့ ထူထူေလးနဲ႔လွတဲ့ဆံသားေတြကို ပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္။

ဆံသားလွပျခင္းက မိန္းကေလးတိုင္းလိုအပ္ေနတဲ့ အရာမ်ိဳးျဖစ္တဲ့အျပင္ ေတြ႔တဲ့သူတိုင္းက ေငးေမာရတဲ့အျဖစ္မ်ိဳးကို ႀကံဳရမွာျဖစ္တဲ့အတြက္ေၾကာင့္ အေပၚမွာေဖာ္ျပခဲ့တဲ့နည္းလမ္းေလးေတြကို ေသခ်ာလိုက္လုပ္ၾကည့္ဖို႔ေတာ့လိုမယ္ေနာ္။

[Unicode]

မိန်းကလေးတစ်ယောက်အတွက် ဆံပင်ရဲ့အလှကလည်း တော်တော်လေးကိုအရေးပါပါတယ်။ လှပပြီးအရမ်းကိုသန်စွမ်းနေတဲ့ ဆံသားတွေကိုပိုင်ဆိုင်ထားရတဲ့ မိန်းကလေးကတော့ ကံကောင်းတယ်လို့တောင် ဆိုလို့ရပါတယ်။ ဆံသားလေးတွေက ထူထူထဲထဲလေးနဲ့ဆိုရင် ပိုလှတာတော့အမှန်ပါပဲ။ ဒါကြောင့် ထူထဲတဲ့ဆံသားတွေကို ပိုင်ဆိုင်ရဖို့ဘာတွေကို လုပ်ဆောင်သင့်သလဲ။

ခေါင်းလျှော်ရည်ရွေးချယ်မှု

Photo Source : Hair care

ခေါင်းလျှော်ရည်ရွေးချယ်တာကလည်း သင့်ဆံသားလေးတွေထူနေဖို့အတွက် အများကြီးအထောက်အကူပြုတယ်နော်။ ဆံသားထူချင်တဲ့သူတွေကတော့ ခေါင်းလျှော်ရည်ဝယ်ပြီဆိုရင် ဆံပင်တွေကိုထူလာစေမယ့် ခေါင်းလျှော်ရည်မျိုးကို ရွေးပြီးဝယ်ယူတာအကောင်းဆုံးပါ။

လှိုင်းတွန့်ပုံစံ

Photo Source : Easy Wedding 2017

လှိုင်းတွန့်တွေလိုဆံပင်ပုံစံမျိုးထားတာကလည်း သင့်ဆံပင်ကိုထူတယ်လို့ထင်ရစေပြီး ဆွဲဆောင်မှုရှိတဲ့ဆံပင်ပုံစံမျိုးကို ပိုင်ဆိုင်ရစေမှာအမှန်ပါပဲ။ တစ်ခုသတိထားရမှာက ဆံပင်တွေကိုအပူတွေနဲ့လုပ်တော့မယ်ဆိုရင် ဆံသားမပျက်စီးအောင် Spray လေးနဲ့အရင်ဖြန်းပေးသင့်တယ်နော်။

ဆံပင်ခွဲကြောင်းပြောင်းကြည့်ပါ

Photo Source : Once Wed

သင့်ရဲ့ယခုဆံသားခွဲကြောင်းကို ပြောင်းဖို့စမ်းကြည့်လိုက်ပါ။ အရင်ကအလယ်ခွဲတဲ့ ဆံပင်ပုံစံမျိုးဆိုရင် ဘေးဘက်ကိုပြန်ခွဲကြည့်လိုက်သင့်ပါတယ်။ ဒီလိုဆိုရင် အသားကျနေတဲ့ဆံသားခွဲကြောင်းကို ပြောင်းလဲလိုက်တာဆိုတော့ ဆံပင်ကိုထူတယ်လို့ထင်ရစေပါတယ်။

ရှားစောင်းလက်ပတ်နဲ့ သံလွင်ဆီ

Photo Source : Body Building

တစ်ပတ်ကိုတစ်ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ဆံသားတွေကို သိသိသာသာထူလာစေမယ့်နည်းလမ်းကိုလည်း ဖော်ပြပေးချင်ပါတယ်။ ရှားစောင်းလက်ပတ်ကို သံလွင်ဆီနဲ့ရောပြီး ခေါင်းလျှော်ခါနီးအချိန်မှာ ဆံသားအနှံ့လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားမှ ရေနဲ့သေချာဆေးပေးလိုက်ရုံပါပဲ။ တစ်လလောက်သေချာလုပ်ပေးလိုက်မယ်ဆိုရင်တော့ ထူထူလေးနဲ့လှတဲ့ဆံသားတွေကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

ဆံသားလှပခြင်းက မိန်းကလေးတိုင်းလိုအပ်နေတဲ့ အရာမျိုးဖြစ်တဲ့အပြင် တွေ့တဲ့သူတိုင်းက ငေးမောရတဲ့အဖြစ်မျိုးကို ကြုံရမှာဖြစ်တဲ့အတွက်ကြောင့် အပေါ်မှာဖော်ပြခဲ့တဲ့နည်းလမ်းလေးတွေကို သေချာလိုက်လုပ်ကြည့်ဖို့တော့လိုမယ်နော်။