စိတ်အပန်းဖြေရင်း ဘာမှမစဉ်းစားချင်ဘူးဆိုရင် တောင်တက်ပါလို့ အကြံပေးပါရစေ ။ ကျွန်တော်တို့ ပြက္ခရွေ့တောင် တက်တုန်းက Review လေးရေးပါမယ်။

ပြက္ခရွေ့တောင်က ကျောက်ဆည်ခရိုင် မြစ်သားမြို့ နယ် ကူမဲမြို့မှာ တည်ရှိပါတယ် ။ မန္တလေးက နေ တောင်ခြေရောက်အောင် ကား ( သို့ ) ဆိုင်ကယ်နဲ့ကို အနည်းဆုံး ၂ နာရီကြာအောင် သွားရပါတယ်။ ဒါကြောင့် စောစောသွားဖို့ အကြံပေးပါရစေ ။ ကျနော်တို့ကတော့ မနက် ၆ခွဲလောက်မန္တလေး ကနေ စထွက်ပါတယ် တောင်ခြေကို ၉ နာရီလောက်မှရောက်ပါတယ် ။

မန္တလေး -ရန်ကုန် လမ်းဟောင်း သို့မဟုတ် 78 လမ်းအတိုင်း တည့်တည့်သွားပြီး ကူမဲထိရောက်အောင်သွားရမှာပါ ။ လမ်းမှာ မြစ်ငယ် ၊ စဥ့်ကိုင် ၊ ကျောက်ဆည် မြို့ များဖြတ်ပြီး ဘယ်မှ မကွေ့ဘဲ ကူမဲရောက်တဲ့အထိ တည့်မောင်းရမှာပါ ။ ကူမဲရောက်ရင် “ကင်းတဲဆည်” ဆိုတဲ့ ဆိုင်းဘုတ်ရောက်သည် အထိမောင်းရမှာပါ။

ဆိုင်းဘုတ်နားမှာ ပြက္ခရွေ့တောင်သို့ဆိုတဲ့ ဆိုင်းဘုတ်လည်းရှိပါတယ်။ ဒါပေမယ့် အထဲဝင်ပြီဆိုင်တွေနဲ့မြုပ်နေလို့ သေချာမတွေ့ ရပါဘူး ။ ဆိုင်းဘုတ်မြင်ရင် ညွှန်ထားတဲ့ ဘယ်ဘက်ကို ကွေ့ သွားရမှာပါ။ ကွေ့ပြီး ၁၀ မိနစ်လောက်မောင်းပြီး သွားရမယ့်လမ်းမသိရင် ရွ ခံတွေကိုမေးလို့လည်းရပါတယ်။ တောင်ခြေမရောက်ခင် စစ်တပ်လည်း ရှိပါတယ်။ နာမည်တော့ သေချာမဖတ်ခဲ့ရဘူး ။ စစ်တပ်ဘေးလမ်းကနေသွားရင်တော့ တောင်ခြေဘုန်းကြီးကျောင်းကို ရောက်ပါတယ်။ ထိုဘုန်းကြီးကျောင်းမှာ ကားတို့ ဆိုင်ကယ်တို့အပ်ပြီး စောင်းတန်းကနေတက်လို့လည်းရပါတယ်။ ကျနော်တို့ကတော့ တောင်ခြေမှာထားပြီ စောင်းတန်းကနေ တက်ပါတယ်။ အချိန် ၁နာရီခွဲလောက်ကြာမှ မောနားဘုန်းကြီးကျောင်းကို ရောက်ပါတယ်။

စောင်းတန်းကနေ မတက်ဘဲ ကားတွေ ဆိုင်ကယ်တွေကို ပြက္ခရွေ့အရှေ့တောင်နှင့် အနောက်တောင်ထိဆုံရာ မောနားအထိ မောင်းပြီးတက်လို့ရပါတယ်။ မောနားကျောင်းတွင် ရှေးဟောင်းအဆောက်အဦးတွေ အများကြီရှိပါတယ်။ လေ့လာရင် Photo ရိုက်လို့တော့ရပါတယ်။ အထဲဝင်ခွင်တော့ မပေးပါဘူး ။ မောနားရောက်ရင် အဓိက စဉ်းစားရမှာက အရှေ့တောင်တက်မှာလား၊ အနောက်တောင်တက်မလားဆိုတာကိုပါ။ အရှေ့တောင်က လမ်းပြေတယ်လို့တော့ပြောပါတယ်။ ဒါပေမယ့်ကျနော်တို့ကတော့ လမ်းကြမ်းတဲ့ အနောက်တောင်ပဲတက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုက အနောက်တောင်မှာရှိလို့ပါ။

ဒါ့အပြင် အနော်ရထာမင်းကြီး တည်ထားခဲ့တဲ့ ငါးခုမြောက်စွယ်တော် တည်ရှိရာနေရာလည်းဖြစ်ပါတယ်။ ပုဂံတွင်စွယ်လေးဆူ ရှိသလိုပဲ ကျန်သောတစ်ဆူက ပြက္ခရွေ့တောင်ပေါ်မှာ တည်ရှိတာပဲလို့ တောင်ပေါ်ဘုန်းကြီးကျောင်းက ဘုန်းကြီးက ပြောပြပါတယ်။ ကျနော်တို့ အဖွဲ့ မောနားကျောင်းကနေ တောင်ထိပ်အထိ ၄နာရီကြာအောင်တက်ရပါတယ်။ လမ်းမှာ စမ်းချောင်းတွေ၊ လျှိုတွေ၊ ကျောက်ဖျားတွေ၊ ၀ါးရုံတောတွေ ဖြတ်ပြီးမှတောင်ထိပ်ရောက်ပါတယ်။ တောကြက်တွေ ကြက်တူရွေးတွေ သဘာဝအလျှောက် သွားလာပျံသန်းနေတာကိုလည်းတွေရပါတယ် ။ ယုန်တွေဘာတွေလည်းရှိတယ် ပြောပေမယ့် မတွေ့ခဲ့ရပါဘူး ။

တောင်ပေါ်ရောက်ရင် ထမင်းဆီဆမ်း တို့ လက်ဖက်သုပ်တို့ ရောင်းတဲ့ ဆိုင်လည်း ရှိပါတယ်။ ဈေးလည်း သိပ်မကြီးပါဘူး ။ ၁နာရီလောက်နား ပြီးမှပြန်ဆင်းခဲ့ကြပါတယ် ။ အဆင်းကို ၃နာရီလောက်ဆင်းရပါတယ်။ အဆင်းက ပိုခက်ပါတယ်။ တောင်လမ်းဖြစ်တဲ့အပြင် ကျောက်သေးသေးလေးတွေက ချောပါတယ်။ ထောက်ပြီးသွားဖို့ တုတ်လေးပါရင် ပိုအဆင်ပြေပါတယ် ။ ပြီးတော့ အဖွဲလိုက်တက်ဖို့ပဲ အကြံပေးပါရစေ။

အဖွဲ့လိုက်တက်ရာမှာလည်း တယောက်ကို ရေသန့်တစ်ဗူးနဲ့ အားဖြည့် အချိုရည်တစ်ဗူးကို သယ်ဖို့လည်း အကြံပေးပါရစေ ။ တက်လမ်းတလျှောက် ရေသောက်စရာမရှိပါဘူး။ တောင်ထိပ်မှာပဲရှိပါတယ်။ ပြီးတော့ ကင်းဘတ်ဖိနပ် စီးပြီးသွားဖို့လည်း အကြံပေးပါတယ် ။ ကျနော်တို့ကတော့ ဖြေးဖြေးသွားတဲ့အတွက် ကူမဲမှာပဲ ညအိပ်ဖြစ်ခဲ့ပါတယ်။ တည်ခိုခန်းဈေးတွေလည်း သက်သာပါတယ် ။ မနက်ကို ကျောက်ဆည်ရွှေသိမ်တော်ဘုရားကိုဝင်ပြီးမှ မန္တလေးကိုပြန်ရောက်ပါတယ်။

ပြိုင်ပွဲပုံစံ

စာဖတ်သူတို့ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရတစ်ခုကို မိမိကြိုက်နှစ်သက်တဲ့ ပုံစံမျိုးနဲ့ Review အကောင်းဆုံးရေးပြီး ဓာတ်ပုံများနဲ့အတူတကွ MyStyle Myanmar ရဲ့  FB Messenger ကို ပေးပို့ရမှာဖြစ်ပါတယ်။ ပုံမှန်တွေ့ဖူးနေကြ ပြိုင်ပွဲတွေနဲ့မတူဘဲ တမျိုးဆန်းသစ်တဲ့ပုံစံလေးနဲ့မို့လို့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်နော်။

ပြိုင်ပွဲစတင်မယ့်အချိန်

Review ရေးပြိုင်ပွဲအစီအစဉ်ကိုတော့ မတ်လ၊ ၂၄ ရက်နေ့ကစတင်လျက်ရှိပြီး ဧပြီလ ၇ရက်နေ့ နောက်ဆုံးထားကာ Review လေးတွေကို ပေးပို့သွားရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူကိုတော့ ဧပြီလ၊ ၈ ရက်နေ့မှာ ကြေငြာပေးသွားမှာဖြစ်လို့ အချိန်ရှိတုန်းလေး အပြေးရေးထားလိုက်ရအောင်လား။

ပေးအပ်သွားမည့် ဆုလက်ဆောင်

ပေးပို့လာတဲ့ Review တွေထဲကမှ Like အများဆုံး ရရှိမယ့် Review ပိုင်ရှင်တစ်ဦးကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဆုအနေနဲ့ကတော့ Hedgren မှ စပွန်ဆာပေးထားသည့် 1 Year Warranty နဲ့  ၂၉၅၀၀၀ ကျပ်တန်ဖိုးရှိ ခဲရောင်ခရီးဆောင်အိတ်ကို ချီးမြှင့်ပေးသွားမှာဖြစ်သည့်အတွက် အခွင့်အရေးကောင်းကို လက်လွှတ်မခံဘဲ အပြေးလေး ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။

Hedgren bags are available at Casabella Show Rooms in Yangon, Mandalay and Naypyidaw

Yangon: 22 Pyay Road, 9 Mile. Phone: 664 363, 660 769
Naypyidaw: Ocean Super Center Ground Floor (Oatarathri) Phone: 06741 7621-25
Mandalay: Corner of 32nd 77th Street, Chanayetharzan T/S Phone: 02 69366

https://www.facebook.com/hedgren.myanmar