ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သို့ ဘုရားလည်းဖူး အပန်းလည်းဖြေ နေ့ချင်းပြန် ခရီးစဉ်အတိုလေး တစ်ခုနဲ့မိတ်ဆက်ပေးပါရစေလားခင်ဗျာ။

ကျွန်တော့်၏ပထမဝါသနာက စာသင်ရတာပေါ့။

ဒုတိယဝါသနာက Tour Guide ပေါ့ဗျာ။

တောင်ငူမြို့ကနေ နံနက် ၆နညရီမှာ စထွက်ကြပါတယ် ဖြတ်သန်း သွားခဲ့ရတဲ့ မြို့လေးတွေက အုတ်တွင်း ကျွဲပွဲ ညောင်ခြေထောက် ဖြူး ကညွတ်ကွင်းထိ တဆက်ထဲပါ။ ပဲနွယ်ကုန်းရောက်တော့ အရှေ့ဘက် ယွန်းယွန်းကို ၁၇မိုင် ၈ ဖာလုံ ကျောက်ကြီးမြို့ရှိရာ အရှေ့ဖက်သို့ လမ်းခွဲကနေ မောင်းရပါတယ်။ ဆယ်တန်းစာမေးပွဲကြီးအပြီးမို့ နွေရာသီလည်လို့ကောင်းတဲ့နေရာလေးပါ။

နံနက် ၈ခွဲမှာ မြို့ထဲကို စဝင်ပါတယ်။ ကားလည်းမရှုပ်တဲ့ မြို့ကလေးမို့သွားရတာ ပိုပြီးအဆင်ပြေစေတယ်လေ။

လမ်းတစ်လျှောက်မှာ ဘုရားဖူးကား တွေလည်း တွေ့ရပါတယ်။ ကျောက်ကြီးမြို့ရဲ့ အထူးဒေသထွက်ကုန်လေးတွေက နွေရာသီခုချိန်မှာဆိုရင် ပျားရည် ထန်း ထန်းလျက် မိုးရာသီမှာတော့ တောင်ပေါ်ဒေသလေးမို့ ဥယျာဉ်ခြံထွက်သီးနှံ လတ်လတ်ဆက်ဆက်လေးတွေဖြစ်တဲ့ မင်းကွတ်သီး ဒူးရင်းသီး ပိန္နဲသီး နဲ့ ကြက်မောက်သီးတို့ကိုလည်း စားရဦးမှာနော်။ ဆောင်းရာသီမှာတော့ တောင်နဲ့နီးလွန်းတာကြောင့် အေးချမ်းမှုဒဏ်ကို မီးလေးလှုံရင်းနဲ့ မီးပုံပွဲလေးကျင်းပရင်း နှမ်းလေးတွေဖြူးထားတဲ့ ဆန်မုန့်လခွေလေးလည်း စားရမှာနော်။ ရာသီစာ ၃ခုလုံးမှာ စားစရာလေးတွေက မြို့ရဲ့အထူးအံ့ဖွယ်လေးတွေပါပဲ။

 

KNU နယ်မြို့လေးဖြစ်ပေမယ့်လည်းခုဆိုရင် အေးချမ်းပြီးအရမ်းသာယာတာကိုမြင်တွေ့ရမှာပါ။ ကျောက်ကြီးမြို့ရဲ့ အထင်ကရပွဲတော်လည်းရှိပါသေးတယ်တဲ့နော်။ အဲ့ဒါလေးကတော့ ၁၀လပိုင်း ၉လပိုင်းဝန်းကျင်မှာ ကျင်းပတဲ့ မြန်မာ့ရိုးရာဓလေ့ လှေလှော်ပြိုင်ပွဲကြီးကိုလည်း နှစ်စဉ် ခြိမ့်ခြိမ့်သဲကျင်းပမှုတွေရှိနေခဲ့တဲ့ မြို့လေးပါနော်။

ဒါ့အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တွေ အနေနဲ့ ဗဟုသုတ ရှာမှီးရင်း ဘုရားလည်းဖူးနိုင်တဲ့ သမိုင်းဝင် ရှင်သီဝလိခြေတော်ရာတောင်တော်မြတ်လည်းရှိပါသေးတယ်နော်။

ရှင်သီဝလီခြေတော်ရာဟာ လာဘ်လာဘပွင့်လန်း တယ်လို့ အယူရှိတာကြောင့် ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်၊ ပဲခူး၊ ဖြူးနဲ့ ဒိုက်ဦးစတဲ့ မြို့တွေဟာ ဘုရားဖူးဧည့်ပရိတ်သတ်တွေဟာ အနယ်နယ်အရပ်က ဘုရားဖူး Express ကား၊ ဆိုင်ကယ်၊ ထော်လာဂျီတွေ သုံးဘီးတွေနဲ့ မိသားစုလိုက်စုဖြစ်စေ  အပေါင်းအသင်းမိတ်ဆွေတွေ စုဖွဲ့လို့ဖြစ်စေနေ့စဉ်လူသောင်းနဲ့ချီပြီးလာရောက်ဖူးမြော်ကြပါတယ်။

ပထမဆုံး မြို့ထဲကို ဝင်လာတာနဲ့ Htwe တို့ ဘုရားအရင်ဆုံးစဖူးပါတယ်။ ဘုရားပေါ်ကို ခုဆိုရင် လမ်းတွေတိုးချဲ့ထားတာကြောင့် သွားလာလို့ အရမ်းအဆင်ပြေပါတယ်။ နေ့ချင်းမပြန်ချင်သူများကိုလည်း ကျောင်းထိုင်ဆရာတော် အသျှင်ပညာဒီပ၏ ကျောင်းပေါ်မှာ ဘုရားဖူးသူတွေအဆင်ပြေစေရန် ဆရာတော်၏ မေတ္တာဖြင့် တည်းခိုဖို့နဲ့ စားဖို့ စီစဉ်ပေးပါတယ်နော်။

အဲဒီက တစ်ဆင့်ကျောက်ကြီးမြို့နဲ့(၃)မိုင်ခန့်အကွာမှာရှိတဲ့ စပ်လဲရေတံခွန်သို့ ခရီးဆက်ခဲ့ကြပါတယ်။ နောက်ပြီး (၆)မိုင်ခန့်အကွာမှာရှိတဲ့ ဒေသအခေါ် ကျောက်မဲတောင်ရေတံခွန် (ကရင်အမည်) သဲသောမူသဲသောခွား(မြန်မာအမည်) မောင်နှံရေတံခွန်တွေကိုလည်း သွားရောက်လည်ပတ်အပန်းဖြေကြပြီး ရေဆော့ကစားနိုင်ပါတယ်။

လပြည့်နေ့နဲ့အခါရက်တွေမှာ အရမ်းကိုစည်ကားတဲ့နေရာလေးပါ။ ရေမြေတောတောင်သဘာဝအလှကလည်း အမိုက်စားနော်။ ဒုတိယပြင်ဦးလွင်မြို့လေးလို့တင်စားလိုက်ချင်တယ်။ The Sign of Love ငါးကင်ဈေးလေးနဲ့ချစ်စကားပြောရအောင် လှမ်းလို့သာလာ တောင်ပေါ်ဒေသလေးပါ။

ပြိုင်ပွဲပုံစံ

စာဖတ်သူတို့ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရတစ်ခုကို မိမိကြိုက်နှစ်သက်တဲ့ ပုံစံမျိုးနဲ့ Review အကောင်းဆုံးရေးပြီး ဓာတ်ပုံများနဲ့အတူတကွ MyStyle Myanmar ရဲ့  FB Messenger ကို ပေးပို့ရမှာဖြစ်ပါတယ်။ ပုံမှန်တွေ့ဖူးနေကြ ပြိုင်ပွဲတွေနဲ့မတူဘဲ တမျိုးဆန်းသစ်တဲ့ပုံစံလေးနဲ့မို့လို့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်နော်။

ပြိုင်ပွဲစတင်မယ့်အချိန်

Review ရေးပြိုင်ပွဲအစီအစဉ်ကိုတော့ မတ်လ၊ ၂၄ ရက်နေ့ကစတင်လျက်ရှိပြီး ဧပြီလ ၇ရက်နေ့ နောက်ဆုံးထားကာ Review လေးတွေကို ပေးပို့သွားရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူကိုတော့ ဧပြီလ၊ ၈ ရက်နေ့မှာ ကြေငြာပေးသွားမှာဖြစ်လို့ အချိန်ရှိတုန်းလေး အပြေးရေးထားလိုက်ရအောင်လား။

ပေးအပ်သွားမည့် ဆုလက်ဆောင်

ပေးပို့လာတဲ့ Review တွေထဲကမှ Like အများဆုံး ရရှိမယ့် Review ပိုင်ရှင်တစ်ဦးကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဆုအနေနဲ့ကတော့ Hedgren မှ စပွန်ဆာပေးထားသည့် 1 Year Warranty နဲ့  ၂၉၅၀၀၀ ကျပ်တန်ဖိုးရှိ ခဲရောင်ခရီးဆောင်အိတ်ကို ချီးမြှင့်ပေးသွားမှာဖြစ်သည့်အတွက် အခွင့်အရေးကောင်းကို လက်လွှတ်မခံဘဲ အပြေးလေး ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။

Hedgren bags are available at Casabella Show Rooms in Yangon, Mandalay and Naypyidaw

Yangon: 22 Pyay Road, 9 Mile. Phone: 664 363, 660 769
Naypyidaw: Ocean Super Center Ground Floor (Oatarathri) Phone: 06741 7621-25
Mandalay: Corner of 32nd 77th Street, Chanayetharzan T/S Phone: 02 69366

https://www.facebook.com/hedgren.myanmar