သိပ်မကြာခင်မှာလည်း နွေရာသီရောက်တော့မယ်ဆိုတော့ နွေပူပူမှာ မာဖလာ ပုဝါပါးပါးလေးနဲ့ ဖက်ရှင်ထုတ်လန်းကြပါစို့။

နွေရာသီကာလမှာ ဆောင်းရာသီတုန်းက၀တ်ခဲ့တဲ့ မာဖလာတွေထူထူတွေကိုတော့ ၀တ်လို့ရတော့မယ်မထင်ပါဘူး။ နွေရာသီအတွက် ပုဝါပါးပါးနဲ့ ပေါ့ပေါ့ပါးပါးရှိတာကို ၀ယ်ယူပါ။

အစုပုံလေး

မာဖလာကို ဂုတ်နောက်ကနေ ရှေ့ကို ချလိုက်ပါ။ တစ်ဖက်ကို အတိုတစ်ဖက်ကိုအရှည်ထားပါ။ ပြီးရင် အရှည်ထားတဲ့ဖက်ကို ချည်ပြီး လက်လေးခံထားပေးပါ။ နောက်တစ်ဖက်ကို အဲဒီအပေါက်ထဲထိုးထည့်ပါ။ ဒီလိုမာဖလာပတ်နည်းကိုတော့ ကျွန်မလည်းအရမ်းကိုနှစ်သက်ပါတယ်။

ရိုးရိုးရှင်းရှင်း

မာဖလာရှည်ရှည်ကို လည်ပင်းကနေ အနောက်ဖက်ကို အရင်ပတ်ပါ။ ပြီးရင် အရှေ့ဖက်ကို ပြန်ယူလိုက်ပါ။

ပုခုံးအကျပုံလေး

လေးထောင့်ကျတဲ့မာဖလာကို တြိဂံပုံစံမျိုးခေါက်ချိုးလိုက်ပါ။ ပြီးရင်ပုခုံးနောက်ကနေ အရှေ့နားကို ယူပြီး နှစ်ခေါက်လောက် ချည်လိုက်ပါ။

ဖဲပြားပုံ

မာဖလာကို လည်ပင်းကနေ ဂုတ်ကနေ အရှေ့ကို ပတ်ချပြီးရင် အရှေ့မှာ ဖဲပြားပုံမျိုး ချည်လိုက်ပါ။

ခါးပတ်

မာဖလာကို ခါးပတ်လို အသုံးပြုရအောင်နော်။ ဂျင်းဘောင်းဘီရဲ့ ကွင်းတွေကနေ မာဖလာကို ထည့်လိုက်ပြီး ချည်ထားလိုက်ပါ။

ဆံပင်ကိုစည်းမယ်

ဆံထုံးထုံးထားတဲ့နောက်ကနေ ပုဝါလေးကိုပတ်ပြီး ဖဲပြားလေးလို့ စည်းလိုက်ပါ။

ဆံပင်သိမ်းမယ်

ပုဝါကို ခေါင်းအနောက်ကနေ ယူကာ အရှေ့နားမှာ ထုံးပြီးချည်လိုက်ပါ။

Photo : mashable.com