ဆံကေသာ၏ ကောင်းခြင်းဆိုတာ မြန်မာအမျိုးသမီးတွေအတွက် တန်ဖိုးထားမြတ်နိုးရတဲ့ အလှတရားတစ်ခုပါပဲ။

လှပတဲ့ ဆံကေသာရရှိဖို့အတွက်ဆိုရင် ဆံကေသာကို နည်းမှန်လမ်းမှန်နဲ့ ဂရုတစိုက်ထိန်းသိမ်း ကာကွယ်ဖို့လိုအပ်ပါတယ်။ သင့်ဆံကေသာ နူးညံ့ပျော့ပျောင်းစေဖို့အတွက် သဘာဝပေါင်းဆေးနဲ့ အာဟာရဓာတ်ဖြည့်ပေးဖို့လိုအပ်ပြီး ဆံပင်ပုံသွင်းစက်တွေရှောင်ပေးတာကလည်း ကျန်းမာလှပတဲ့ ဆံကေသာကို ရရှိပိုင်ဆိုင်စေမယ့် နည်းလမ်းတွေပါပဲ။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းပိုင်းလည်း ကျန်းမာဖို့လိုအပ်ပြီး ဗီတာမင် ကြွယ်ဝတဲ့အစားအစာတွေကို စားပေးခြင်းဖြင့် သင့်ဆံကေသာကို ပိုမိုကောင်းမွန်စေမှာပါ။

သင့်ဆံကေသာကို ညင်သာစွာကိုင်တွယ်ပါ

ခေါင်းလျှော်နေတဲ့အချိန်မှာ ဆံပင်ကို ခပ်ကြမ်းကြမ်းပွတ်တာမျိုးမလုပ်ပါနဲ့။ အဲဒီလိုလုပ်တာဟာ သင့်ဆံကေသာကို ပိုပြီး ကြမ်းတမ်းပျက်စီးစေပါတယ်။ ဒါ့ကြောင့် လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးပါ။

ခေါင်းလျှော်ပြီးရင် ဆံပင်မှာကျန်နေတဲ့ရေကို ညင်သာစွာ ညှစ်ချပါ။ တဘက်နဲ့ ခပ်ကြမ်းကြမ်း သုတ်မယ့်အစား ခပ်ဖွဖွလေးသုတ်ပေးပါ။

ခေါင်းလျှော်တဲ့အချိန်တိုင်း ပေါင်းဆေးသုံးပေးပါ

ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်း ပေါင်းဆေးသုံးဖို့မမေ့ပါနဲ့။ ပေါင်းဆေးသုံးပေးတာဟာ ဆံကေသာကို ပျော့ပျောင်းစေပါတယ်။ ပေါင်းဆေးသုံးတဲ့အခါမှာပဲ ဆံပင် အဖျားကိုသာ သုံးပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ရေအေးအေးသုံးတာဟာ သင့်ဆံကေသာကို ပိုပြီးတောက်ပြောင်၊ စိုပြေစေမှာဖြစ်ပြီး ရေနွေးပူပူကတော့ သင့်ဆံကေသာကို ခြောက်သွေ့ ကြမ်းတမ်းစေမှာပါ။

အပူပေးစက်တွေအစား သဘာဝအတိုင်း အခြောက်ခံပါ

ဆံကေသာကို အကောင်းဆုံးအခြောက်ခံတဲ့နည်းကတော့ လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအတိုင်းအခြောက်ခံပါ။

တခြား ဆံပင်ပုံသွင်းစက်တွေကိုလည်း ရှောင်ပေးတာအကောင်းဆုံးပါပဲ။ တကယ်လို့ မဖြစ်မနေသုံးမယ်ဆိုရင် သင့်ဆံကေသာကို ခေါင်းလိမ်းဆီ serum တစ်ခုခုလိမ်းပေးထားပြီး အပူချိန်ကို လျှော့သုံးပါ။

တစ်နေ့ ခေါင်း (၂) ကြိမ်ဖြီးပါ

နူးညံ့ချောမွတ်တဲ့ ဆံကေသာကို ရရှိစေဖို့အတွက် တစ်နေ့ကို ခေါင်းနှစ်ကြိမ်ဖြီးပေးသင့်ပါတယ်။ ဆံပင်ကို ခပ်ကြမ်းကြမ်းဖြီးတာမျိုးမဟုတ်ဘဲ ညင်သာစွာနဲ့ စိတ်ရှည်လက်ရှည်ဖြီးပါ။ ခေါင်းဖြီးပေးတာဟာ ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သင့်ဆံကေသာကို သန်စွမ်းကျန်းမာစေပါတယ်။

ဆံကေသာထိခိုက်ပျက်စီးစေတဲ့ treatment တွေရှောင်ပါ

ဓာတုပစ္စည်းတွေနဲ့ ဆံပင်ပုံသွင်းတာ၊ ဆံပင်ဆေးချွတ်တာ၊ ဆံပင်ဆေးဆိုးတာတွေဟာ သင့်ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။ ဆံကေသာကို ပိုမို ပျော့ပျောင်းတောက်ပြောင်ချင်တယ်ဆိုရင်တော့ အဲဒီလို treatment တွေလုပ်တာကို ရပ်လိုက်ပါ။

ခန္ဓာကိုယ်အတွင်းပိုင်းလည်း ကျန်းမာနေပါစေ

ဆံကေသာကို အပြင်းပိုင်းဂရုစိုက်နေရုံနဲ့မရပါဘူး။ ခန္ဓာကိုယ်အတွင်းပိုင်းလည်း ကျန်းမာနေဖို့လိုအပ်ပါတယ်။ ပရိုတင်းဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ မပြည့်ဝဆီတွေ စားပေးပါ။

ဆံပင်ကို ပုံမှန်ညှပ်ပေးပါ

ဆံပင်အဖျားလေးတွေကို ပုံမှန်ညှပ်ပေးတာဟာ သင့်ဆံကေသာအတွက် ကောင်းမွန်ပါတယ်။ ပျက်စီးနေတဲ့ ဆံပင်တွေကို ဖယ်ရှားပစ်လိုက်တာဟာ သင့်ဆံကေသာကို ပိုပြီး တောက်ပလာစေမှာဖြစ်ပါတယ်။

သဘာဝခေါင်းလျှော်ရည်သုံးပါ

သင့်ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးမှာပါတဲ့ ပါဝင်ပစ္စည်းတွေဟာ သင့်ဆံကေသာကို ပျော့ပျောင်းနူးညံ့စေမယ့်အစား တခါတလေ ပိုမို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ Misss အနက်ရောင်ခေါင်းလျှော်ရည်ဟာ ကြိတ်မှန်ရွက် အဆီအနှစ်တွေပါဝင်ပြီး Conditional-Black Shine Formula နဲ့ ခေတ်မီ သဘာဝနည်းပညာတို့ ပေါင်းစပ်လုပ်ထုတ်တာကြောင့် သင့်ဆံကေသာကို  ပျော့ပျောင်းနူးညံ့လာစေမှာပါ။ Misss ခေါင်းလျှော်ရည်တိုင်းမှာ Vita B+ ပါဝင်လို့ တစ်ကြိမ်လျှော်လိုက်ရုံနဲ့ ဆံပင်အရင်းကနေ အဖျားထိ ပျော့ပျောင်းနူးညံ့စေမှာပါ။