ကိုယ်ခံပညာ ဆရာတွေက အမျိုးသမီးတွေ အနှောင့်အယှက်တစ်ခုခု (သို့) အနိုင်ကျင့်ခံတာတာမျိုး တစ်ခုခု ကြုံလာတဲ့အခါ ပြန်ပြီး ခုခံနိုင်ရန် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းစနစ်လေးတွေကို မျှဝေထားပါတယ်။

၁။ အရင်ဦးဆုံး အမျိုးသားတစ်ဦးရဲ့ အဓိကကျတဲ့ နေရာတွေကို မှတ်ထားပါ။

ဘယ်လောက်ပဲ သန်မာတဲ့သူဖြစ်ပါစေ မျက်လုံး၊ နှာခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဒူးနဲ့ ငယ်ပါကို တိုက်ခိုက်ရင် ပြန်ပြီး မခုခံနိုင်ပါဘူး။ ဒါ့ကြောင့် ဒါဟာ အလုံခြုံဆုံး အစိတ်အပိုင်းမို့ အမြဲတမ်း မှတ်ထားပါ။

၂။ ရိုးရှင်းတဲ့ လှုပ်ရှားမှု ၁

အရင်ဆုံး သူ့လက်နှစ်ဖက်ကို ခွဲပြီးချိုးလိုက်ကာ လည်ပင်းကို လက်နဲ့ အားပါးတရ တွန်းပေးလိုက်ပါ။

နောက်တစ်ခုကတော့ သူ့ရဲ့ ငယ်ပါကို ညှစ်လိုက်တာ (သို့) ထိုးလိုက်တာမျိုး၊ ကန်လိုက်တာမျိုးလုပ်ပါ။

၃။ တစ်ယောက်ယောက်က အရှေ့ကနေ ဖမ်းချုပ်ရင်

သူ့ရဲ့ နှာခေါင်းကို ခေါင်းနဲ့ တိုက်ချလိုက်ပြီး လက်ကလည်း ငယ်ပါကို ထိုးလိုက်ပါ။ ပြီးတာနဲ့ ဒူးနဲ့ တဆက်တည်းကန်လိုက်ပါ။

သူက ကိုယ့်ကို ချုပ်နိုင်သေးဘူးဆိုရင် သင့်ရဲ့ လက်ဖျံကို အသုံးပြုနိုင်ပါတယ်။ ဘယ်ဖက်လက်ဖျံနဲ့ မေးကို ရိုက်ပြီး ညာဖက်လက်နဲ့ တခြားလက်တစ်ဖက်ကို ရိုက်လိုက်ပါ။ ပြီးရင် ဒူးနဲ့ တဆက်တည်း ကန်လိုက်ပါ။

၄။ လက်ကိုလာချုပ်ခဲ့ရင်

ဘယ်ဖက်လက်ကို လာချုပ်ခဲ့ရင် အခုပုံမှာပြထားသလိုပဲ ရုန်းထုတ်လိုက်နိုင်ပါတယ်။

၅။ အနောက်ကနေ သိုင်းဖက်ခံရတဲ့အခါ

ပညာရှင်တွေ အကြံပြုတဲ့ အမျိုးသမီးများ မိမိကိုယ်ကို ကာကွယ်ဖို့ နည်းစနစ်လေးတွေ

တိုက်ခိုက်သူက အနောက်ကနေ သိုင်းချုပ်လိုက်ရင် သူ့ရဲ့ နှားခေါင်းကို နောက်စေ့နဲ့ တိုက်လိုက်ပြီး ခြေထောက်တစ်ဖက်ကို အရှေ့ဖက် ဆွဲလိုက်ပါ။

၆။ သင့်ကို ဘေးကနေလာပြီး ချုပ်ဖို့ တိုးလာရင်

တဒေါင်နဲ့ ပါးကို ထိုးလိုက်ပြီး အဲဒီတဒေါင်နဲ့ပဲ ဗိုက်ကို ထပ်ထိုးလိုက်ပါ။

၇။ နံရံနားမှာ ဖြစ်နေရင်

အရင်ဆုံး လက်ဝါးကို ဖြောင့်လိုက်ပြီး ချိုင်းအောက်မှာ ထိုးပေးလိုက်ပါ။ ပြီးရင် လက်သီးနဲ့ ထပ်ထိုးပါ။ အဲဒီနောက် လက်သီးနဲ့ မေးရိုးကို တစ်ခါထိုးပြီး နဖူးနဲ့ တိုက်လိုက်ပါ။