အသက်ငယ်ငယ်တုန်းက ငယ်ဂုဏ်နဲ့လှပေမယ့် အသက်ကြီးလာတဲ့အခါ တည်ငြိမ်ရင့်ကျက်တဲ့အလှနဲ့ ပိုပြီးကျက်သရေရှိပါတယ်။

အသက် ၂၀ ကထက် ပိုပြီးလည်း ကြည့်ကောင်းပြီး ပိုနုပျိုရတဲ့အကြောင်းရင်းကတော့ ဒီလိုအကြောင်းရင်းတွေကြောင့်ပါတဲ့။

အသက်အရွယ်နဲ့ တခြားအရာတွေအပေါ်အရမ်းအာရုံ မထားဘူး

အသက်အရွယ်ပိုရလာတာဟာ ပိုပြီးရင့်ကျက်လာတယ်။ ပတ်ဝန်းကျင်က ကိုယ့်အပေါ် ရှူ့မြင်တဲ့သဘောထားကိုလည်း မျက်ကွယ်ပြုတတ်လာပါတယ်။ ပိုယုံကြည်မှုရှိလာတာက သူတို့ရဲ့ လျှို့ဝှက်ချက်တွေပါပဲ။

ဖက်ရှင်ကျတယ်

အသက် ၂၀ အရွယ်ကထက် အသက် (၃၀) မှာပိုကြည့်ကောင်းပြီး ပိုတည်ငြိမ်လာတဲ့အကြောင်းရင်း (၉ )ချက်

ငယ်ငယ်တုန်းကလည်း ငယ်ငယ်တုန်းကဖက်ရှင်နဲ့လှသလို အသက်ရလာတော့ ဖက်ရှင်အပြောင်းအလဲလေးလုပ်ပြီး ဖက်ရှင်ကျကျ လှလှပပလေး နေတတ်လာပါတယ်။

ပိုပြီးတန်ဖိုးရှိတဲ့အရာတွေကိုသုံးတယ်

အရင်တုန်းကလို ပေါပေါပဲပဲ နဲ့များများဝယ်တာထက် နည်းနည်းလေးနဲ့ အရည်အသွေးကောင်းတာ၊ ပိုပြီး Elegant ဖြစ်စေတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်တတ်လာပါတယ်။

ကိုယ်ပိုင်စတိုင်လ်ရှိလာတယ်

အသက်အရွယ်အပိုင်းအခြားမရွေး ကိုယ့်ရဲ့ ဖက်ရှင်စတိုင်လ်ကို ကိုယ် သေချာရွေးချယ်တတ်မယ်ဆိုရင် ဘယ်လိုအခြေအနေဖြစ်ဖြစ် လှနေမှာပါနော်။

သူတို့ကိုယ်သူတို့ပိုတန်ဖိုးထားလာတယ်

သူတို့ကိုယ်သူတို့ပိုတန်ဖိုးထားတတ်လာတယ်။ မကောင်းတဲ့အခြေအနေ ပြဿနာတွေကို အဖြေရှာတတ်လာတယ်။ ပိုတည်ငြိမ်ပြီး ဖြေရှင်းတတ်လာတယ်။

သူတို့လိုချင်တာကိုသိတယ်

အသက်၂၀ ဆိုတဲ့ ကာလတစ်ခုကကျန်ခဲ့ပါပြီ။ ဖြတ်သန်းလာတဲ့အတွေ့အကြုံအရ သူတို့ရဲ့ ကိုယ်ပိုင် လိုအင်ဆန္ဒနဲ့ရွေးချယ်မှုတွေရှိလာပြီဖြစ်ပါတယ်။

တစ်ယောက်တည်းလည်း နေတတ်လာတယ်

ကိုယ့်ကိုကိုယ် သံသယဖြစ်နေတာမျိုး၊ ကြောက်နေတာမျိုးမရှိတော့ဘူး။ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းပြီး ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်လာတာက ပိုပြီးဆွဲဆောင်မှုရှိစေတာပါပဲ။

အစားအသောက်ကိုလည်း သေချာဂရုစိုက်တတ်လာတယ်

ဝစေတာ၊ ကျန်းမာရေးနဲ့မညီညွတ်တာတွေကို ရှောင်တတ်လာတယ်။ ဒီလိုရှောင်ပေးလိုက်တာဟာ ပိုပြီး ကျန်းမာလှပစေတာပါပဲ။

အမြဲတမ်း နုပျိုလှပမနေဘူးဆိုတာကိုနားလည်လာတယ်

တစ်သက်လုံး ဒီလိုဆက်ပြီးလှပနေမှာ နုပျိုနေမှာမဟုတ်ဘူးဆိုတာကို နားလည်လာတာနဲ့အညီ စိတ်ရင်းစေတနာမှန်ကို တန်ဖိုးထားတတ်လာတယ်။ အပေါ်ယံကိုကြည့်တာထက် ရင်ဘတ်ထဲကိုကြည့်တတ်လာပါတယ်။

Photo: www.brightside.me

By: MyStyle Myanmar