ခ်စ္သူစံုတြဲတိုင္းက စကၠန္႔မလပ္ တစ္ေယာက္ကို တစ္ေယာက္ အၿမဲတမ္း ဂ႐ုစိုက္ေပးႏိုင္တာေတာ့ မဟုတ္ေပမယ့္လို႔ ကိုယ္ အလုပ္မ႐ႈပ္တဲ့ေန႔ေလး၊ သူ ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္၊ အားငယ္ဝမ္းနည္းေနတဲ့ အခ်ိန္ေလးေတြမွာေတာ့ ပံုမွန္ထက္ပိုၿပီး ဂ႐ုစိုက္ေပးၾကပါတယ္။

သာယာၾကည္ႏူးဖြယ္ေကာင္းတဲ့ အခ်စ္ေရးကလည္း တစ္ဦးတစ္ေယာက္တည္းနဲ႔ ဖန္တီးယူလို႔ရတာမဟုတ္ပါဘူး။ ႏွစ္ဦးႏွစ္ဖက္က အေပးအယူမွ်ေနမွ အဆင္ေျပမွာကိုး။

ဒီတစ္ခါမွာေတာ့ ကိုယ့္ခ်စ္သူက ကိုယ္နဲ႔ လက္တြဲျဖဳတ္ခ်င္ရင္ ျပဳမူေလ့႐ွိတဲ့ အျပဳအမူတစ္ခ်ိဳ႕ကို စာဖတ္သူေတြအတြက္ ေဝမွ်ေပးလိုက္ပါတယ္။

သင့္ျပႆနာမ်ားကို ဂ႐ုမစိုက္ေတာ့ျခင္း

ကိုယ္ စိတ္ညစ္ရတဲ့အေၾကာင္းအရာေလးေတြကို သူ႔ကို ရင္ဖြင့္ေျပာျပလိုက္လို႔ သူက ဂ႐ုမစိုက္တဲ့ပံုျပေနရင္ေတာ့ ဒါကေကာင္းတဲ့ လကၡဏာတစ္ခုေတာ့ မဟုတ္ပါဘူး။ သင့္ကို တကယ္ခ်စ္တဲ့သူက သင့္ျပႆနာေတြကို မေျဖ႐ွင္းေပးႏိုင္ရင္ေတာင္မွ သင္စိတ္ေပါ့သြားေအာင္လို႔ ရင္ဖြင့္တဲ့ အေၾကာင္းအရာေလးေတြကို ဂ႐ုတစိုက္နားေထာင္ေပးေလ့႐ွိပါတယ္။

လံုဝ မယံုၾကည္ျခင္း

ကိုယ့္ခ်စ္သူကို သံသယမ်က္လံုးနဲ႔ တစ္ခ်ိန္လံုး ေစာင့္ၾကည့္ေနျခင္းက  မိမိကိုယ္ကို ယံုၾကည္မႈနည္းရာလည္း က်ပါတယ္။

ခ်ိန္းလိုက္တိုင္း အၿမဲတမ္းေနာက္က်ျခင္း (သို႔) ခ်ိန္းထားတာကို ဖ်က္လိုက္ျခင္း

တစ္ခါတရံမွာ အေရးႀကီးကိစၥေတြက ျဗဳန္းစားႀကီးေပၚလာတတ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီလို ခဏခဏျဖစ္ေနၿပီလား။ ကိုယ့္ခ်စ္သူနဲ႔ ခ်ိန္းထားတာကို အလုပ္ေၾကာင့္ မလာႏိုင္တာတို႔၊ အၿမဲတမ္းေနာက္က်မွ ေရာက္လာတာတို႔ တစ္ခါ၊ ႏွစ္ခါက ကိစၥမ႐ွိေပမယ့္ အၿမဲတမ္းျဖစ္လာၿပီဆိုရင္ေတာ့ သတိထားဖို႔ လိုပါၿပီ။

ၾကင္နာယုယခ်င္စိတ္ မ႐ွိေတာ့ျခင္း

ကိုယ္ခ်စ္တဲ့ လူကို ေပြ႔ဖက္မယ္၊ လက္ကေလးကိုင္ထားမယ္၊ လူလစ္တုန္းေလး ခိုးနမ္းမယ္ စသျဖင့္ ၾကင္နာယုယတာက ေႏြးေထြးမႈ၊ ေပ်ာ္႐ႊင္မႈကို ေပးစြမ္းပါတယ္။ တကယ္လို႔ သင့္ခ်စ္သူက သင့္အေပၚ အရင္လို ၾကင္နာယုယမႈမေပးေတာ့ဘူးဆိုရင္ေတာ့ ဒါက စိုးရိမ္စရာပါပဲ။

သင့္အတြက္ ထည့္မတြက္ေတာ့ျခင္း

ကိုယ့္ခ်စ္သူရဲ႕ လိုအပ္ဆႏၵေတြ ထည့္မတြက္ေတာ့ဘဲ သူ အဆင္ေျပရင္ၿပီးေရာ သင္အဆင္ေျပ ေျပ မေျပေျပ ထည့္မတြက္ေတာ့တာကလည္း သင္နဲ႔ လက္မတြဲခ်င္ေတာ့တဲ့ အေနအထားတစ္ခုပါပဲ။

အတူတူ အခ်ိန္ကုန္ဆံုးခ်င္စိတ္ မ႐ွိေတာ့ျခင္း

ခ်စ္သူရည္းစားရယ္လို႔ ျဖစ္လာၿပီဆိုေပမယ့္ သင့္တစ္ေယာက္တည္းနဲ႔ပဲ အခ်ိန္ကုန္ရမယ္လို႔ေတာ့ မဟုတ္ပါဘူး။ သူလည္း သူ႔ကိုယ္ပိုင္ဘဝဆိုတာလည္း ႐ွိေသးတယ္ေလ။ သူ႔သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္တာတို႔၊ သူ ဝါသနာပါတဲ့ အရာေတြကို ျပဳလုပ္တာတို႔က ပံုမွန္ပါပဲ။ ဒါေပမဲ့ သူ႔သူငယ္ခ်င္းေတြ၊ သူ ဝါသနာပါတာေတြအတြက္ အခ်ိန္ေပးၿပီး သင့္အတြက္ အခ်ိန္နည္းနည္းေလးမွ မေပးတာ၊ သင္နဲ႔ ခ်ိန္းေတြ႔ဖို႔ ျငင္းဆန္ေနၿပီဆိုရင္ေတာ့ သင္တို႔ ႏွစ္ဦးသားရဲ႕ အခ်စ္ေရးကို ေသခ်ာစဥ္းစားဖို႔ လိုအပ္ေနပါၿပီ။

စာဖတ္သူတို႔ အားလံုးလည္း သာယာၾကည္ႏူးဖြယ္ေကာင္းတဲ့ အခ်စ္ေရးေလး ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Source: Brightside.me

[Unicode]

ချစ်သူစုံတွဲတိုင်းက စက္ကန့်မလပ် တစ်ယောက်ကို တစ်ယောက် အမြဲတမ်း ဂရုစိုက်ပေးနိုင်တာတော့ မဟုတ်ပေမယ့်လို့ ကိုယ် အလုပ်မရှုပ်တဲ့နေ့လေး၊ သူ နေမကောင်းဖြစ်နေတဲ့အချိန်၊ အားငယ်ဝမ်းနည်းနေတဲ့ အချိန်လေးတွေမှာတော့ ပုံမှန်ထက်ပိုပြီး ဂရုစိုက်ပေးကြပါတယ်။

သာယာကြည်နူးဖွယ်ကောင်းတဲ့ အချစ်ရေးကလည်း တစ်ဦးတစ်ယောက်တည်းနဲ့ ဖန်တီးယူလို့ရတာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက်က အပေးအယူမျှနေမှ အဆင်ပြေမှာကိုး။

ဒီတစ်ခါမှာတော့ ကိုယ့်ချစ်သူက ကိုယ်နဲ့ လက်တွဲဖြုတ်ချင်ရင် ပြုမူလေ့ရှိတဲ့ အပြုအမူတစ်ချို့ကို စာဖတ်သူတွေအတွက် ဝေမျှပေးလိုက်ပါတယ်။

သင့်ပြဿနာများကို ဂရုမစိုက်တော့ခြင်း

ကိုယ် စိတ်ညစ်ရတဲ့အကြောင်းအရာလေးတွေကို သူ့ကို ရင်ဖွင့်ပြောပြလိုက်လို့ သူက ဂရုမစိုက်တဲ့ပုံပြနေရင်တော့ ဒါကကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူက သင့်ပြဿနာတွေကို မဖြေရှင်းပေးနိုင်ရင်တောင်မှ သင်စိတ်ပေါ့သွားအောင်လို့ ရင်ဖွင့်တဲ့ အကြောင်းအရာလေးတွေကို ဂရုတစိုက်နားထောင်ပေးလေ့ရှိပါတယ်။

လုံဝ မယုံကြည်ခြင်း

ကိုယ့်ချစ်သူကို သံသယမျက်လုံးနဲ့ တစ်ချိန်လုံး စောင့်ကြည့်နေခြင်းက  မိမိကိုယ်ကို ယုံကြည်မှုနည်းရာလည်း ကျပါတယ်။

ချိန်းလိုက်တိုင်း အမြဲတမ်းနောက်ကျခြင်း (သို့) ချိန်းထားတာကို ဖျက်လိုက်ခြင်း

တစ်ခါတရံမှာ အရေးကြီးကိစ္စတွေက ဗြုန်းစားကြီးပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ခဏခဏဖြစ်နေပြီလား။ ကိုယ့်ချစ်သူနဲ့ ချိန်းထားတာကို အလုပ်ကြောင့် မလာနိုင်တာတို့၊ အမြဲတမ်းနောက်ကျမှ ရောက်လာတာတို့ တစ်ခါ၊ နှစ်ခါက ကိစ္စမရှိပေမယ့် အမြဲတမ်းဖြစ်လာပြီဆိုရင်တော့ သတိထားဖို့ လိုပါပြီ။

ကြင်နာယုယချင်စိတ် မရှိတော့ခြင်း

ကိုယ်ချစ်တဲ့ လူကို ပွေ့ဖက်မယ်၊ လက်ကလေးကိုင်ထားမယ်၊ လူလစ်တုန်းလေး ခိုးနမ်းမယ် စသဖြင့် ကြင်နာယုယတာက နွေးထွေးမှု၊ ပျော်ရွှင်မှုကို ပေးစွမ်းပါတယ်။ တကယ်လို့ သင့်ချစ်သူက သင့်အပေါ် အရင်လို ကြင်နာယုယမှုမပေးတော့ဘူးဆိုရင်တော့ ဒါက စိုးရိမ်စရာပါပဲ။

သင့်အတွက် ထည့်မတွက်တော့ခြင်း

ကိုယ့်ချစ်သူရဲ့ လိုအပ်ဆန္ဒတွေ ထည့်မတွက်တော့ဘဲ သူ အဆင်ပြေရင်ပြီးရော သင်အဆင်ပြေ ပြေ မပြေပြေ ထည့်မတွက်တော့တာကလည်း သင်နဲ့ လက်မတွဲချင်တော့တဲ့ အနေအထားတစ်ခုပါပဲ။

အတူတူ အချိန်ကုန်ဆုံးချင်စိတ် မရှိတော့ခြင်း

ချစ်သူရည်းစားရယ်လို့ ဖြစ်လာပြီဆိုပေမယ့် သင့်တစ်ယောက်တည်းနဲ့ပဲ အချိန်ကုန်ရမယ်လို့တော့ မဟုတ်ပါဘူး။ သူလည်း သူ့ကိုယ်ပိုင်ဘဝဆိုတာလည်း ရှိသေးတယ်လေ။ သူ့သူငယ်ချင်းတွေနဲ့ လျှောက်လည်တာတို့၊ သူ ဝါသနာပါတဲ့ အရာတွေကို ပြုလုပ်တာတို့က ပုံမှန်ပါပဲ။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေ၊ သူ ဝါသနာပါတာတွေအတွက် အချိန်ပေးပြီး သင့်အတွက် အချိန်နည်းနည်းလေးမှ မပေးတာ၊ သင်နဲ့ ချိန်းတွေ့ဖို့ ငြင်းဆန်နေပြီဆိုရင်တော့ သင်တို့ နှစ်ဦးသားရဲ့ အချစ်ရေးကို သေချာစဉ်းစားဖို့ လိုအပ်နေပါပြီ။

စာဖတ်သူတို့ အားလုံးလည်း သာယာကြည်နူးဖွယ်ကောင်းတဲ့ အချစ်ရေးလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: Brightside.me