မင်းသမီး Song Hye Kyo ဟာ အနုပညာလောကကို စတင်ခြေချလာတာဟာ ဆယ်စုနှစ် ၂ စု နီးပါး တိုင်ခဲ့ပြီဖြစ်ပြီး အခုထိ နုပျိုနေဆဲဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ကနေ လက်ရှိ ၂၀၁၇ ထိရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ သူဘာတွေပြောင်းလဲသွားသလဲကြည့်ရအောင်ပါ။

၁၉၉၈-၁၉၉၉


သူမဟာ ၁၉၉၆ ခုနှစ်က မော်ဒယ်ပြိုင်ပွဲတစ်ခုမှာ ပြိုင်ရင်း ဆုရခဲ့ရာကနေ အနုပညာလမ်းကြောင်းကို စတင်ခဲ့တာပါ။ အဲဒီနောက် တီဗီ အစီအစဉ် တော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။

၂၀၀၀


သူမ အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Autumn In My Heart ရိုက်ကူးတုန်းက ရိုက်ထားတဲ့ ပုံရိပ်လေးတွေပါ။

၂၀၀၁ ခုနှစ်မှ ၂၀၀၂


၂၀၀၁ ခုနှစ်က Guardian Angel and Hotelier ဇာတ်ကားထွက်ရှိခဲ့ပြီးအရင်ကထက် ပိုပိုပြီးအလှတိုးလာပါတယ်။

၂၀၀၃


All In ဇာတကားရိုက်ကူးခဲ့စဉ်က ရိုက်ထားတဲ့ ပုံရိပ်လေးတွေပါ။

၂၀၀၄


အရမ်းကိုအောင်မြင်ခဲ့တဲ့ Full House ဇာတ်ကားရိုက်ကူးတုန်းက ပုံရိပ်တွေဖြစ်ပါတယ်။

၂၀၀၅

၂၀၀၅ ခုနှစ်မှာတော့ My Girl and I ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့ပါတယ်။

၂၀၀၆

CFs ကုမ္ပဏီနဲ့ လက်တွဲပြီး မော်ဒယ်လုပ်ခဲ့တဲ့ ပုံရိပ်လေးတွေပါ။

၂၀၀၇

Hwang Jin Yi ရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေပါ။ဒါ့အပြင် ဓာတ်ပုံရှုတင်တွေလည်း အများအပြား ရိုက်ကူးခဲ့ပါတယ်။

၂၀၀၈

Worlds Within ဒရမ်မာ ဇာတ်လမ်းတွဲထဲမှာ ဆံပင်တိုတိုနဲ့ မြင်တွေ့ရမှာဖြစ်သလို သူမရဲ့ ပထမဆုံး အမေရိကန် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Yourself At Home ကိုလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။

၂၀၀၉

၂၀၀၉ ခုနှစ်ကထွက်ခဲ့တဲ့ Good Morning Panda Documentary ရုပ်သံမှာနောက်ခံစကားပြောပေးခဲ့ပြီး မဂ္ဂဇင်းတွေမှာ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

၂၀၁၀

Camellia ဇာတ်လမ်းတိုထဲမှာ သရုပ်ဆောင်ခဲ့ပါတယ်။ဒါ့အပြင် မဂ္ဂဇင်းဓာတ်ပုံတွေလည်း ရိုက်ကူးပေးခဲ့ပါတယ်။

၂၀၁၁

၂၀၁၁ ခုနှစ်မှာ Countdown ဇာတ်ကားရိုက်ကူးခဲ့ပြီး A Reason To Live ဇာတ်ကားမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၂

၂၀၁၂ ခုနှစ်မှာတော့ သူမရဲ့ Photo Essay စာအုပ်ဖြစ်တဲ့ It’s Time for Hye-Kyo စာအုပ်ထွက်ရှိခဲ့ပါတယ်။ ဒါ့အပြင် Switch:Be White သီချင်းလည်း ထွက်ရှိခဲ့ပါတယ်။

၂၀၁၃

Grandmaster ဇာတ်ကားမှာ ပါဝင်ရိုက်ကူးခဲ့ပြီး That Winter, the Wind Blow ဒရမ်မာဇာတ်လမ်းတွဲလည်း ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အသက်ရလာလေလေ ပိုပိုပြီး စတိုင်လ်ကျ ရင့်ကျက်လာလေပါပဲ။

၂၀၁၄

၂၀၁၄ ခုနှစ်မှာ My Brilliant Life and The Crossing: Part 1 ဇာတ်ကား ထွက်ရှိခဲ့ပါတယ်။

၂၀၁၅

၂၀၁၅ ခုနှစ်မှာ The Queens Annie and The Crossing: Part 2 ဇာတ်ကားထွက်ရှိခဲ့ပါတယ်။

၂၀၁၆

Descendants of the Sun ဇာတ်လမ်းတွဲထွက်ရှိခဲ့ပြီး ဘဝလက်တွဲဖော် Song Jong Ki နဲ့ တွေ့ဆုံခဲ့တာပါ။

၂၀၁၇

မကြာသေးခင်ကမှ ချစ်သူနဲ့ လက်တွဲခဲ့ပြီး ပရိသတ်အားပေးမှုကို ပိုမိုရလာတဲ့သူလေးပါ။ အခု အသက် ၃၀ ကျော်ဆိုပေမယ့် အရင်ကလို နုပျိုနေဆဲပါပဲနော်။