[Zawgyi]

မဂၤလာပါေနာ္။ မိတ္ကပ္လိမ္းတဲ့အခါ အရမ္းလည္း ဦးေႏွာက္စားမရာမလိုဘဲ ရိုးရွင္းတဲ့ မိတ္ကပ္လိမ္းနည္းကို သိခ်င္တဲ့သူေတြအတြက္ မွ်ေဝေပးခ်င္ပါတယ္။

အခုမွ မိတ္ကပ္စလိမ္းမွာဆိုေတာ့ အရမ္းအခက္ႀကီးေတြမဟုတ္ပါဘူးေနာ္။

၁။ အရင္ဆံုးအသားအေရထိန္းသိမ္းမႈလုပ္ပါ

အသားအေရကို ေရဓာတ္ျဖည့္တင္းေပးဖို႔လိုပါတယ္။ မ်က္ႏွာအရင္သစ္လိုက္ပါ။ ၿပီးရင္ေတာ့ တိုနာနဲ႔ တစ္ခါမ်က္ႏွာကို ထပ္ၿပီး လိမ္းေပးလိုက္ပါ။

ၿပီးသြားရင္ Moisturizer လိမ္းေပးလိုက္ပါ။ ဒီအဆင့္က အေရးႀကီးဆံုးျဖစ္ၿပီး မျဖစ္မေနလုပ္ေပးရပါမယ္ေနာ္။

ေနပူထဲသြားမယ္ဆိုရင္ Suncreen ပါတာ လိမ္းတာ ပိုေကာင္းပါတယ္။

၂။ Primer လိမ္းပါ

Primer ဆိုတာ ဘာလဲလို႔ေမးေနၾကလို႔ တခါတည္းေျဖလိုက္မယ္ေနာ္။ Primer ဆိုတာကေတာ့ မိတ္ကပ္မလိမ္းခင္ Moisturizer လိမ္းၿပီးမွ လိမ္းရတာပါ။ မိတ္ကပ္ကို ပိုၿပီးတာရွည္ခံေအာင္ရယ္ မိတ္ကပ္သား စိုစုိေလးနဲ႔ လွေနေအာင္ရယ္ လုပ္ေဆာင္ေပးပါတယ္ေနာ္။ ဆိုင္မွာေမးဝယ္လို႔ရပါတယ္။ အဆီျပန္တဲ့အသားအေရ ၊ ေပါင္းစပ္အသားအေရ ပိုင္ရွင္ေတြ နဲ႔ ေႏြရာသီမွာဆို ပိုၿပီးသင့္ေတာ္ပါတယ္။

အသားအေရက အဆီမျပန္ဘူးဆိုရင္ေတာ့ မသံုးလည္းရပါတယ္ေနာ္။

၃။ ေဖာင္ေဒးရွင္းလိမ္းပါ

ေဖာင္ေဒးရွင္းစလိမ္းပါမယ္ေနာ္။ မိမိအသားအေရနဲ႔ လိုက္ဖက္တဲ့ ေဖာင္ေဒးရွင္းကိုေရြးခ်ယ္ပါ။  မိမိအသားနဲ႔ တစ္ထပ္တည္းျဖစ္သြားတာဟာ မိမိအသားအေရနဲ႔ အသင့္ေတာ္ဆံုးပါပဲ။

၄။ Concealer သံုးပါ

တခ်ိဳ႕ကေမးၾကတယ္။ ေဖာင္ေဒးရွင္းနဲ႔ Concealer ဘယ္ဟာအရင္လိမ္းရမလဲေပါ့။ ေဖာင္ေဒးရွင္းအရင္လိမ္းၿပီးမွ လိမ္းတာ ပိုေကာင္းပါတယ္။

Concealer ကေတာ့ မ်က္ကြင္းညိဳတာ မ်က္ႏွာေပၚမွာ အမွတ္ရွိတာ အမည္းစက္ရွိတာေတြကို ဖံုးေပးပါတယ္။ Concealer အရည္ကို လိမ္းပါ။ ဒါေပမယ့္ အမ်ားႀကီးမလိမ္းပါနဲ႔ေနာ္။ ၿပီးရင္ေသခ်ာေလး Blend လုပ္ပါ။

၅။ အေပၚကေန ေပါင္ဒါ နည္းနည္းပုတ္လိုက္ပါ

ၿပီးသြားမွ အေပၚကေန ေပါင္ဒါ ထပ္လိုက္ပါ။ အဲဒီလိုလုပ္ေပးမွ သင့္အသားအေရကပိုၿပီး အဆင္ေျပမွာျဖစ္သလို ပိုလွေစမွာျဖစ္ပါတယ္။

ဒီအဆင့္မွာတင္ၿပီးသြားတာနဲ႔ မ်က္ခံုးေမြးစဆြဲလို႔ရပါတယ္။ မဟုတ္ရင္လည္း တျခား Highlight နဲ႔ Bronzer သံုးတာမ်ိဳးလုပ္ႏိုင္ပါတယ္။

၆။ မ်က္ႏွာခ်မယ္

အခုပံုမွာျပထားသလို အညိဳက ဘယ္ေနရာသံုးရမယ္ အျဖဴ Highlighter ကဘယ္မွာသံုးရမယ္ဆိုတာကို ေသခ်ာေလးဂရုစိုက္ပါေနာ္။ ပါးရိုးေလးလည္းေပၚၿပီး သင္ကို ပိုၿပီးလွသြားေစမွာျဖစ္ပါတယ္။

ဒီအဆင့္ကို မ်က္ႏွာမခ်ခ်င္သူေတြ ေက်ာ္လုိက္လည္းရပါတယ္။

၇။ မ်က္ခံုးေမႊးစဆြဲပါ

မ်က္ခံုးေမႊးဆြဲမယ္ဆိုရင္ ေသခ်ာေလး သဘာဝအတိုင္း ဆြဲေပးပါ။ မ်က္ခံုးေမႊးကို ေသခ်ာပံုေဖာ္ထားရင္ ပိုၿပီးအဆင္ေျပပါတယ္ေနာ္။ မဟုတ္ရင္ေတာ့ မ်က္ခံုးေမႊးကသပ္သပ္ မ်က္ခံုးေမႊးဆိုးထားတာကို သပ္သပ္ျဖစ္ေစမွာပါ။

၈။ မ်က္လံုးကိုျခယ္မယ္

အခုမွ စလိမ္းတယ္ဆိုရင္ေတာ့ သိပ္ၿပီး Eyeshadow ေတြတင္မေနပါနဲ႔။ Liner ဆိုးလိုက္ရင္ပဲ အဆင္ေျပေနပါၿပီေနာ္။

၉။ ပါးနီထည့္မယ္

ပါးနီ ပါးမို႔မို႔ေလးမွာ ထည့္ေပးပါ။ အခုဒီမွာျပထားတာကေတာ့ ပါးနီ လိမ္းလို႔ရတဲ့ ေနရာေတြျဖစ္ပါတယ္။ တခ်ိဳ႕ကေတာ့ ပါးမို႔မို႔ေလးမွာပဲ လိမ္းၾကပါတယ္။ ပါးနီလိမ္းရင္ အရမ္းမရဲေစဘဲ ေအာက္ကေန အေပၚဖက္ နားထင္ဖက္ကို ဆြဲေပးလိုက္ပါ။

၁၀။ ႏႈတ္ခမ္းနီဆိုးမယ္

မိမိႏွစ္သက္တဲ့ ႏႈတ္ခမ္းနီအေရာင္ကိုဆိုးလိုက္ပါ။

ကဲရပါၿပီေနာ္။

[Unicode]

မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ အရမ်းလည်း ဦးနှောက်စားမရာမလိုဘဲ ရိုးရှင်းတဲ့ မိတ်ကပ်လိမ်းနည်းကို သိချင်တဲ့သူတွေအတွက် မျှဝေပေးချင်ပါတယ်။

အခုမှ မိတ်ကပ်စလိမ်းမှာဆိုတော့ အရမ်းအခက်ကြီးတွေမဟုတ်ပါဘူးနော်။

၁။ အရင်ဆုံးအသားအရေထိန်းသိမ်းမှုလုပ်ပါ

အသားအရေကို ရေဓာတ်ဖြည့်တင်းပေးဖို့လိုပါတယ်။ မျက်နှာအရင်သစ်လိုက်ပါ။ ပြီးရင်တော့ တိုနာနဲ့ တစ်ခါမျက်နှာကို ထပ်ပြီး လိမ်းပေးလိုက်ပါ။

ပြီးသွားရင် Moisturizer လိမ်းပေးလိုက်ပါ။ ဒီအဆင့်က အရေးကြီးဆုံးဖြစ်ပြီး မဖြစ်မနေလုပ်ပေးရပါမယ်နော်။

နေပူထဲသွားမယ်ဆိုရင် Suncreen ပါတာ လိမ်းတာ ပိုကောင်းပါတယ်။

၂။ Primer လိမ်းပါ

Primer ဆိုတာ ဘာလဲလို့မေးနေကြလို့ တခါတည်းဖြေလိုက်မယ်နော်။ Primer ဆိုတာကတော့ မိတ်ကပ်မလိမ်းခင် Moisturizer လိမ်းပြီးမှ လိမ်းရတာပါ။ မိတ်ကပ်ကို ပိုပြီးတာရှည်ခံအောင်ရယ် မိတ်ကပ်သား စိုစိုလေးနဲ့ လှနေအောင်ရယ် လုပ်ဆောင်ပေးပါတယ်နော်။ ဆိုင်မှာမေးဝယ်လို့ရပါတယ်။ အဆီပြန်တဲ့အသားအရေ ၊ ပေါင်းစပ်အသားအရေ ပိုင်ရှင်တွေ နဲ့ နွေရာသီမှာဆို ပိုပြီးသင့်တော်ပါတယ်။

အသားအရေက အဆီမပြန်ဘူးဆိုရင်တော့ မသုံးလည်းရပါတယ်နော်။

၃။ ဖောင်ဒေးရှင်းလိမ်းပါ

ဖောင်ဒေးရှင်းစလိမ်းပါမယ်နော်။ မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းကိုရွေးချယ်ပါ။  မိမိအသားနဲ့ တစ်ထပ်တည်းဖြစ်သွားတာဟာ မိမိအသားအရေနဲ့ အသင့်တော်ဆုံးပါပဲ။

၄။ Concealer သုံးပါ

တချို့ကမေးကြတယ်။ ဖောင်ဒေးရှင်းနဲ့ Concealer ဘယ်ဟာအရင်လိမ်းရမလဲပေါ့။ ဖောင်ဒေးရှင်းအရင်လိမ်းပြီးမှ လိမ်းတာ ပိုကောင်းပါတယ်။

Concealer ကတော့ မျက်ကွင်းညိုတာ မျက်နှာပေါ်မှာ အမှတ်ရှိတာ အမည်းစက်ရှိတာတွေကို ဖုံးပေးပါတယ်။ Concealer အရည်ကို လိမ်းပါ။ ဒါပေမယ့် အများကြီးမလိမ်းပါနဲ့နော်။ ပြီးရင်သေချာလေး Blend လုပ်ပါ။

၅။ အပေါ်ကနေ ပေါင်ဒါ နည်းနည်းပုတ်လိုက်ပါ

ပြီးသွားမှ အပေါ်ကနေ ပေါင်ဒါ ထပ်လိုက်ပါ။ အဲဒီလိုလုပ်ပေးမှ သင့်အသားအရေကပိုပြီး အဆင်ပြေမှာဖြစ်သလို ပိုလှစေမှာဖြစ်ပါတယ်။

ဒီအဆင့်မှာတင်ပြီးသွားတာနဲ့ မျက်ခုံးမွေးစဆွဲလို့ရပါတယ်။ မဟုတ်ရင်လည်း တခြား Highlight နဲ့ Bronzer သုံးတာမျိုးလုပ်နိုင်ပါတယ်။

၆။ မျက်နှာချမယ်

အခုပုံမှာပြထားသလို အညိုက ဘယ်နေရာသုံးရမယ် အဖြူ Highlighter ကဘယ်မှာသုံးရမယ်ဆိုတာကို သေချာလေးဂရုစိုက်ပါနော်။ ပါးရိုးလေးလည်းပေါ်ပြီး သင်ကို ပိုပြီးလှသွားစေမှာဖြစ်ပါတယ်။

ဒီအဆင့်ကို မျက်နှာမချချင်သူတွေ ကျော်လိုက်လည်းရပါတယ်။

၇။ မျက်ခုံးမွှေးစဆွဲပါ

မျက်ခုံးမွှေးဆွဲမယ်ဆိုရင် သေချာလေး သဘာဝအတိုင်း ဆွဲပေးပါ။ မျက်ခုံးမွှေးကို သေချာပုံဖော်ထားရင် ပိုပြီးအဆင်ပြေပါတယ်နော်။ မဟုတ်ရင်တော့ မျက်ခုံးမွှေးကသပ်သပ် မျက်ခုံးမွှေးဆိုးထားတာကို သပ်သပ်ဖြစ်စေမှာပါ။

၈။ မျက်လုံးကိုခြယ်မယ်

အခုမှ စလိမ်းတယ်ဆိုရင်တော့ သိပ်ပြီး Eyeshadow တွေတင်မနေပါနဲ့။ Liner ဆိုးလိုက်ရင်ပဲ အဆင်ပြေနေပါပြီနော်။

၉။ ပါးနီထည့်မယ်

ပါးနီ ပါးမို့မို့လေးမှာ ထည့်ပေးပါ။ အခုဒီမှာပြထားတာကတော့ ပါးနီ လိမ်းလို့ရတဲ့ နေရာတွေဖြစ်ပါတယ်။ တချို့ကတော့ ပါးမို့မို့လေးမှာပဲ လိမ်းကြပါတယ်။ ပါးနီလိမ်းရင် အရမ်းမရဲစေဘဲ အောက်ကနေ အပေါ်ဖက် နားထင်ဖက်ကို ဆွဲပေးလိုက်ပါ။

၁၀။ နှုတ်ခမ်းနီဆိုးမယ်

မိမိနှစ်သက်တဲ့ နှုတ်ခမ်းနီအရောင်ကိုဆိုးလိုက်ပါ။

ကဲရပါပြီနော်။