အဆိုတော်၊ သရုပ်ဆောင် Rain ဟာ သူ့ရဲ့ ဇနီးဖြစ်သူ Kim Tae Hee နဲ့ သမီးဖြစ်သူနဲ့ ပတ်သက်တဲ့ အင်တာဗျူးတွေကို ဖြေသွားတော့မှာမဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့က သူ့ရဲ့ မီနီအယ်လ်ဘမ်ဖြစ်တဲ့ My Life တေးအယ်လ်ဘမ်နဲ့ ပတ်သက်လို့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။

ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော့်ရဲ့ မိသားစုနဲ့ပတ်သက်လို့ ပြောဖို့ အများကြီးစဉ်စားခဲ့ပါတယ်။ သူတို့အကြောင်းပြောတာ ကောင်းသလား၊ မကောင်းဘူးလားဆိုတော့ ကျွန်တော်သေချာမသိပါဘူး။ အခု ကျွန်တော်ရဲ့ သမီးအကြောင်းကို ပထမဆုံးအကြိမ်ပြောတာပါ။ ကျွန်တော့်ဘဝရဲ့ ဒုတိယအစိတ်အပိုင်းပါပဲ။ ကျွန်တော့်အတွက်တော့ ပြောမပြနိုင်လောက်အောင် အဖိုးထိုက်တန်လွန်းတဲ့သူပါလို့ ပြောပါတယ်။

K-Pop Idol တွေထဲက ၂၀၁၇ ခုနှစ်အတွင်း အချမ်းသာဆုံး Idol (၁၀) ဦး

ကျွန်တော့်ရဲ့ ဖန်တွေလည်း ကျွန်တော့်နေရာမှာ ဝင်ပြီး ခံစားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။ ကျွန်တော့်ရဲ့ ကလေးကို ကမ္ဘာကြီးအပေါ် ကျေးဇူးပြုနိုင်တဲ့သူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာတော့ သူ့ရဲ့ မိသားစုနဲ့ ပတ်သက်လို့ ဖြေကြားသွားတော့မှာမဟုတ်တဲ့အကြောင်း ပြောလိုက်ပါတယ်။

ကျွန်တော့် မိသားစုနဲ့ပတ်သက်လို့ ဒီနေ့ကစပြီး ကျွန်တော် ဖြေတော့မှာမဟုတ်ပါဘူး။ ကျွန်တော်ဒီမှာပဲရပ်လိုက်ပါပြီ။ အခုလို ပြောနေတာကလည်း ကျွန်တော့်ဇနီးနဲ့ ကလေးအတွက် ကောင်းတယ်လို့ မထင်ပါဘူးလို့ ဆက်ပြောပါတယ်။

Rain နဲ့ Kim Tae Hee ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက သမီးဦးလေးမွေးဖွားခဲ့တာဖြစ်ပါတယ်။