လူတွေရဲ့ နှုတ်ခမ်းပုံစံတွေ အမျိုးမျိုးရှိပါတယ်။ နှုတ်ခမ်းထူတာ နှုတ်ခမ်းပါးတာ။ အမျိုးမျိုးပါပဲ။

လူတစ်ယောက် ပျော်ရွှင်နေတာ ဝမ်းနည်းနေတာ စိတ်ဆိုးနေတာ စိတ်မကျေမနပ်ဖြစ်နေတာ စတဲ့ စိတ်ခံစားချက်အမျိုးမျိးကို နှုတ်ခမ်းကတဆင့်သိနိုင်ပါတယ်။ နှုတ်ခမ်းဟာ အမျိုးသမီးတွေရဲ့ အလှအပအတွက် အဓိကျတဲ့ အရာတစ်ခုပါပဲ။

နှုတ်ခမ်းနီ ဆိုးရတာနဲ့ နှုတ်ခမ်းကို ဂရုစိုက်ရတာနဲ့ အမျိုးမျိုး ထိန်းသိမ်းကြပါတယ်။ နှုတ်ခမ်းအကြောင်းပြောရအောင်နော်။

နှုတ်ခမ်းပါးပါး

နှုတ်ခမ်းပါးတဲ့သူတွေဟာ ဆိုရှယ်ကျတဲ့ ပေါင်းသင်းဆက်ဆံရေးမျိုးကို နှစ်သက်သူတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သင်ဟာ ခင်မင်စရာမကောင်းဘူး ဂရုမစိုက်တတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်နဲ့ ရင်းနှီးတဲ့သူတွေကတော့ သင့်ရဲ့ ထူးခြားမှုကို သိပါတယ်။ သင်ဟာ ရည်မှန်းချက်ကြီးမားသူတစ်ဦးဖြစ်ပါတယ်။ ဒါကလည်း သင့်ကို ပန်းတိုင်ရောက်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

ထူထူပြည့်ပြည့်နှုတ်ခမ်း

သင်ဟာ ဂရုစိုက်တတ်တဲ့ သဘောရှိပါတယ်။ ဒါ့ကြောင့်လည်း မိခင်ကောင်းတွေ ဖြစ်နိုင်တဲ့သူပါ။ နောက်တစ်ချက်ကလည်း သင်ဟာ သံမဏိလို စိတ်ဓါတ်မာကြောသူဖြစ်ပါတယ်။ နှုတ်ခမ်းထူထူ ပြည့်ပြည့် အမျိုးသမီးတွေက စိတ်အားထက်သန်သူတွေဖြစ်ပါတယ်။ အရမ်းကိုချစ်တတ်ပြီး ခင်မင် ကြင်နာတတ်သူဖြစ်ပါတယ်။

အသည်းပုံ နှုတ်ခမ်း

ဖက်ရှင်အမြင်ရှိတဲ့ သူတွေဖြစ်ပါတယ်။ ကိုယ်သွားမဲ့နေရာနဲ့ လိုက်ဖက်တဲ့ ၀တ်စုံကို ၀တ်ဆင်တတ်ကြပါတယ်။ သူဟာ စိတ်အားထက်သန်သူ၊ ဥာဏ်ရည်ထက်မြတ်သူ ၊ လိမ္မာသူဖြစ်ပြီး ထူးခြားသူတစ်ဦးလည်းဖြစ်ပါတယ်။

မထူမပါး နှုတ်ခမ်း

သိပ်လည်းမထူ သိပ်လည်းမပါးတဲ့ နှုတ်ခမ်းပိုင်ရှင်မျိုးက လက်တွေ့ဆန်တယ် ဆင်ခြင်တုံတရားရှိသူဖြစ်ပါတယ်။

နှုတ်ခမ်း ၀ိုင်းဝိုင်း

ဝိုင်းတဲ့ နှုတ်ခမ်းကို ပိုင်ဆိုင်ထားသူတွေဟာ စွန့်စားမှုကို ကြိုက်နှစ်သက်သူပါ။ သတ္တိရှိပြီး ရဲရင့်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုခုချဖို့လည်း သတ္တိရှိတဲ့သူပါ။ အရမ်းကို အောင်မြင်တဲ့ ဘ၀ကို ရနိုင်ပါတယ်။ သင်ဟာ လူတိုင်းရဲ့ ၀ိုင်းချစ်တာ ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

နှုတ်ခမ်းအလည်မှာ ဖူးဖူးလေးရှိနေသူတွေ

သင်ဟာ လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို ခံရသူပါ။ မိန့်ခွန်းပြောတဲ့အခါပဲဖြစ်ဖြစ် တစ်ခုခုကို ပြောတဲ့အခါမှာပဲဖြစ်ဖြစ် လူတွေရဲ့ အာရုံစူးစိုက်မှုကို ရတဲ့သူပါ။ စကားပြောကောင်းသူတစ်ဦးဖြစ်ပြီး တည်ငြိမ်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ကျယ်သောနှုတ်ခမ်း

သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ သဘောသဘာဝရှိပါတယ်။ သင့်ရဲ့ စိတ်ဓါတ်ကြံ့မှုက နှလုံးသားများစွာကို ဖမ်းစားနိုင်ပါတယ်။