အနက်ရောင်ဆိုတာ လူတွေ အများအားဖြင့် ကြိုက်နှစ်သက်ကြတဲ့အရောင်ဖြစ်ပါတယ်။ အ၀တ်အစားအတွက် ထွေထွေထူးထူး စဉ်းစားလို့မရရင် လူတွေအများအားဖြင့် အနက်ရောင်ကို ၀တ်ဆင်ကြတာပါ။ ဥာဏ်ရည်ထက်မြတ်တဲ့သူတွေဟာ အနက်ရောင်ဝတ်ဆင်ကြသလို အနက်ရောင်က သင့်ကို ပိုပြီး လှပစေပြီး ယုံကြည်မှုလည်း ပိုတိုးစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ Apple ကုမ္ပဏီရဲ့ CEO ဖြစ်ခဲ့သူ Steve Jobs တို့လို အောင်မြင်ကျော်ကြားတဲ့သူတွေဟာ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ကြတယ်လို့ ဆိုပါတယ်။ Steve Jobs ကို အနက်ရောင်နဲ့ ဂျင်းပြာ ၀တ်စုံနဲ့ အများဆုံး တွေ့ရလေ့ရှိပါတယ်။

အဲဒီသုတေသသနကို နယ်ပယ်ဂဏ္ဍအသီးသီးက လူပေါင်း ၁၀၀၀ ကို စောင့်ကြည့်လေ့လာပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီသုတေသနအရ အနက်ရောင်ဝတ်စုံကို ရွေးချယ်ဝတ်ဆင်တတ်ကြတဲ့သူတွေဟာ ပိုပြီး ဥာဏ်ရည်ထက်မြတ်ကြပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိကြတယ်လို့ဆိုပါတယ်။

ဒါပေမယ့် အဲဒီလူတွေဟာ တခြားအရောင်တွေကို မ၀တ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အများအားဖြင့်တော့ အနက်ရောင်ကို ရွေးချယ်ဝတ်ဆင်ကြတယ်လို့ဆိုလိုတာပါ။

အနက်ရောင်ပြီးရင် ဥာဏ်ရည်ထက်မြတ်တဲ့သူတွေ နောက်ထပ် ရွေးချယ်ကြတဲ့ အရောင်ကတော့ အပြာရောင်ဖြစ်တယ်လို့ဆိုပါတယ်။

ချစ်သူနဲ့ ပထမဆုံး Date လုပ်ကြရင်လည်း အနက်ရောင်ကို အများဆုံးဝတ်ဆင်ကြပြီး တခြားအရောင်အမျိုးမျိုးကို ၀တ်ဆင်ကြသူတွေကတော့ အမျိုးသမီးတွေမှာ ၁ % နဲ့ အမျိုးသား ၄ % လောက်သာရှိတယ်လို့ ဆိုပါတယ်။

အနီရောင်ဟာဆိုရင်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြောင်းပြသတဲ့အရောင်ဖြစ်ပြီး အနီရောင်ကို အနက်ရောင်နဲ့ တွဲပြီး ၀တ်ဆင်ကြတာများပါတယ်။

အနက်ရောင်ဟာ ဘာအရောင်နဲ့ပဲ တွဲဝတ်ဝတ် အဆင်ပြေတာမို့ လူတွေအများစု ရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့အရောင်တစ်ခုဖြစ်နေတာပါ။ ပိန်ပိန် ၀၀ အနက်ရောင်လေးက သင့်ကို လှပတင့်တယ်စေတာမို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေတဲ့ အနက်ရောင်ကို ရွေးချယ်ဝတ်ဆင်ကြတာဖြစ်ပါတယ်။