အိမ်ရှင်မတိုင်းက ကိုယ်နေတဲ့အိမ်လေးကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ် ဖြစ်စေချင်ကြပါတယ်။ အထူးသဖြင့် ဘက်တီးရီးယား ပိုးမွှားတွေကို ထိတွေ့နေရတဲ့ အိမ်သာတွေကို သန့်သန့်ရှင်းရှင်းထားချင်ကြပါတယ်။ တခါတလေ အညစ်အကြွေး ဂျိုးတွေကို သန့်စင်အောင် ဆေးကြောရတာ အချိန်ကြာ လက်ပေါက်ကပ်လှပါတယ်။ ဒါကြောင့် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အလွယ်တကူ ဖွယ်ရှားလို့ရတဲ့ နည်းလမ်းကို ပြောပြချင်ပါတယ်။

ဘာတွေ လိုအပ်မလဲ

  • ရှာလကာရည် တစ်ခွက်
  • မုန့်ဖုတ် ဆိုဒါ

အိမ်သာကို သန့်ရှင်းမယ်

အိမ်သာ မှာ အညစ်အကြေးစွန့်ပစ်တဲ့ နေရာသာမကဘဲ ဘိုထိုင် အိမ်သာဆိုရင် ဘိုထိုင်မှာရှိတဲ့ ရေသိုလှောင်ကန်လေးဟာလည်း ညစ်ပတ်နေတတ်ပါတယ်။ တခါတရံ ဘယ်လောက် ဆေးဆေး မပြောင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို အချိန်အခါမျိုးမှာ ရှာလကာရည်ကို သုံးလို့ရပါတယ်။

ရှာလကာရည် တစ်ခွက်ကို မီးဖိုပေါ်တင်ပြီး စပြီး နွေးလာချိန်လေး (40ံC) လောက် ပူအောင် လုပ်လိုက်ပါ။ ရှာလကာရည် ဂရမ် ၂၀၀ (၇ အောင်စ)ကို မုန်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောလိုက်ပါ။ အဲ့ဒီ ရောနှောထားတဲ့ ရှာလကာရည်ကို ဘိုထိုင် အိမ်သာ ရေသိုလှောင်ကန်ထဲမှာ နာရီများစွာထားလိုက်ပါ။ ကိုယ်ညမအိပ်ခင် ထည့်ထားပြီး တစ်ညလုံးထားထားနိုင်ရင် ကောင်းပါတယ်။ မနက်ကျရင် ရေဆွဲချပြီး ရေလှောင်ကန်လေးကို ကြည့်လိုက်ရင် အညစ်အကြေး ဂျိုးတွေ လျော့နည်းသွားပါလိမ့်မယ်။ ဒီနည်းလမ်းကို ထပ်ခါထပ်ခါလုပ်ရင် ဘိုထိုင်အိမ်သာလေးဟာ သန့်ရှင်းသွားပါလိမ့်မယ်။

မုန့်ဖုတ် ဆိုဒါ မရှိရင်

ဒီနည်းလမ်းကတော့ ဘိုထိုင်အိမ်သာနဲ့ ပိုသင့်တော်ပါလိမ့်မယ်။ အိမ်သာထဲမှာရှိတဲ့ ရေတွေ အားလုံးကို မရှိအောင် လုပ်လိုက်ပါ။ အ၀တ်ခြောက်တစ်ခုမှာ ရှာလကာရည်ကိုစွတ်ပြီး ကိုယ်သန့်ရှင်းချင်တဲ့နေရာတွေကို သုတ်လိုက်ပါ။ ၂ နာရီကနေ ၆ နာရီအကြားထားလိုက်ပြီးနောက် ရေနဲ့ Brush နဲ့ တိုက်ချွတ်ဆေးကြောလိုက်ပါ။ အရင်ကထက် အညစ်အကြေးတွေ လွယ်လွယ်ကူကူနဲ့ စင်ကြယ်တာကို တွေ့ရပါလိမ့်မယ်။

ရှာလကာရည်ရဲ့ အစွမ်း

  • အညစ်အကြေး ဂျိုးတွေကို အရည်ပျော်စေ
  • ဖုန်တွေ ကပ်နေတာတွေကို သန့်ရှင်းပေး
  • ရှာလကာရည်က အနံ့အသက်ဆိုးတွေကို ဖယ်ရှားနိုင်
  • ဘက်တီးရီးယား ပိုးမွှားတချို့နဲ့ ၀မ်းပျက်ဝမ်းရှောဖြစ်တဲ့ ဘက်တီးရီးယားတွေ၊ လူကို အန္တရာယ်ပေးတဲ့ ဘက်တီးရီးယားတွေဖြစ်တဲ့ အီကိုလိုင် (E.Coli) ) တို့ကို သေစေနိုင်