ချစ်သူနှစ်ဦးကြားမှာ ပိုမိုရင့်ကျက်တည်ငြိမ်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။ တကယ်တမ်းအရေးကြီးဆုံးကတော့ စကားလုံး ၃ လုံးထဲရှိပေမယ့် လူတိုင်း လိုက်မလုပ်နိုင်ကြတဲ့ နားလည်မှုဆိုတဲ့ ကြိုးလေးနဲ့ တင်းတင်းချည်ထားလိုက်ရုံပါပဲ။

သင်တို့နှစ်ယောက် ဆက်ဆံရေး ရေရှည်တည်မြဲနေဖို့အတွက် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ သင့်ကိုသင်ပြောင်းလဲပါ သင့်ချစ်သူကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့

ချစ်သူကို ချစ်မိသွားပြီဆိုရင် သင့်ဆီမှာ အရင်ကရှိခဲ့တဲ့ အတ္တတွေ မာနတွေကို ပြောင်းလဲလိုက်ပါ။ သင့်ချစ်သူကိုတော့ ဘယ်လိုဖြစ်မှချစ်မယ်။ ဘယ်လိုအချက်လေးတွေကိုတော့ ပြင်ရမယ်ဆိုပြီး ပြောင်းလဲပစ်ချင်တာမျိုး မလုပ်ပါနဲ့။ အရှိကို အရှိအတိုင်း ချစ်တာပိုကောင်းပါတယ်

၂။ ချစ်သူနဲ့ ငြင်းခုန်လိုက်ပါ

တခါတလေ စိတ်အခန့်မသင့်တာတွေ ဖြစ်လာတဲ့အခါ သင်စိတ်ထဲ မကျေနပ်တာတွေ၊ သငို နာကျင်စေတဲ့အရာတွေကို သေချာစကားပြောပြီး ဖြေရှင်းလိုက်ပါ။ ဒေါသထွက်မယ့်အစား ကိုယ်လိုချင်တာကို ပြောယူပါ။

၃။ အမျိုးသားနဲ့ အမျိုးသမီးကြား ခြားနားချက်ကို နားလည်ပါ

ကိုယ်နဲ့သူကြားမှာရှိတဲ့ ကွဲပြားခြားနားမှုကို လက်ခံပါ။ သူလုပ်နိုင်တာကို တခါတလေ ကိုယ်မလုပ်နိုင်တာ၊ ကိုယ်လုပ်နိုင်တာကို တခါတလေ သူမလုပ်နိုင်တာလည်း ရှိမှာပါ။ အဲဒီကွဲပြားခြားနားချက်ကို လက်ခံပါ။

၎။ တစ်ယောက်ကိုယ်တစ်ယောက် စိတ်ဆိုးဒေါသထွက်နေတာဟာ အချိန်ကုန်ပါတယ်

ချစ်ရမယ့် အချိန်တွေမှာ ဘာလို့ ရန်ဖြစ်စကားနေမှာလဲ။ တစ်ယောက်ကိုယ်တစ်ယောက် စိတ်ဆိုးဒေါသထွက်တာဟာ သင်တို့နှစ်ယောက် ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေပါတယ်။

၅။ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လိုဖြစ်ဖို့ ကြိုးစားပါ

ချစ်သူနှစ်ဦးကြား တခါတလေ သမီးရည်းစားလို တခါတလေ အကောင်းဆုံး သူငယ်ချင်းလို သူမနာ ကိုယ်မနာ စကားနိုင်လုရင်း နေထိုင်ကြည့်ပါ။

၆။ သင်လိုချင်တဲ့အရာအတိုင်း သူ့ကိုပေးပါ

သင်သူ့ဆီကဘာလိုချင်တာလဲ။ သင်လိုချင်တဲ့ အရာကို သူ့ကို အရင် စပေးလိုက်ပါ။ သူ့ဆီကနားလည်မှုလိုချင်တာလား။ သင်ကအရင် စပြီး နားလည်ပေးလိုက်ပါ။ ပိုပြီးအချစ်ခံချင်တာလား။ သင်ကအရင် ပိုချစ်ပြလိုက်ပါ။