Selena Gomez ဟာ Billboard Women in Music ဆုပေးပွဲမှာ အဓိက Title ဆုဖြစ်တဲ့ Woman of the Year ဆုကိုရရှိခဲ့ပါတယ်။

သရုပ်ဆောင် Elle Fanning က Gomez ကို အဲဒီအခမ်းအနားမှာ မိမိရဲ့ စမ်းသပ်မှုတွေ ဆင်းရဲ့ ဒုက္ခတွေကို ရင်းပြီး လူတိုင်းကို ပိုမိုသန်မာအောင်လုပ်နိုင်တဲ့သူဆိုတာ အရမ်းရှားပါတယ်လို့ မိတ်ဆက်ပေးခဲ့ပါတယ်။

Selena ဟာ Lupus ဆိုရောဂါကြောင့် ကျောက်ကပ်ခွဲစိပ်မှုပြုလုပ်ခဲ့ရပြီး အဲဒီကျောက်ကပ်ကို သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်သူ Francia Raisa က လှူပေးခဲ့တာပါ။

ဝေဒနာကို ကြံ့ကြံ့ခံအံတုရင်း မိမိကိုယ်ကိုယ် အားမလျှော့တဲ့ Selena တစ်ယောက် ၂၀၁၇ ရဲ့ Woman of the Year ဆုကို ရရှိခဲ့တာပါ။

ကျွန်မအရမ်းကို ကံကောင်းတယ်လို့ ခံစားရပါတယ်လို့ စာတင်ပြီး ကျေးဇူးတင်စကားကို ပြောကြားခဲ့တာပါ။ ကျွန်မရောက်ရှိနေတဲ့ နယ်ပယ်အပေါ် နက်နက်ရှိုင်းရှိုင်း ဂုဏ်ယူလေးစားတယ်ဆိုတာ လူတိုင်းကို သိစေချင်ပါတယ်။

အထူးသဖြင့် ဒီနှစ်မှာတော့ ကျွန်မရဲ့ အဖွဲ့ကို ကျေးဇူးတင်တယ်၊ မိသားစုဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ တကယ့်ကို ခက်ခဲလွန်းတဲ့အချိန်တွေကို ဖြတ်ကျော်နိုင်ဖို့ တွန်းအားဖြစ်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့ကို ချီးမြောက်ခဲ့ကြတဲ့ အမျိုးသမီးထုကြီးအတွက်လည်း အရမ်းကို ဂုဏ်ယူပါတယ်လို့ ပြောပါတယ်။

ကျေးဇူးတင်စကားပြောပြီးမှာတော့ ဒီအတွက် ဘယ်လိုပြန်ပြီးပေးဆပ်ရမလဲဆိုတာတောင် မသိတော့ပါဘူး။ ဒါပေမယ့် နောက်နှစ်အတွင် Epic အယ်လ်ဘမ်လေးတစ်ခု လုပ်သွားနိုင်မယ်ထင်ပါတယ်လို့ ပြောပါတယ်။