(Zawgyi Version)

ဒီေန႔ စာဖတ္သူေတြ အားလုံးကို ေဝမွ်ေပးခ်င္တာက ဆက္သြယ္ေရးဝန္ေဆာင္မႈေတြကို သုံးရင္း ကားေတြ ၊ ဖုန္းေတြ အျပင္ ေငြသားဆုမဲေတြ စတဲ့ ကံစမ္းမဲဆုအႀကီးႀကီးေတြကို ကံထူးေစနိုင္မယ့္အေၾကာင္းအရာပဲ ျဖစ္ပါတယ္။

အခုေနာက္ပိုင္း တယ္လီကြန္ေအာ္ပေရတာေတြက ကိုယ့္ရဲ႕ဝန္ေဆာင္မႈ အသုံးျပဳသူေတြကို ေက်းဇူးတုံ႔ျပန္ဖို႔ ပရုိမိုရွင္းေတြ ၊ ကံစမ္းအစီအစဥ္ေတြ မၾကာမၾကာျပဳလုပ္ေပးေနၾကတာကို ေတြ႔ရတဲ့အျပင္ ဒီလိုအစီအစဥ္ေတြကလည္း တစ္မ်ိဳးနဲ႔တစ္မ်ိုဳးမတူညီေအာင္ဆြဲေဆာင္နိုင္လို႔ သုံးစြဲသူေတြၾကားမွာ ေတာ္ေတာ္ေလး ေခတ္စားလာပါတယ္။ သုံးစြဲသူေတြဘက္က ဆိုရင္လည္း ပုံမွန္သုံးေနၾက ဝန္ေဆာင္မႈေတြအျပင္ ကံစမ္းမဲဆုေၾကးေတြကိုလည္း ကံစမ္းႏိုင္မယ့္ အခြင့္အေရးေတြလည္း ရွိေနတာမို႔လို႔ အရမ္းကိုအက်ိဳးရွိေစပါတယ္။

ဒီလို ပရုိမိုရွင္းေတြ ၊ ကံစမ္းအစီအစဥ္ေတြ အၿပိဳင္အဆိုင္ျပဳလုပ္ေနတဲ့ၾကားက လတ္တေလာမွာဆိုရင္ေတာ့ ဆက္သြယ္ေရးေအာ္ပေရတာ တစ္ခုျဖစ္တဲ့ Mytel က လူတိုင္းႀကိဳက္ႏွစ္သက္ခဲ့တဲ့ Shake အစီအစဥ္မွ Shake More အစီအစဥ္အျဖစ္နဲ႔ သုံးစြဲသူေတြကို ေက်းဇူးတုံ႔ျပန္ဖို႔ တစ္ဖန္ျပန္လည္စတင္လိုက္ၿပီလို႔ သိရပါတယ္။ ဒီအစီအစဥ္မွာ သုံးစြဲသူေတြအတြက္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္လက္ေဆာင္ေတြျဖစ္တဲ့ Suzuki GLX ကားဆုေတြ ၊ VSmart ဖုန္းဆုေတြ ပါတဲ့အျပင္ ေန႔တိုင္းေန႔တိုင္း သိန္း (၃၀) အထိ ကံစမ္းႏိုင္မယ့္ MytelPay E-money ေတြ နဲ႔ အျခား ေဒတာႏွင့္ဖုန္းေခၚဆိုမႈ အပိုဆုေတြကိုလည္း မိမိတုိ႔ရဲ႕ ဖုန္းကို shake လိုက္႐ုံ လႈပ္ခါလိုက္႐ုံနဲ႔ ရယူႏိုင္မွာပါ။

Shake More ဂိမ္းကို Apple user ပဲျဖစ္ျဖစ္ ၊ Andriod user ပဲျဖစ္ျဖစ္ Mytel သုံးတဲ့ ဘယ္သူမဆို Apple Store ဒါမွမဟုတ္ Google Play Store ကေန MyID App ကိုေဒါင္းၿပီး ေဆာ့လို႔ရၿပီလို႔ သိရပါတယ္။ သုံးစြဲသူေတြအေနနဲ႔ ဆုေတြကို ရယူနိုင္ဖို႔ဆိုရင္ MyID App ထဲဝင္ Shake More ဂိမ္းကို ဖြင့္ျပီး ဖုန္းကို ရွိတ္လိုက္တာနဲ႔ ကံစမ္းနိုင္ၿပီပဲ ျဖစ္ပါတယ္။ တစ္ေန႔ကို ၅ ခါအထိ ရွိတ္လို႔ရမယ့္အျပင္ သုံးစြဲသူေတြက တကယ္လို႔ Facebook မွာ share တာပဲျဖစ္ျဖစ္ ၊ သူငယ္ခ်င္းအသစ္ေတြကို ဖိတ္ေခၚတာပဲျဖစ္ျဖစ္လုပ္ခဲ့တယ္ ဆိုရင္ေတာ့ ေနာက္ထပ္ရွိတ္ခြင့္ေတြကို ရဦးမွာပါ။

ဒါေတြအျပင္ Shake More ဂိမ္းမွာ ထူးထူးျခားျခားထည့္ထားတဲ့ အစီအစဥ္တစ္ခုကေတာ့…

သုံးစြဲသူေတြက shake လုပ္ရင္း ရမွတ္ေတြကို ရရွိႏိုင္မွာျဖစ္တာေၾကာင့္ သုံးစြဲသူမ်ားအကုန္လုံးရဲ႕ ရမွတ္ေပါင္းကို BIG POINT သို႔ ေပါင္းထည့္သြားမွာျဖစ္ပါတယ္။ ဒီလိုေပါင္းထည္႔သြားရျခင္းကေတာ့ အခုလို ရမွတ္စုစုေပါင္းကေန သတ္မွတ္ထားတဲ့အမွတ္တစ္ခု အတိအက်ေရာက္သြားတဲ့ အခ်ိန္မွာ သုံးစြဲသူတစ္ေယာက္ေယာက္က ကိုယ့္ရဲ႕ဖုန္းကို ရွိတ္လိုက္တဲ့ အခ်ိန္နဲ႔ တိုက္ဆိုင္သြားရင္ အဲဒီရမွတ္စုစုေပါင္းနဲ႔ ညီမွ်တဲ့ E-money ကို ရမယ့္အခြင့္အေရးပဲ ျဖစ္ပါတယ္။ ဥပမာေပးရရင္ သတ္မွတ္ထားတဲ့အမွတ္က ၁၀,၀၀၀ ျဖစ္ခဲ့ပါက မိမိက အဲဒီအမွတ္ ၁၀,၀၀၀ အေရာက္မွာ shake လုပ္ခဲ့တယ္ဆိုရင္ ၁၀,၀၀၀ က်ပ္ကို မိမိရဲ႕ MytelPay အေကာင့္မွတစ္ဆင့္ ရမွာျဖစ္ပါတယ္။

ဒီ Shake More ဂိမ္းက ၂၀၁၉၊ ေအာက္တိုဘာလ ၁ ရက္ေန႔ ကေနၿပီး ၂၀၁၉၊ ႏိုဝင္ဘာလ ၃၀ ရက္ေန႔ အထိ ေဆာ့လို႔ရမယ္လို႔ သိရပါတယ္။ ေနာက္ပိုင္းမွာေတာ့ Mytel Myanmar Official Facebook Page ကေန Live-stream ၂ႀကိမ္ လႊင့္ၿပီး Suzuki ကားတစ္စီးနဲ႔ V Smart Phone (၄) လုံးရဲ႕ ကံထူးရွင္ေတြကို ဖုန္းေခၚဆိုၿပီး ေၾကျငာေပးမယ္လို႔ သိရပါတယ္။ ပထမဆုံးအႀကိမ္ Live-stream ကို နိုဝင္ဘာလ ၂ ရက္ေန႔မွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီလိုမ်ိဳး ကိုယ့္ရဲ႕ဖုန္းကို တစ္ေန႔ ၅ ႀကိမ္ေလာက္ ရွိတ္လိုက္တာ ဘာမွလည္း အပန္းမႀကီးတဲ့အျပင္ အခုလိုမ်ိဳး ဆုမဲအႀကီးႀကီးေတြ ၊ ဆုမဲေကာင္းေကာင္းေတြ လြယ္လြယ္ကူကူရမွာဆိုေတာ့ အခုစာဖတ္သူေတြထဲက Mytel သုံးတဲ့သူေတြကို ဒီအခြင့္အေရးကို လက္မလြတ္ရေအာင္ ေဝမွ်ေပးလိုက္ပါတယ္။

(Unicode Version)

ဒီနေ့ စာဖတ်သူတွေ အားလုံးကို ဝေမျှပေးချင်တာက ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို သုံးရင်း ကားတွေ ၊ ဖုန်းတွေ အပြင် ငွေသားဆုမဲတွေ စတဲ့ ကံစမ်းမဲဆုအကြီးကြီးတွေကို ကံထူးစေနိုင်မယ့်အကြောင်းအရာပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်း တယ်လီကွန်အော်ပရေတာတွေက ကိုယ့်ရဲ့ဝန်ဆောင်မှု အသုံးပြုသူတွေကို ကျေးဇူးတုံ့ပြန်ဖို့ ပရိုမိုရှင်းတွေ ၊ ကံစမ်းအစီအစဉ်တွေ မကြာမကြာပြုလုပ်ပေးနေကြတာကို တွေ့ရတဲ့အပြင် ဒီလိုအစီအစဉ်တွေကလည်း တစ်မျိုးနဲ့တစ်မျိုုးမတူညီအောင်ဆွဲဆောင်နိုင်လို့ သုံးစွဲသူတွေကြားမှာ တော်တော်လေး ခေတ်စားလာပါတယ်။ သုံးစွဲသူတွေဘက်က ဆိုရင်လည်း ပုံမှန်သုံးနေကြ ဝန်ဆောင်မှုတွေအပြင် ကံစမ်းမဲဆုကြေးတွေကိုလည်း ကံစမ်းနိုင်မယ့် အခွင့်အရေးတွေလည်း ရှိနေတာမို့လို့ အရမ်းကိုအကျိုးရှိစေပါတယ်။

ဒီလို ပရိုမိုရှင်းတွေ ၊ ကံစမ်းအစီအစဉ်တွေ အပြိုင်အဆိုင်ပြုလုပ်နေတဲ့ကြားက လတ်တလောမှာဆိုရင်တော့ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်တဲ့ Mytel က လူတိုင်းကြိုက်နှစ်သက်ခဲ့တဲ့ Shake အစီအစဉ်မှ Shake More အစီအစဉ်အဖြစ်နဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်ဖို့ တစ်ဖန်ပြန်လည်စတင်လိုက်ပြီလို့ သိရပါတယ်။ ဒီအစီအစဉ်မှာ သုံးစွဲသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်လက်ဆောင်တွေဖြစ်တဲ့ Suzuki GLX ကားဆုတွေ ၊ VSmart ဖုန်းဆုတွေ ပါတဲ့အပြင် နေ့တိုင်းနေ့တိုင်း သိန်း (၃၀) အထိ ကံစမ်းနိုင်မယ့် MytelPay E-money တွေ နဲ့ အခြား ဒေတာနှင့်ဖုန်းခေါ်ဆိုမှု အပိုဆုတွေကိုလည်း မိမိတို့ရဲ့ ဖုန်းကို shake လိုက်ရုံ လှုပ်ခါလိုက်ရုံနဲ့ ရယူနိုင်မှာပါ။

Shake More ဂိမ်းကို Apple user ပဲဖြစ်ဖြစ် ၊ Andriod user ပဲဖြစ်ဖြစ် Mytel သုံးတဲ့ ဘယ်သူမဆို Apple Store ဒါမှမဟုတ် Google Play Store ကနေ MyID App ကိုဒေါင်းပြီး ဆော့လို့ရပြီလို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဆုတွေကို ရယူနိုင်ဖို့ဆိုရင် MyID App ထဲဝင် Shake More ဂိမ်းကို ဖွင့်ပြီး ဖုန်းကို ရှိတ်လိုက်တာနဲ့ ကံစမ်းနိုင်ပြီပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ၅ ခါအထိ ရှိတ်လို့ရမယ့်အပြင် သုံးစွဲသူတွေက တကယ်လို့ Facebook မှာ share တာပဲဖြစ်ဖြစ် ၊ သူငယ်ချင်းအသစ်တွေကို ဖိတ်ခေါ်တာပဲဖြစ်ဖြစ်လုပ်ခဲ့တယ် ဆိုရင်တော့ နောက်ထပ်ရှိတ်ခွင့်တွေကို ရဦးမှာပါ။

ဒါတွေအပြင် Shake More ဂိမ်းမှာ ထူးထူးခြားခြားထည့်ထားတဲ့ အစီအစဉ်တစ်ခုကတော့…

သုံးစွဲသူတွေက shake လုပ်ရင်း ရမှတ်တွေကို ရရှိနိုင်မှာဖြစ်တာကြောင့် သုံးစွဲသူများအကုန်လုံးရဲ့ ရမှတ်ပေါင်းကို BIG POINT သို့ ပေါင်းထည့်သွားမှာဖြစ်ပါတယ်။ ဒီလိုပေါင်းထည့်သွားရခြင်းကတော့ အခုလို ရမှတ်စုစုပေါင်းကနေ သတ်မှတ်ထားတဲ့အမှတ်တစ်ခု အတိအကျရောက်သွားတဲ့ အချိန်မှာ သုံးစွဲသူတစ်ယောက်ယောက်က ကိုယ့်ရဲ့ဖုန်းကို ရှိတ်လိုက်တဲ့ အချိန်နဲ့ တိုက်ဆိုင်သွားရင် အဲဒီရမှတ်စုစုပေါင်းနဲ့ ညီမျှတဲ့ E-money ကို ရမယ့်အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဥပမာပေးရရင် သတ်မှတ်ထားတဲ့အမှတ်က ၁၀,၀၀၀ ဖြစ်ခဲ့ပါက မိမိက အဲဒီအမှတ် ၁၀,၀၀၀ အရောက်မှာ shake လုပ်ခဲ့တယ်ဆိုရင် ၁၀,၀၀၀ ကျပ်ကို မိမိရဲ့ MytelPay အကောင့်မှတစ်ဆင့် ရမှာဖြစ်ပါတယ်။

ဒီ Shake More ဂိမ်းက ၂၀၁၉၊ အောက်တိုဘာလ ၁ ရက်နေ့ ကနေပြီး ၂၀၁၉၊ နိုဝင်ဘာလ ၃၀ ရက်နေ့ အထိ ဆော့လို့ရမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ Mytel Myanmar Official Facebook Page ကနေ Live-stream ၂ကြိမ် လွှင့်ပြီး Suzuki ကားတစ်စီးနဲ့ V Smart Phone (၄) လုံးရဲ့ ကံထူးရှင်တွေကို ဖုန်းခေါ်ဆိုပြီး ကြေငြာပေးမယ်လို့ သိရပါတယ်။ ပထမဆုံးအကြိမ် Live-stream ကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ဖုန်းကို တစ်နေ့ ၅ ကြိမ်လောက် ရှိတ်လိုက်တာ ဘာမှလည်း အပန်းမကြီးတဲ့အပြင် အခုလိုမျိုး ဆုမဲအကြီးကြီးတွေ ၊ ဆုမဲကောင်းကောင်းတွေ လွယ်လွယ်ကူကူရမှာဆိုတော့ အခုစာဖတ်သူတွေထဲက Mytel သုံးတဲ့သူတွေကို ဒီအခွင့်အရေးကို လက်မလွတ်ရအောင် ဝေမျှပေးလိုက်ပါတယ်။