ကမ္ဘာပေါ်မှာ လူပေါင်း ဘီလီယံနဲ့ ချီပြီးရှိတဲ့ထဲက ကိုယ်ချစ်တဲ့သူနဲ့ ဆုံစည်းခွင့်ရတာဟာ သိပ်ကို ပျော်ရွှင်စိတ်ချမ်းသာစရာကောင်းပါတယ်။ ချစ်တဲ့သူကလည်း ကိုယ့်ကို ပြန်ချစ်ရင်တော့ အတိုင်းထက်အလွန်ပေါ့။

အချစ်လို့ ထင်ရပေမယ့် တခါတလေ အချစ်မဟုတ်တာတွေရှိနေတတ်သလို၊ ကိုယ်တကယ် မချစ်ဘူးလို့ ထင်ထားပေမယ့်လည်း နှစ်နှစ်ကာကာ ချစ်မိတာတွေ ရှိတတ်ပါတယ်။

အချစ်စစ်ကိုလည်း တွေ့ထားပြီးပြီ သင်တို့နှစ်ယောက်ဟာလည်း ချစ်သူတွေဖြစ်နေပြီဆိုရင် အဲဒီအချစ်ရေးကို သင့်ရဲ့ အခုဖော်ပြပါ အပြုအမူတွေနဲ့ မဖျက်ဆီးသင့်ပါဘူး။

ခေတ်ပေါ် နည်းပညာပစ္စည်းတွေအပေါ် စွဲလန်းခြင်း

ချစ်သူနှစ်ဦး Date လုပ်ပါတယ်ဆို ဖုန်းသုံးလိုက် အင်တာနက်သုံးလိုက် လုပ်နေတာတွေဟာ သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကို ထိခိုက်စေနိုင်ပါတယ်။

သူ့ကို ဘယ်တော့မှ ဦးစားမပေးဘူး

သင့်မှာ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ကော အလုပ်ကိစ္စနဲ့ရော အလုပ်တွေရှုပ်နေမှာ သေချာပေမယ့် ချစ်သူကိုလည်း အချိန်ပေးသင့်ပါတယ်။ ဘယ်အရာက ဦးစားပေးလုပ်ရမယ်။ ဘယ်အချိန်မှာ ပြီးအောင်လုပ်မယ်ဆိုတဲ့ အချိန်ဇယားနဲ့ အကန့်အသတ် လုပ်ဆောင်သင့်ပါတယ်။ သင်ချစ်တဲ့သူနဲ့ အနည်းဆုံး ၂ ပတ် တစ်ကြိမ်လောက် Date လုပ်တာ၊ ၂ နှစ်တစ်ခါလောက်အနည်းဆုံး ခရီးသွားတာမျိုး လုပ်သင့်ပါတယ်။

သူ့ကို အကောင်းမပြောဘူး

ချစ်သူကို ဖြစ်စေချင်တာများပြီး ခဏခဏ အလိုမကျမှုတွေနဲ့ အပြစ်တင်နေမိပြီးလား။ အဲဒီအရာဟာ သင်တို့နှစ်ယောက်အတွက် ဘာအကျိုးရှိလာမှာလဲဆိုတာ သေချာစဉ်းစားပါ။ ချစ်သူကို ချီးကျူးလိုက်ပါ။ ရိုးရိုးလေးပါပဲ။ ကိုယ့်ချစ်သူဖြစ်ပေးလို့ ကျေးဇူးတင်တဲ့အကြောင်း၊ လောကကြီးမှာ မွေးဖွားလာပေးလို့ ကျေးဇူးတင်တဲ့အကြောင်းလေးတွေ ပြောလိုက်ပါ။

သာမန်ကာ လျှံကာပဲ စကားပြောတယ်

ချစ်သူနှစ်ဦး စကားပြောတဲ့အခါတစ်ဦးကိုယ်တစ်ဦး အပြန်အလှန်လေးစားမှု၊ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုတွေ ရှိရပါမယ်။ ခံစားချက်တွေ မျှဝေတာ၊ တစ်နေ့တာလုံးမှာ ကိုယ်ဘာတွေလုပ်တယ်ဆိုတာ ပြောပြတာ၊ တစ်ယောက်ရဲ့ စိတ်ဝင်စားတဲ့အရာတွေကို တစ်ယောက်အတူတူမျှဝေတာ၊ တစ်ယောက်ပြောစကား တစ်ယောက် နာေးထာင်တာမျိုးပေါ့။

သေးသေးမွှားမွှား ကိစ္စတွေကို ဒေါသထွက်ခြင်း

ဘာမဟုတ်တဲ့ သေးသေးမွှားမွှားကိစ္စလေးတွေကို ဥပေက္ခာပြုလိုက်ပါ။ တစ်ဦးနဲ့တစ်ဦး အလိုက်သင့်လေး လုပ်ဆောင်ပေးသွားမယ်။ တစ်ဦးကအရမ်းချစ်တာက တစ်ဦးက အခွင့်အရေးမယူဘဲ ကိုယ့်တာဝန်ကိုယ်သိပြီး ဆက်ဆံသွားမယ်ဆို အဆင်ပြေသွားမှာပါ။

ဘယ်တော့မှ ညှိညှိနှိုင်းနှိုင်းမလုပ်ဘူး

ချစ်သူနှစ်ဦး သဘောထားမတိုက်ဆိုင်တဲ့အခါ ညှိနှိုင်းဖြေရှင်းတာမျိုး မလုပ်တာဟာ သင်တို့နှစ်ယော်က ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ စကားပြောဆို ညှိနှိုင်းတာဟာ ပိုပြီး ကောင်းမွန်ပါတယ်။

သူ့ကို မယုံဘူး

သင့်အပြုအမူတွေက သင်တို့နှစ်ယောက်အချစ်ရေးကို ဖျက်ဆီးမိနေပြီလား

ချစ်သူတွေ ဖြစ်နေပြီပဲရှင်။ မယုံရင် ဘာလို့ ချစ်နေကြသေးလဲ။ ခဏခဏ ချစ်သူကို လှမ်းလှမ်းကြပ်တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်ကိုမယုံတဲ့သူတစ်ယောက်နဲ့ ဘယ်လိုလုပ် ရှေ့ဆက်လက်တွဲလို့ရနိုင်မှာလဲ။ စာရေးသူအကောင်းဆုံးအကြံပေးချင်တာကတော့ ချစ်သူကို သံသယမဖြစ်ပါနဲ့။ ယုံလိုက်ပါ။ သူသစ္စာဖောက်တာ သေချာတဲ့အခါ လမ်းခွဲလိုက်ရုံပါပဲ။