စာဖတ်တဲ့အကျင့်ကို သင် ဘယ်လိုပြုစုပျိုးထောင်ထားပါသလဲ။ စာအုပ်နဲ့လား၊ သတင်းစာနဲ့လား၊ မဂ္ဂဇင်းနဲ့လား၊ ဖုန်းနဲ့လား။ သင်နောက်ဆုံး စာအုပ်ဖတ်ခဲ့တာက ဘယ်အချိန်ပါလိမ့်။ သင် ဘာကိုပဲ အသုံးပြုပြီးဖတ်ဖတ် အဓိကကတော့ စာဖတ်ဖို့ပါပဲ။ အကယ်၍ သင် စာဖတ်တဲ့ အလေ့အကျင့် လုပ်မထားဘူးဆိုရင် ဘဝမှာ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းများစွာကို ဆုံးရှုံးလက်လွှတ်သွားနိုင်ပါတယ်။ အဲဒီအရာတွေထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိမိစိတ်ကို စေ့ဆော်မှုပေးနိုင်ခြင်း

စာမဖတ်ဖြစ်တော့တဲ့အခါကြတော့ ဦးနှောက်က တောင့်တနေတဲ့ အစာအဟာရကို မဖြည့်ဆည်းပေးတော့သလိုဖြစ်သွားတာပေါ့။ မိမိခန္ဓာကိုယ်အတွက် အစာအာဟာရဖြည့်မှသာလျှင် ခန္ဓာကိုယ်က တက်ကြွစွာ အလုပ်လုပ်ကိုင်နိုင်သလိုပဲ မိမိဦးနှောက်ကို အာဟာရပေးနိုင်မယ့် စာအုပ်တွေ၊ ဆောင်းပါးတွေ ဖတ်ပေးမှသာလျှင် ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်နိုင်မှာပါ။

ဒီနေရာမှာ ပြောချင်တာကို ကိုယ်စိတ်ဓာတ်ကျတဲ့အခါ သို့တည်းမဟုတ် စေ့ဆော်မှု မရှိတဲ့အခါ ကိုယ်ဖတ်ထားတဲ့စာတွေ ဗဟုသုတတွေက ဆရာအဖြစ် လမ်းညွှန်မှု ပေးနေပါလိမ့်မယ်။ သင့်ကို အမြဲ စွမ်းအင်တွေပြည့်နေအောင် ပံ့ပိုးပေးပါလိမ့်မယ်။

၂။ စိတ်ဖိစီးမှုကို လျော့ချပေးခြင်း။

အလုပ်မှာ ဘယ်လောက်ကြီးပဲ ဖိအားတွေ များနေပါလေ့စေ သင် စာအုပ်တွေ ဖတ်ထားတယ်ဆိုရင် ဖတ်ထားတဲ့ ဗဟုသုတတွေက အဲဒီဖိအားဒဏ်ကို စနစ်တကျနဲ့ သပ်သပ်ရပ်ရပ် သင် စီမံခန့်ခွဲ တတ်နေပါလိမ့်မယ်။ ရသပိုင်းကို ပေးတဲ့ စာအုပ်ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်မှာ အလုပ်လုပ်နေရင်းတဲ့တောင် ဖိအားတွေရှိမှ လုပ်ချင်တော့တာမျိုးအထိ ဖြစ်နေပါလိမ့်မယ်။

အဲဒီ အလုပ်ဖိအားတွေကြောင့် သင့်ဘဝ ပိုတိုးတတ်အောင် ဖိအားကို အခွင့်အလမ်းအနေနဲ့ သင်အသုံးချယူလိုက်နိုင်တာကို ဆိုလိုတာပါ။ အဲဒီလို အမြင်မျိုး ဖြစ်ဖို့ဆိုတာကလည်း အတော်ကောင်းတဲ့ ရသစာအုပ်တွေကို ဖတ်ထားမှ ရင်ထဲအထိရောက်မှသာ ဖြစ်တာပါ။

၃။ ဗဟုသုတနှင့် ပြည့်စုံခြင်း။

ဖတ်ထားသမျှ ဗဟုသုတတွေဟာ တနည်းတဖုံ ဦးနှောက်ထဲ နှလုံးထဲ ရောက်သွားကြတာချည်းပါပဲ။ လက်ရှိမှာ အသုံမတည့်သေးပေမယ့် အနာဂတ်တစ်ချိန်ချိန်မှာ အခွင့်အရေးပေါ်တာနဲ့ တစ်ခါတည်း အသုံးချခွင့် ကြုံချင်ကြုံလာပါလိမ့်မယ်။ ဗဟုသုတများများပြည့်စုံနေလေလေ အခွင့်အလမ်းများများကို သင်ဆုပ်ကိုင်နိုင်လေလေဖြစ်ပါတယ်။

“ပညာရွှေအိုး လူမခိုး”လို့ ပြောကြတယ် မဟုတ်ပါလား။ သင့်မှာရှိနေတဲ့ အလုပ်တွေ၊ ပစ္စည်းပစ္စယတွေအကုန်းလုံး ရှုံးဆုံးသွားနိုင်ပေမယ့် သင်ဆည်းပူးထာတဲ့ ပညာဗဟုသုတတွေကတော့ ဘယ်တော့မှ ပျောက်ပျက်ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။

၎။ စကားအပြောအဆို ကောင်းမွန်ခြင်း။

များများဖတ်လေလေ အပြောအဟော ကောင်းမွန်လေလေပါပဲ။ ကိုယ်က ဗဟုသုတတွေ များများရှာဖွေ ဖတ်ရှုထားတော့ စကားပြောဆိုဆွေးနွေးမှုတွေမှာ အချက်အလက်တွေကို သေချဃနစွာ ပြောဆိုတတ်ပြီး ကိုယ့်ကိုယ်ကိုလည်း စာဖတ်ထားတဲ့အတွက် ယုံကြည်မှု အပြည့်ရှိပါတယ်။

အဲဒီတော့ သင့်အလုပ်မှာတောင် စကားအပြောအဆို ညံ့တဲ့၊ စာမဖတ်တဲ့သူတွေထက် စာရင် သင်ဟာ အမြဲ ထိပ်တန်းတစ်နေရာရာ ရပ်တည်နေပါလိမ့်မယ်။ အပြောအဆို ကောင်းမွန်တာကြောင့် သင့်ဘဝများစွာ ပြောင်းလဲ တိုးတက်သွားနိုင်တယ်လို့ ပြောချင်တာပါ။

၅။ မှတ်မိနိုင်စွမ်း အားကောင်းလာခြင်း။

စာဖတ်နေပြီဆိုကတည်းကရင်း သင်ဟာ ဖတ်တဲ့စာကြောင်းတိုင်းရဲ့ အဓိပ္ပယ်တွေကို ဦးနှောက်ထဲမှာ ပုံဖော်နေပြီ ဖြစ်ပါတယ်။ ဇာတ်ကောင်တွေ၊ နေရာတွေ၊ သမိုင်းကြောင်းတွေ၊ ပြုမှုပြောဆိုပုံတွေကို အလိုလိုနေရင်း စိတ်ထဲမှာ မြင်ယောင်ကြည့်နေလေ့ရှိပါတယ်။ ဒါတွေကို မြင်ယောက်ကြည့်နေတဲ့စိတ်ကို သို့မဟုတ် မှတ်ဥာဏ်ကို ဦးနှောက်က နည်းနည်းချင်း နည်းနည်းချင်း မှတ်သားနေပါတယ်။

အဲဒါကြောင့် သင်စာတစ်အုပ်ပြီးတစ်အုပ်ဖတ်လိုက်တိုင်း ဦးနှောက်က ချင့်ချိန်စဉ်းစားပြီး သူ့မှတ်ဥာဏ်ထဲမှာ အသစ်သော ဗဟုသုတတွေကော ဖတ်ပြီးသား ဗဟုသုတတွေကိုမှာ မှတ်ထားသိမ်းဆည်းထားဆဲပါ။ အဲဒီ မှတ်ဥာဏ်တွေ လိုတဲ့အချိန် လိုသလို ပေါ်လာတတ်ပါတယ်။

၆။ တွေးခေါ်စဉ်းစားမှု မြင့်မားလာခြင်း။

Relationship အသစ်တစ်ခု မစတင်ခင် သင့်ကိုယ်သင် ပြန်မေးရမယ့် မေးခွန်း (၇)ခု

တကယ့်ကို ကောင်းမွန်တဲ့ ဂန္ဓဝင်စာအုပ်ကြီးတစ်ချို့ကို ဖတ်ဖူးတယ်မဟုတ်လား။ ဖတ်နေရင်းနဲ့ကို ရှေ့ဆက်ပြီး ဘာဆက်ဖြစ်နိုင်တယ်လို့ ကောက်ချက်တန်းချနိုင်တာမျိုးတွေ ရှိတယ်လေ။ ကောက်ချက်ချတယ်ဆိုတာ ဘလိုင်းကြီးတန်းချတာမျိုးမဟုတ်ပဲနဲ့ ဘယ်အချက်ကြောင့်၊ ဘယ်စာပိုဒ်ကြောင့်၊ ဘယ်ဇာတ်ကောင်ကြောင့် ဘာဖြစ်မယ်ဆိုတာကို အကြောင်းပြချက် ခိုင်ခိုင်မာမာနဲ့ ကောက်ချက်ချတာမျိုးပါ။

အဲဒီလို ကောက်ချတတ်ဖို့ကလည်း စာအုပ်များစွာကို ဖတ်ထားခြင်းရဲ့ ကောင်းကျိုးတွေပါ။ လက်တွေ့ဘဝနဲ့ ချိန်ကြည့်တဲ့အခါမှာလည်း ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လိုလေး လုပ်လိုက်ရင် ပိုကောင်းသွားနိုင်တယ် စတဲ့ မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်မျိုးကို စဉ်းစားလာနိုင်မှာ ဖြစ်တယ်။

၇။ အာရုံစူးစိုက်မှု အားကောင်းလာခြင်း။

ဒါကတော့ အသေအချာ ရရှိမယ့် စွမ်းရည်တစ်ခုပါ။ စာဖတ်တဲ့သူတွေဟာ ဖတ်တဲ့စာအပေါ်မှာ အာရုံးစူးစိုက်ကြတာ မဟုတ်တော့ဘဲနဲ့ အလုပ်မှာ၊ လူမှုရေးလုပ်ငန်းမှာ ဘယ်နေမှာဖြစ်ဖြစ် သေသေချာချာ အာရုံးစူးစိုက်ပြီးလုပ်တဲ့တတ် အကျင့် ရလာကြပါလိမ့်မယ်။ အလုပ်လုပ်တဲ့အခါကျရင် အာရုံစူးစိုက်ပြီး လုပ်တော့ အလုပ်ပို ဖြစ်မြောက်တာပေါ့။

လူမှုရေးလုပ်ငန်းတွေမှာဆိုရင် လူအများရဲ့ ယုကြည်လေးစားခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်တာဟာ စာအပေါ်မှာပဲ အာရုံစူးစိုက်စေတဲ့အကျင့်တစ်ခုတည်းကို ပေးတာမဟုတ်ဘဲ နေရာတကာအတွက် အာရုံစူးစိုက်မှုကို ပေးနေတာပါ။

Source: www.lifehack.org