ဟယ်လို အားလုံးပဲမင်္ဂလာပါနော်။ မိုးရွာတဲ့အခါ ဘယ်သူ့ကို လွမ်းလို့ လွမ်းမှန်းမသိတဲ့ ခံစားချက်မျိုး ဖြစ်ကြလားရှင့်။ စာရေးသူကတော့ ရှမ်းပြည်တောင်တန်းတစ်နေရာက မွေးရပ်မြေကို လွမ်းမိပါတယ်။

ဒီအချိန်ဆို မိုးအုံ့ဆိုင်းပြီး ညှို့မှိုင်းနေတဲ့ တောင်တန်းပြာလေးတွေကလည်း ရှမ်းပြည်ရဲ့ အလှကို ဝန်းရံလို့နေရော့မယ်ပေါ့။ မိုးဖွဲဖွဲလေးရွာနေတဲ့အခါ ကော်ဖီပူပူလေးတစ်ခွက်သောက်ပြီး ချစ်ရတဲ့သူတွေကို လွမ်းတတ်ကြတာလည်း သဘာဝပါပဲ။

မိုးဖွဲဖွဲလေးနဲ့ ချစ်တဲ့သူကိုလွမ်းမလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မျှဝေမလား။ မိုးလေးဖွဲဖွဲ ၊ ထီးလေးတစ်ချောင်းနဲ့ ဓာတ်ပုံလှလှရိုက်လို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

Photo: www.pinterest.com

By: MyStyle Myanmar