သွားတိုက်ဆေးကို သွားတိုက်တာအပြင် တခြားနည်းလမ်းနဲ့လည်း အသုံးပြုလို့ရပါသေးတယ်။ အခုတော့ စာဖတ်သူတို့အတွက် သွားတိုက်ဆေးကို အလှအပနဲ့ တခြားနည်းလမ်းတွေအတွက် အသုံးပြုနည်းကိုမျှဝေပေးသွားမှာပါ။

ခြစ်ရာတွေ စွန်းရာတွေကို ဖယ်ရှားပေးနိုင်တယ်

ဥပမာ ဖုန်းတွေ၊ ကားတွေပေါ်က ခြစ်ရာတွေ စွန်းရာတွေကို အိကျီ င်္ပေါ်က စွန်းကွက်တွေကို ဖယ်ရှားဖို့ သွားတိုက်ဆေးအုံပေးပြီး (သို့) လိမ်းပေးပြီး ခြောက်အောက်ထားပါ။ ပြီးရင် အ၀တ်ဆိုရင် လျှော်လိုက်ပါ။ ခြစ်ရာတွေကိုတော့ အ၀တ်စကို ရေစွတ်ပြီး သွားတိုက်ဆေးကို ဖယ်ရှားပါ။

DVD နဲ့ CD ခွေတွေ

DVD CD ခွေတွေမှာ ခြစ်ရာကြောင့် ထစ်နေရင် သွားတိုက်ဆေးနည်းနည်းနဲ့ ပွတိုက်ပေးပါ။

ဝက်ခြံ

ဝက်ခြံထွက်လာရင်မ ညှစ်ဘဲ ညဖက်မှာသွားတိုက်ဆေးအုံပေးပါ။ မနက်ဆိုရင် ၀က်ခြံပိန်သေးသေးလေးဖြစ်ပြီး ခြောက်သွားမှာဖြစ်ပါတယ်။

လက်တွေကိုသန့်ရှင်းရေးလုပ်မယ်

ညစ်ပတ်နေတဲ့ လက်ကို သွားတိုက်ဆေးနည်းနည်းထည့်ပြီး ဆေးပေးပါ။

လက်သည်းခြေသည်းတွေ ဖြူဝင်းစေဖို့

လက်သည်းခြေသည်းဝါနေတာတွေကို သွားတိုက်ဆေးနဲ့ ပွတ်ပေးပါ။ ဖြူဖွေးသွားစေမှာဖြစ်ပါတယ်။

စားပွဲနဲ့ ကော်ဇောတွေမှာ အစွန်းအထင်းပေရင်

ဥပမာ ကော်ဖီ (သို့) ၀ိုင်ကော်ဇောပေါ်က ဖိတ်ကျသွားခဲ့လို့ စွန်းသွားရင် သွားတိုက်ဆေးနဲ့ ပြန်ချွတ်လို့ရပါတယ်။

ဖိနပ်ကိုသန့်ရှင်းရေးလုပ်မယ်

ဖိနပ်အဖြူတွေညစ်ပတ်စွန်းထင်းသွားရင် သွားတိုက်ဆေးကို ရေရောပြီး ဖိနပ်ပေါ်မှာ လိမ်းပေးပါ။ နေပူထဲခြောက်အောင်ထားပါ။ ပြီးရင် သွားတိုက်ဆေးကိုခါချလိုက်ပါ။ အသစ်လိုပဲဖြူဝင်းသွားစေမှာဖြစ်ပါတယ်။

ခြင်ကိုက်ရာ

ခြင်ကိုက်ပြီဆိုရင် မကုပ်ဘဲမနေနိုင်တာသဘာဝပါ။ နည်းနည်းလောက်ကုပ်ပေးပြီး သွားတိုက်ဆေးလိမ်းပေးထားပါ။ သက်သာသွားပါလိမ့်မယ်။

ငွေထည်ပစ္စည်းတွေ

ငွေထည်ပစ္စည်းတွေကိုအရောင်တောက်ချင်ရင် သွားတိုက်ဆေးနဲ့ တိုက်ပေးပါ။

ပို့စ်စတာတွေ ကပ်မယ်

ပို့စ်စတာတွေကို သွားတိုက်ဆေးနဲ့ ကပ်ပေးလို့ရပါတယ်။ နံရံကိုလည်း မပျက်ဆီးစေပါဘူး။