Samsung Myanmar မှ ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်မြင့်သော ဖုန်းများကို သုံးစွဲလိုသူများအတွက် နောက်ဆုံးပေါ်မျိုးဆက်သစ် Galaxy A Series စမတ်ဖုန်းသစ်များ ဖြစ်သော Galaxy A10 နှင့် Galaxy A20 ကို မိတ်ဆက်လိုက်ပါပြီ။ Galaxy A10 နှင့် Galaxy A20 တွင် ကြာရှည်ခံသော ဘက်ထရီ၊ စွမ်းဆောင်ရည်မြင့် ကင်မရာနှင့် စွဲမက်နစ်မြောဖွယ်ရာ မျက်နှာပြင် အစရှိသည့် ဖုန်းတစ်လုံးအတွက် မရှိမဖြစ်လိုအပ်သော နည်းပညာများ ထည့်သွင်းပေးထားပါတယ်။

“စမတ်ဖုန်းတီထွင်ဆန်းသစ်မှုတွေမှာ ဦးဆောင်လျက်ရှိတဲ့ Samsung အနေနဲ့ လူတိုင်းအတွက် အနှစ်သာရပြည့်စုံတဲ့ တီထွင်ဆန်းသစ်မှုများကို ပေးစွမ်းသွားမယ်လို့ ကတိပြုချင်ပါတယ်။ သို့သော်လည်းပဲ လူတိုင်းမှာ မတူညီတဲ့ ကြိုက်နှစ်သက်မှုတွေ၊ လိုအပ်ချက်တွေရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့နားလည်ထားပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ Galaxy J Series မှ ဈေးနှုန်းပိုချိုသာပြီး ပိုခေတ်မီသော A Series ကို ပြောင်းလဲထုတ်လုပ်ထားပါတယ်။ Samsung Galaxy A Series ဟာ မျိုးဆက်သစ်လူငယ်တွေအတွက် တီထွင်ဆန်းသစ်ထားတဲ့ဖုန်းတွေကို အသင့်တော်ဆုံးဈေးများနဲ့ သုံးစွဲခွင့်ရရှိဖို့အတွက် ဖန်တီးထုတ်လုပ်ထားပါတယ်” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့ပါတယ်။

“အခုဆိုရင် လူတွေဟာ သူတို့အတွေ့အကြုံတွေကို ဘယ်လို ဖန်တီးမျှဝေကြမလဲဆိုတာကစပြီး အချင်းချင်းဆက်သွယ်နေကြပုံတွေပြောင်းလဲလာကြတာကို တွေ့ရတယ်။ လူတွေဟာ အခုနောက်ပိုင်းမှာဆို သူတို့ရဲ့ဘ၀ပုံစံတွေကို မျှဝေကြတယ်။ ရိုက်ယူမှတ်တမ်းတင်ကြတယ်။ အချင်းချင်းပိုဆက်သွယ်လာကြတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်လာကြတယ်။ အခုလိုမျိုး ဈေးနှုန်းသင့်တော်တဲ့ Galaxy A10 နှင့် A20 စမတ်ဖုန်းများနဲ့အတူ သုံးစွဲသူတွေဟာ story တွေ မျှဝေလာနိုင်မယ်။ မိသားစု၊ သူငယ်ချင်းတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာလဲ ပါဝင်နိုင်လာမယ်။ အဲ့လိုနည်းနဲ့ သုံးစွဲသူတွေဟာ စစ်မှန်ရိုးသားပြီး ပိုမို အဓိပ္ပါယ်ပြည့်စုံတဲ့ ချိတ်ဆက်မှုတွေကို ဖန်တီးလာနိုင်မှာဖြစ်ပါတယ်” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Galaxy J Series မှ Galaxy A Series သို့ပြောင်းလဲထုတ်လုပ်လိုက်ခြင်းဖြင့် သုံးစွဲသူများအနေနှင့် တီထွင်ဆန်းသစ်ထားသည့် မရှိမဖြစ်လုပ်ဆောင်ချက်များကို အသုံးပြုနိုင်မှာဖြစ်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်အလျောက်သင့်တော်သည့် ဖုန်းအမျိုးအစား အား ပိုမိုလွယ်ကူစွာရွေးချယ်နိုင်မှာပါ။ Galaxy A Series သည် အချိန်မရွေး ချိတ်ဆက် မျှဝေနိုင်မည့် လုပ်ဆောင်ချက်များကို ထည့်သွင်းထားပြီး လက်တွေ့ဘဝနှင့်ထပ်တူကျစွာ ချိတ်ဆက်မျှဝေနိုင်စေရန် ဖန်တီးထားပါတယ်။

Galaxy A10

Galaxy A10 တွင် ၆.၂ လက်မ HD+ မျက်နှာပြင်ပါဝင်ပြီး သုံးစွဲသူများအား အဆုံးအစမဲ့ V မျက်နှာပြင် အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အဆုံးအစမဲ့မျက်နှာပြင်ထည့်သွင်းပေးထားသောကြောင့် မျက်နှာပြင် အရွယ်အစား ပိုမိုကြီးမားလာပြီး သုံးစွဲသူများအနေဖြင့် စွဲမက်နစ်မြောဖွယ်ရာ ကြည့်ရှုမှုအတွေ့အကြုံကို ခံစားနိုင်မှာပါ။ အဆိုပါ ဖုန်းသည် ဂိမ်းကစားခြင်း၊ ဗွီဒီယိုကြည့်ခြင်းနှင့် တစ်ချိန်တည်းတွင် လုပ်ငန်းများစွာ လုပ်ဆောင်နိုင်ခြင်းတို့တွင် စံထားရလောက်သော ဖုန်းတစ်လုံးဖြစ်ပါတယ်။

ဓာတ်ပုံပုံရိုက်ကူးရန်အတွက်လည်း 13MP ရှိသော အနောက်ကင်မရာအား ထည့်သွင်းပေးထားပြီး 5MP ရှိသော ရှေ့ကင်မရာပါဝင်ပါတယ်။

Galaxy A10 သည် Octa-core Exynos 7884 Processor ပါဝင်သည့်အတွက် တည်ငြိမ်သော စွမ်းဆောင်ရည် နှင့် ကောင်းမွန်သောတုံ့ပြန်မှုတို့ကို သေချာစေမှာပါ။

RAM 2GB နှင့် Internal Storage 32GB ပါဝင်ပြီး 512GB အထိ ပါဝင်သော micro SD card ကိုပါ တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်ကာ ဘက်ထရီ 3,400 mAh ပါဝင်ပြီး Face Unlock ကိုအသုံးပြုထားပါတယ်။

Galaxy A10 ကို ချောမွတ်တောက်ပြောင်ပြီး လက်အတွင်းမြဲမြံစွာ ကိုင်ဆောင်ထားနိုင်သည့် ကိုယ်ထည်ဖြင့် ဖန်တီးထားပါတယ်။

Galaxy A20

Galaxy A20 သည် A10 ထက် အရွယ်အစားအနည်းငယ်ကြီးမားပြီး အဆုံးအစမဲ့ V မျက်နှာပြင်ကြောင့် ပိုမိုကျယ်ပြန့်စွာ ကြည့်ရှုနိုင်မှာပါ။ ဖုန်း၏ အစွန်းနှစ်ဖက်အပြည့် ၆.၄ လက်မ HD+ Super AMOLED မျက်နှာပြင်သည် သုံးစွဲသူများကို ပိုမိုနစ်မြောဖွယ်ရာ မြင်ကွင်းအတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။ A20 ၏ ကြီးမားသောမျက်နှာပြင်သည် ဂိမ်းကစားခြင်း၊ ဗွီဒီယိုကြည့်ခြင်းနှင့် တစ်ချိန်တည်းတွင် လုပ်ငန်းများစွာ လုပ်ဆောင်နိုင်ခြင်းတို့တွင် စံချိန်မီအောင် ဖန်တီးပြုလုပ်ထားပါတယ်။

Galaxy A20 တွင် 13MP နှင့် 5MP ရှိပြီး လူသားတစ်ဦး၏ မျက်လုံးနှင့် အမှန်တကယ်မြင်တွေ့ရသည့်အတိုင်း ရိုက်ကူးနိုင်သော Back ကင်မရာနှစ်လုံးပါဝင်ပါတယ်။ (include front camera 8MP)။ ထို့အပြင် Wide Camera နှင့် အသစ်ထပ်မံထည့်သွင်းထားသော လုပ်ဆောင်ချက်များပါဝင်သည့်အတွက် ပျော်ရွှင်စရာ အတွေ့အကြုံများကို ရရှိစေမှာဖြစ်ပါတယ်။ Galaxy A20 ၏ Ultra-wide angle Camera က သင်၏ကမ္ဘာကို မြင်တွေ့ရသည့်အတိုင်း အကန့်အသတ်မရှိ ရိုက်ကူးစေနိုင်မှာပါ။

ထို့အပြင် “Intelligent Switch” လုပ်ဆောင်ချက်နှင့်အတူ သင်၏ ကင်မရာမှ Wide Shot Mode အသုံးပြုနိုင်မည့် အချိန်ကို ခွဲခြားအကြံပြုပေးမှာဖြစ်ပါတယ်။ ယင်းဖုန်းတွင် 3GB RAM နှင့် Internal Storage 32GB ပါဝင်သည့်အပြင် 512GB အထိ ပါဝင်သော micro SD card ကိုပါ တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်သလို ဘက်ထရီအားဖြင့် 4,000 mAh ထည့်သွင်းထားပါသေးတယ်။ (15W Adaptive Fast Charging) (Fingerprint & Face Recognition)

Samsung သည် Galaxy A Series တစ်ခုလုံးအား သုံးစွဲသူများအနေဖြင့် အဆင့်မြင့်သော စမတ်ဖုန်း လုပ်ဆောင်ချက်များကို ပိုမိုချိုသာသောဈေးနှုန်းများဖြင့် ရရှိစေနိုင်ရန် ရည်ရွယ်ပြီးထုတ်လုပ်ထားရုံသာမက Galaxy A10/A20 ၀ယ်ယူသူများအနေဖြင့် Premium Care ၀န်ဆောင်မှုဖြစ်သည့် no worry crack ( ဝယ်ယူပြီးချိန်မှ ၃လအတွင်း အရှေ့မှန်ကွဲလျှင် မှန်ပြန်လဲချိန်တွင် ၄၀ ရာခိုင်နှုန်း အထိ သက်သာခွင့်ရရှိမည်ဖြစ်သည်) အစီအစဉ်ကို ခံစားခွင့်ရရှိမည်ဖြစ်ပါတယ်။

Galaxy A10/A20 စမတ်ဖုန်းသစ်မိတ်ဆက်မှုနှင့်အတူ Samsung Myanmar သည် Mytel နှင့်ပူးပေါင်းထားသောကြောင့် Galaxy A10 နှင့် A20 ဝယ်ယူသူများအနေဖြင့် အထူးလက်ဆောင်အဖြစ် လစဉ် ဒေတာအသုံးပြုမှု 2GB နှင့် Mytel ဖုန်းအချင်းချင်းခေါ်ဆိုမှု မိနစ်ပေါင်း ၂၀၀ အား ၆လ ဆက်တိုက် ရရှိနိုင်မှာပါ။

Galaxy A10 နှင့် A20 စမတ်ဖုန်းများအား မြန်မာနိုင်ငံတစ်ဝန်းတွင် ဧပြီလ ၁၀ ရက်၊ ၂၀၁၉ မှစတင်၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး Galaxy A10 နှင့် A20 တို့အား အမည်းရောင်၊ နက်ပြာရောင် နှင့် အနီရောင်တို့ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါတယ်။

ဈေးနှုန်းအနေဖြင့် Galaxy A10 အား ၁၈၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy A20 အား ၂၅၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်။