ယနေ့အချိန်မှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ဟာဆိုရင် ဒူဘိုင်းမြို့၏နာမည်ကြီးအထင်ကရတစ်ခုဖြစ်တဲ့ ရေပန်းပွဲတော်မှာ သူတို့၏တေးသီချင်းဖြစ်တဲ့ Power ကို ဖျော်ဖြေမှာဖြစ်တာကြောင့် ဒူဘိုင်းမြို့ကိုသွားရောက်လည်ပတ်ခဲ့ကြပါတယ်။

ဒူဘိုင်းရောက် EXO ရဲ့ဓာတ်ပုံလေးတွေကို မတွေ့ရသေးတဲ့ မြန်မာနိုင်ငံမှ EXO-L လေးတွေအတွက် Admin ကနေပြီး စုစည်းဖော်ပြပေးလိုက်တယ်နော်…. ?

မြောက်မြားစွာသောပရိတ်သတ်မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ပထမဦးဆုံးအနေဖြင့် ကိုရီးယားတေးဂီတကို ထည့်သွင်းခြင်းဖြစ်တာကြောင့် မည်မျှဂုဏ်ယူဝမ်းမြောက်ကြောင်းကို အဖွဲ့ဝင်များက ပြောကြားခဲ့ပါတယ်။

Power သီချင်းဖြင့် ရေပန်းအလှပြပွဲကို ပြုလုပ်နေစဉ်တစ်လျှောက်မှာလည်း ပရိတ်သတ်များနှင့်အတူ ကြည့်ရှုခံစားခဲ့ပြီး နောက်ထပ်တစ်ကြိမ်လာရောက်ဖို့ ဆန္ဒရှိပါတယ်တဲ့။

နောက်တနေ့မှာတော့ အဖွဲ့သားများဟာ ဒူဘိုင်းသဲကန္တရကို သွားရောက်လည်ပတ်ခဲ့ပြီး နေ၀င်ချိန်အလှကို ခံစားရင်း ဓာတ်ပုံများကို ရိုက်ကူးခဲ့ပါသေးတယ်။

Jongdae တယောက်ဘာတွေ ကုန်းရှာနေပါလိမ့်။ ?

ဘယ်လိုတွေတောင်ရိုက်နေတာလား Byun Baekhyun ရယ်။ ?

သူရောကိုယ်ရော အပြိုင်ရိုက်နေလိုက်ကြတာ….. ???

ဓာတ်ပုံဝါသနာအိုး ကို Chanyeol တစ်ယောက် အမိအရကိုရိုက်လိုက်ရမှ…… ???

ကဲ….အခုဓာတ်ပုံတွေကို ကြည့်ပြီးသွားပြီဆိုတော့ ရေပန်းအလှပြပွဲရော EXO ရဲ့ Power သီချင်းကိုပါ စီးမျောခံစားနိုင်စေဖို့ လင့်ခ်လေးပါ ထည့်ပေးလိုက်ပြီနော်….  ?