Facebook, Instagram တွေမှာ အထာကျပြီး ကြည့်ကောင်းတဲ့ပုံတွေရဲ့ လျို့ဝှက်ချက်က ဘာလို့ထင်လဲ ပျိုမေတို့ရေ။ ပုံကောင်းတစ်ပုံရဖို့ အချိုးအစားကျကျနဲ့ပို့စ် ပေးနိုင်မှ ပြည့်စုံတဲ့ပုံတစ်ပုံထွက်လာမှာပါ။ သင်ကြုံဖူးမှာပါ။

ကိုယ်ကတော့ ခါးထောက်ပြီး ခပ်လန်းလန်းပို့စ်ပေးပါရဲ့နဲ့ ထွက်လာတော့ ပုံစံမကျဘဲ တလွဲဖြစ်နေတတ်ပါတယ်။ ဟိုးအရင်ကထက် ပိုလှတဲ့ပုံတွေရလာအောင် ပျိုမေတို့ပြုလုပ်နိုင်ပါတယ်။

အောက်မှာပြောပြထားတဲ့အိုင်ဒီယာလေးတွေကို ကြည့်ပြီး ဘယ်လိုနေရင် ပိုလှမယ်ဆိုတာ ပျိုမေတို့ သဘောပေါက်လာမှာပါ။ တစ်ခုအကြံပေးလိုတာကတော့ သင့်ပုံစံကို မှန်ရှေ့မှာရပ်ပြီး ဘယ်လိုနေရင် ကိုယ့်အတွက်ပိုလှလဲ အမြဲလေ့လာနေပါ။ လှချင်ရင် နည်းနည်းတော့ အပင်ပန်းခံရမှာပေါ့နော်။

လက်တင်တဲ့ပုံစံကလည်း ပုံစံကျဖို့လိုအပ်ပါတယ်

လှေကားပေါ်မှာ ရိုက်တဲ့ပုံလေးတွေက ထူးခြားတာကို အားလုံးသိမှာပါ။ ထိုင်တဲ့ပုံစံကလည်း အရေးကြီးပါတယ်။

အထာကျကျ ရပ်နိုင်ဖို့ ကိုယ်နေဟန်ထားက စကားပြောပါတယ်

ဓာတ်ပုံရိုက်တဲ့အချိန် လက်နှစ်ချောင်းကို အငြိမ်မနေဘဲ တစ်ခုခုလုပ်နေပေးပါ။ ပခုံးကိုင်တာတို့ လက်နှစ်ချောင်းကို ပုံထဲကအတိုင်း ချိတ်ထားတာမျိုး လုပ်ပေးပါ။

ပစ္စည်းတစ်ခုကို ကိုင်တဲ့အချိန်မှာလည်း သူ့ပုံစံနဲ့ ကိုယ်နေတဲ့ပုံစံက အချိုးကျမှ ဖြစ်မှာပါ

ဘယ်တော့မှ ခြေထောက်နှစ်ဖက်ကို တစ်တန်းတည်းမရပ်ပါနဲ့။ တစ်ချောင်းကိုရှေ့တိုးတာဖြစ်ဖြစ် စောင်းတာဖြစ်ဖြစ်လုပ်ပေးပါ။

အပေါ်မှာပြောထားတဲ့အတိုင်း လက်ကို အသေကြီးမထားပါနဲ့။ ဆံပင်ကိုင်တာဖြစ်ဖြစ် အအေးဘူးကိုင်ထားတာဖြစ်ဖြစ် တစ်ခုခုလုပ်နေပါ။

ပုံထဲကအတိုင်း လက်ကို နေရာမထားတတ်ရင်လည်း ဘောင်းဘီအိတ်ထဲ ထည့်ထားတာဖြစ်ဖြစ် တစ်ခုခုလုပ်နိုင်ပါတယ်။ ဒူးလေးကွေးထားပေးပါ။

ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားပေါ်အောင် ပို့စ်ပေးနည်းပါ

ဓာတ်ပုံရိုက်တဲ့အချိန် တည့်တည့်ကြီးမနေပါနဲ့။ ဘေးစောင်းပေးပါ။ ဘေးစောင်းတဲ့နေရာမှာလည်း စောင်းတဲ့အခြမ်းပေါ်မူတည်ပြီး ပိုလှသွားတာတွေရှိပါတယ်။ ဒါကိုသိဖို့ မှန်ရှေ့မှာ ကိုယ့်မျက်နှာကို ဘယ်ညာစောင်းကြည့်ပါ။ ပိုလှတဲ့ ပုံက သင်စောင်းရမယ့်ဘက်ပါပဲ။

အချိုးအစားကျကျနဲ့ ပို့စ်ပေးလိုက်ရအောင်နော်။

Source: Pinterest