“ပိတ်ရက်ကျရင် ကမ်းခြေသွားရအောင်ဟာ”အဲ့စကားမျိုးကို ပုံမှန်နိစ္စဒူဝလုပ်ငန်းတာဝန်မှာ ပိမိနေတဲ့သူတွေဆီက ဒီစကားကိုကြားဖူးကြမှာပါ။ သင်လည်း ဒီလိုစကားမျိုးကို ပြောဖူးမှာပါ။ လေ့လာမှုတွေအရ ပင်လယ်ပြင်က သင့်ကို စိတ်အပန်းပြေစေရုံမက သင့်ရဲ့ခန္ဓာကိုယ်ကို ကောင်းတဲ့ဘက်က ပြောင်းလဲစေပါတယ်။

ဒါကြောင့် MyStyle Myanmar ပရိတ်သတ်တွေအတွက် ပင်လယ်ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။ နောက်တစ်ခေါက်ခရီးထွက်ရင် ပင်လယ်ဘက် သွားဖို့ နံပါတ်တစ်ဦးစားပေးပါနော်။

ပင်လယ်က ဟိုးဘိုးဘေးဘီဘင်ခေတ်ကတည်းက အပန်းဖြေရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်

Source: Brightside.me

လူတွေက ဟိုးအရင်ကတည်းက ပင်လယ်ရဲ့ ကောင်းကျိုးတွေကို သိခဲ့ကြပုံပါပဲ။ ၁၈ ရာစုမှာ ဒေါက်တာ William Buchan က ပင်လယ်မှာ ရေစိမ်ခြင်းက ဆေးဘက်ဆိုင်ရာကောင်းကျိုးများပေးကြောင်း ပင်လယ်ဆီသွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ပင်လယ်ရဲ့ကောင်းကျိုးတွေကဟိုးအရင်ကတည်းက ကြီးမားခဲ့တာပါ။

ပင်လယ်က အောက်ဆီဂျင်ဓာတ်အလုံအလောက်ပေးပြီး စိတ်အပန်းပြေစေပါတယ်

ပင်လယ်နဲ့ကျန်းမာရေးကြား ဆက်နွယ်နေမှုကို BlueHeatlh ဆိုတဲ့သိပ္ပံပညာရှင်အဖွဲ့က လေ့လာခဲ့တာပါ။ ပင်လယ်အသံက ဦးနှောက်ရဲ့ Prefrontal cortex အပိုင်းကို လှုံ့ဆော်ပေးပါတယ်။ ဒီအပိုင်းက စိတ်ခံစားချက်တွေ တုံ့ပြန်မှုတွေကို တာဝန်ယူရတဲ့အပိုင်းပါ။ ပင်လယ်သံက နားလည်သဘောပေါက်မှုကို ကျယ်ပြန့်စေပြီး စိတ်ခံစားမှုကို တိုးတက်စေပါတယ်။

သမုဒ္ဒရာလှိုင်းလုံးတွေက ကျွန်မတို့ကို အကျိုးပြုတယ်ဆိုတာ ထူးဆန်းသလိုပါပဲ။ သုတေသနတစ်ခုမှာတော့ ကျွန်မတို့ကမ်းခြေရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်ဟာ သမုဒ္ဒရာလှိုင်းဆီက ထုတ်လွှင့်တဲ့အိုင်းရွန်းတွေကို စုပ်ယူပါတယ်။ ဒီအိုင်းရွန်းတွေက အောက်ဆီဂျင်ဓာတ်ပိုမိုစုပ်ယူဖို့ အားပေးပြီး စိုးရိမ်စိတ်ကို ထိန်းချုပ်တဲ့ Serotonin အဆင့်ကို ထိန်းညှိပေးပါတယ်။ ရလဒ်အနေနဲ့ ပင်လယ်ကမ်းခြေသွားခြင်းက ရောဂကျင့်တာနဲ့ ညီမျှတဲ့ စိတ်ငြိမ်းချမ်းမှုကို ပေးပါတယ်။

သမုဒ္ဒရာအသံက စိတ်ဖိစီးမှုလျော့ကျစေပါတယ်

ပညာရှင်တွေက ပင်လယ်ကထုတ်လွှင့်တဲ့အသံဟာ စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ Cortisol အဆင့်ကို လျှော့ချပေးပြီး စိတ်တည်ငြိမ်စေကြောင်း ဆိုထားပါတယ်။ ဘယ်လောက်ထိတောင်လဲဆိုတော့ ကျွန်မတို့ အမေ့ဝမ်းမှာ နေစဉ်က အမေရဲ့ နှလုံးခုန်သံကြားခဲ့ရသလိုပဲ စိတ်တည်ငြိမ်ပြီး လုံခြုံတဲ့ခံစားမှုအပြည့်အဝခံစားရပါတယ်တဲ့။

ပင်လယ်မျက်နှာပြင်က ကျွန်မတို့ကို လုံခြုံတဲ့ခံစားချက်မျိုးပေးပါတယ်

ပင်လယ်ကမ်းခြေကို ရောက်နေတဲ့အချိန်မှာ ကျွန်မတို့ဟာ တည်ငြိမ်တဲ့ပတ်ဝန်းကျင်ကို ရောက်နေတယ်လို့ ခံစားရစေပါတယ်လို့ အာရုံကြောပညာရှင် Michael Merzenich ကဆိုထားပါတယ်။ တောရိုင်းတိရစ္ဆာန်တွေ မရှိတဲ့ တောတောင်တစ်နေရာ ဒါမှမဟုတ် မှုခင်းကင်းစင်တဲ့ မြို့ပြတစ်ခုထဲရောက်နေသလို လုံခြုံတဲ့ခံစားမှုမျိုးပေးနိုင်တာက ပင်လယ်ဖြစ်ကြောင်း သူကပြောထားပါတယ်။ ပင်လယ်ပြင်က ကျွန်မတို့ကို လုံခြုံမှုခံစားစေသလို တည်ငြိမ်စေပါတယ်။

နေသာတဲ့နေတစ်နေ့မှာ ပင်လယ်ဆီသွားခြင်းက ပျော်ရွှင်မှုတိုးစေပါတယ်

ပင်လယ်ကမ်းခြေမှာ နေပူဆာလုံနေတဲ့အချိန် အပူချိန်က ကျွန်မတို့ရဲ့ Endocrine စနစ်ကို လွှမ်းမိုးပြီး ပျော်ရွှင်စေတဲ့ Endorphins ကို ထုတ်လွှင့်ပေးပါတယ်။ နေအရမ်းပူရင်တော့ ရေဓာတ်ဖြည့်တင်းပြီး Sunscreen လိမ်းဖို့တော့လိုပါတယ်။

MyStyle Myanmar ပရိတ်သတ်ကော ဘယ်လိုနေရာမျိုးကို သွားရတာ ကြိုက်လဲ။ ပင်လယ်ကမ်းခြေလား တောင်တန်းတွေဆီလား။ ပရိတ်သတ်တွေနှစ်သက်တဲ့နေရာအကြောင်း ပြောခဲ့ပါဦးနော်။ ပင်လယ်ကမ်းခြေကတော့ပျော်ရွှင်စေတဲ့ဟော်မုန်းကို ထုတ်လွှင့်ပေးပါတယ်။

Source: Pinterest

By MyStyle Myanmar