(Zawgyi)

စိတ္ဖိစီးမႈေတြရွိေနတယ္ဆိုတာက မေကာင္းတဲ့အရာတစ္ခုပါပဲ။ က်န္းမာေရးကိုလည္း ထိခိုက္လာေစႏိုင္သလို အလွအပကိုလည္း ထိခိုက္ေစပါတယ္။ ေတာ္ေတာ္မ်ားမ်ားက စိတ္ဖိစီးမႈေတြမ်ားလာတဲ့အခါမွာ က်န္းမာေရးကိုပဲ ထိခိုက္ေစတယ္လို႔ သိထားၾကေပမယ့္ အလွအပကိုလည္း ထိခိုက္ေနပါတယ္။ အလွအပကို အရမ္းဂ႐ုစိုက္တတ္တဲ့ ပ်ိဳေမတို႔အတြက္ စိတ္ဖိစီးမႈေတြမ်ားလာရင္ ဘာေတြျဖစ္တတ္တယ္ဆိုတာကို ေဖာ္ျပေပးလိုက္မယ္ေနာ္။

အေရးအေၾကာင္း

Photo Source: Pexels

စိတ္ဖိစီးမႈမ်ားျခင္းက သင့္အသားအေရကို အေရးအေၾကာင္းေတြျဖစ္ေစဖို႔ အမ်ားႀကီးတိုက္တြန္းသလို ျဖစ္ေနပါတယ္။ စိုးရိမ္ပူပန္မႈေတြ၊ စိတ္ညစ္စရာေတြအရမ္းမ်ားေနတဲ့ သူေတြကေတာ့ အရြယ္မတိုင္ခင္မွာထဲက အေရးေၾကာင္းေတြျဖစ္ေနၿပီး ၾကည့္ရလည္းဆိုးေစတာေပါ႔။

ဝက္ၿခံေတြကိုုျဖစ္ေစတယ္

Photo Source: ennecloset

သင္ရဲ႕စာေမးပြဲေန႔ေတြမွာ စိတ္ဖိစီးမႈေတြမ်ားလြန္းလို႔ ဝက္ၿခံေတြျဖစ္တာကိုေတာ့ ႀကံဳဖူးၾကမွာေပါ႔။ အေၾကာင္းအရင္းကေတာ့ စိတ္ဖိစီးမႈေတြမ်ားလြန္းေနတာက သင့္အသားအေရမွာ အဆီျပန္တာေတြကိုျဖစ္ေပၚလာေစၿပီး ဝက္ၿခံေတြထြက္လာေစဖို႔ ပိုၿပီးအခြင့္အေရးမ်ားေနေတာ့တာေပါ႔။

ဆံပင္ေတြကၽြတ္မယ္

Photo Source: netdoctor

စိတ္ဖိစီးမႈေတြမ်ားလြန္းလို႔ ဆံပင္ေတြကၽြတ္တာေရာ သင္ႀကံဳေတြ႔ဖူးပါသလား။ ဆံပင္ေတြက သင့္ခႏၶာကိုယ္အတြက္ အေကာင္းဆံုးဆက္စပ္ေနတဲ့အရာတစ္ခုပါ။ တကယ္လို႔ သင့္ခႏၶာကိုယ္မွာလိုအပ္တဲ့ အာဟာရဓာတ္ေတြ မရရွိေနေတာ့ဘူးဆုိရင္ ဆံပင္ကၽြတ္တာေတြကို ျဖစ္လာေစေတာ့မွာေပါ႔။

မ်က္ကြင္းေတြညိဳလာမယ္

Photo Source: Shape Magazine

စိတ္ဖီစီးမႈေတြေၾကာင့္လည္း မ်က္ကြင္းေတြညိဳလာတတ္ပါတယ္။ စိတ္ေတြညစ္ေနရမယ္၊ စိုးရိမ္စရာေတြနဲ႔ ႀကံဳေတြ႔ေနရတဲ့အခ်ိန္မွာ ညဘက္ေတြလည္း ေကာင္းေကာင္းအိပ္မေပ်ာ္ေတာ့ပဲ မ်က္ကြင္းညိဳတာေတြကိုပါ ျဖစ္လာေစေတာ့တာေပါ႔။

ဒီအခ်က္ေတြကေတာ့ စိတ္ဖီစီးမႈနဲ႔ပတ္သက္ၿပီး ပ်က္စီးလာႏိုင္တဲ့အလွအပေရးရာေတြပဲျဖစ္ပါတယ္။ အလွအပကိုတန္ဖိုးထားတဲ့သူတိုင္း ဒီလိုမ်ိဳးေတြမျဖစ္ခ်င္ရင္ေတာ့ စိတ္ဖိစီးမႈေတြကို တတ္ႏိုင္သေလာက္ေပ်ာက္ေအာင္ေနထုိင္ဖို႔ အေရးႀကီးပါတယ္။

(Unicode)

စိတ်ဖိစီးမှုတွေရှိနေတယ်ဆိုတာက မကောင်းတဲ့အရာတစ်ခုပါပဲ။ ကျန်းမာရေးကိုလည်း ထိခိုက်လာစေနိုင်သလို အလှအပကိုလည်း ထိခိုက်စေပါတယ်။ တော်တော်များများက စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာ ကျန်းမာရေးကိုပဲ ထိခိုက်စေတယ်လို့ သိထားကြပေမယ့် အလှအပကိုလည်း ထိခိုက်နေပါတယ်။ အလှအပကို အရမ်းဂရုစိုက်တတ်တဲ့ ပျိုမေတို့အတွက် စိတ်ဖိစီးမှုတွေများလာရင် ဘာတွေဖြစ်တတ်တယ်ဆိုတာကို ဖော်ပြပေးလိုက်မယ်နော်။

အရေးအကြောင်း

Photo Source: Pexels

စိတ်ဖိစီးမှုများခြင်းက သင့်အသားအရေကို အရေးအကြောင်းတွေဖြစ်စေဖို့ အများကြီးတိုက်တွန်းသလို ဖြစ်နေပါတယ်။ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ညစ်စရာတွေအရမ်းများနေတဲ့ သူတွေကတော့ အရွယ်မတိုင်ခင်မှာထဲက အရေးကြောင်းတွေဖြစ်နေပြီး ကြည့်ရလည်းဆိုးစေတာပေါ့။

ဝက်ခြံတွေကိုဖြစ်စေတယ်

Photo Source: ennecloset

သင်ရဲ့စာမေးပွဲနေ့တွေမှာ စိတ်ဖိစီးမှုတွေများလွန်းလို့ ဝက်ခြံတွေဖြစ်တာကိုတော့ ကြုံဖူးကြမှာပေါ့။ အကြောင်းအရင်းကတော့ စိတ်ဖိစီးမှုတွေများလွန်းနေတာက သင့်အသားအရေမှာ အဆီပြန်တာတွေကိုဖြစ်ပေါ်လာစေပြီး ဝက်ခြံတွေထွက်လာစေဖို့ ပိုပြီးအခွင့်အရေးများနေတော့တာပေါ့။

ဆံပင်တွေကျွတ်မယ်

Photo Source: netdoctor

စိတ်ဖိစီးမှုတွေများလွန်းလို့ ဆံပင်တွေကျွတ်တာရော သင်ကြုံတွေ့ဖူးပါသလား။ ဆံပင်တွေက သင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးဆက်စပ်နေတဲ့အရာတစ်ခုပါ။ တကယ်လို့ သင့်ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေ မရရှိနေတော့ဘူးဆိုရင် ဆံပင်ကျွတ်တာတွေကို ဖြစ်လာစေတော့မှာပေါ့။

မျက်ကွင်းတွေညိုလာမယ်

Photo Source: Shape Magazine

စိတ်ဖီစီးမှုတွေကြောင့်လည်း မျက်ကွင်းတွေညိုလာတတ်ပါတယ်။ စိတ်တွေညစ်နေရမယ်၊ စိုးရိမ်စရာတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ ညဘက်တွေလည်း ကောင်းကောင်းအိပ်မပျော်တော့ပဲ မျက်ကွင်းညိုတာတွေကိုပါ ဖြစ်လာစေတော့တာပေါ့။

ဒီအချက်တွေကတော့ စိတ်ဖီစီးမှုနဲ့ပတ်သက်ပြီး ပျက်စီးလာနိုင်တဲ့အလှအပရေးရာတွေပဲဖြစ်ပါတယ်။ အလှအပကိုတန်ဖိုးထားတဲ့သူတိုင်း ဒီလိုမျိုးတွေမဖြစ်ချင်ရင်တော့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်ပျောက်အောင်နေထိုင်ဖို့ အရေးကြီးပါတယ်။