အားလုံးပဲမင်္ဂလာပါရှင်။ MyStyle Myanmar က မိတ်ကပ်ချစ်သူ စာဖတ်သူတွေအတွက် ဒီတခါမှာတော့ မိတ်ကပ်သားပါးပါးလေးနဲ့ နှင်းဆီရောင် ပြေးနေမယ့် မိတ်ကပ်ပြင်ဆင်ပုံကို မျှဝေပေးချင်ပါတယ်။

၁။ အရင်ဆုံးမျက်နှာကို Moisturizer, Primer, Foundation စတာတွေကို လိမ်းလိုက်ပါ။ တစ်ခုချင်းဆီကို တစ်ခါချင်းလိမ်းပြီး သေချာ Blend လုပ်ပေးရပါမယ်။

၂။ မျက်တွင်းညိုနေတာတွေနဲ့ သင့်မျက်နှာပေါ်က အမည်းစက်တွေကို Concealer နဲ့ သေချာဖုံးလိုက်ပါ။

၃။ ပြီးရင်တော့ သင့်ရဲ့ ပါးပြင်ပေါ်မှာ ပန်းရောင် ပါးနီလေးကိုဆိုးပေးလိုက်ပြီး သေချာ Blend လုပ်ပေးလိုက်ပါ။

၎။ Eyeshadow လိမ်းပါ။ အရင်ဆုံး Eyeshadow အရောင်နုနုကို ပထပုံမှာပြထားတဲ့နေရာမှာလိမ်းလိုက်ပါ။

၎။ ပြီးရင်တော့ ဒုတိယပုံမှာပြထားသလို ခရမ်းနီရောင်လေးကို လိမ်းပေးလိုက်ပြီး သေချာ Blend လုပ်ပေးပါ။

၆။ အရောင်နည်းနည်းပိုလင်းတဲ့ ခရမ်းနီရောင်လေးကို မျက်လုံးအောက်မှာလိမ်းပေးလိုက်ပြီး သေချာ Blend လုပ်ပေးလိုက်ပါ။

၇။ ပြီးသွားရင်တော့ Pencil Liner နဲ့ မျက်လုံးကို Liner ဆွဲပေးလိုက်ပါမယ်။

၈။ မျက်တောင်အတုတပ်လိုက်ပါ။

၉။ မျက်ခုံးမွေးအဆွဲလိုက်ပါ။

၁၀။ ပါးရိုးအပေါ်ဖက်မှာHighlighter ထည့်လိုက်ပါ။

၁၁။ နှုတ်ခမ်းနီ ပန်းရောင်ကို အတွင်းဖက်မှာဆိုးပြီးအပြင်ဖက်ကို လက်နဲ့ ပုပ်ကာ သေချာ Blend လုပ်ပေးရပါမယ်။

နှင်းဆီရောင်ပြေးတဲ့ မိတ်ကပ် Look ပြင်ဆင်နည်း

အရမ်းလှတဲ့ မိတ်ကပ်လေး ရပါပြီနော်။

Source: www.fashionguilt.blogspot.com