အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာပါ နာမည်ကျော်ကြားလှသည့် ဆလီနာဂိုးမက်ဇ်သည် အနီရောင်ကော်ဇောပေါ်တွင်ဖြစ်စေ၊ လော့စ်အိန်ဂျလိစ်လမ်းမပေါ်တွင် သွားလာနေချိန်တွင်ဖြစ်စေ အစဉ်အမြဲဖက်ရှင်ကျကျဝတ်ဆင်တတ်သူတစ်ဦးဖြစ်ပါတယ်။ ထူးကဲဆန်းပြား၍ လူသူကြားပေါ်လွင်ထင်ရှားစေသည့် ဖက်ရှင်ဒီဇိုင်းများဖြစ်သောကြောင့် ယခုအချိန်လိုမျိုး နှစ်သစ်ကူးဖျော်ဖြေပွဲများသို့ သွားရန်အစီအစဉ်ရှိနေသည့် ပျိုမေလေးများ အတုယူဝတ်ဆင်နိုင်ရန်ရည်ရွယ်၍ ဆလီနာဂိုးမက်ဇ်၏အကောင်းဆုံးပွဲတက်ဖက်ရှင်များထဲမှ အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

ရှေးမူမပျက်အနက်ရောင်ဂါဝန်

နှစ်သစ်ကူးပွဲတော်သာမဟုတ်ပဲ အခြားမည်သည့်ပါတီပွဲမျိုးကိုမဆို ဆွဲဆောင်မှုအပြည့်နှင့် ဖက်ရှင်ကျကျဝတ်ဆင်နိုင်မည့် စတိုင်တစ်မျိုးပဲဖြစ်ပါတယ်။

သားရေဖက်ရှင်

ဝတ်စုံပြည့်ကို သားရေသားဝတ်ဆင်ရသည်ကို မနှစ်သက်သူများအနေဖြင့် ဂါဝန်ဒီဇိုင်းဝတ်ဆင်ခြင်းက ကိုယ်ခန္ဓာအချိုးအစာကို ပေါ်လွင်စေပြီး ပါတီပွဲအတွင်းထင်ရှားနေစေမှာပါ။

အေပၚထပ္ဂ်ာကင္အက်ႌ

ရိုးရိုးရှင်းရှင်းနှင့် အနက်ရောင်ဝမ်းဆက်ဝတ်စုံပေါ်တွင် စတိုင်မိမိဂျာကင်တစ်ထည်ကို ထပ်ပေါင်းဝတ်ဆင်လိုက်ခြင်းဖြင့် ဆောင်းတွင်းညပါတီပွဲများအတွက် အလန်းဆုံးအသွင်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

အရောင်ပြေးဂါဝန်

ဤကဲ့သို့ အရောင်ပြေးအ၀တ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများကို ၀တ်ဆင်ရန်အတွက် အကောင်းဆုံးအချိန်မှာ နှစ်သစ်ကူးအကြိုပါတီပွဲများပဲဖြစ်ပါတယ်။

စီးကွင့်တန်ဆာဆင်ဝတ်စုံများ

စီးကွင့်များ၊ ဖန်စီအလှများဖြင့် တန်ဆာဆင်ထားသည့် ၀တ်စုံများသည် ခေတ်ရှေ့ပြေးနေရုံသာမက မည်သည့်ပွဲလမ်းသဘင်ကိုမဆို လွယ်ကူအဆင်ပြေစွာဝတ်ဆင်သွားနိုင်မှာဖြစ်ပါတယ်။

Slip ဂါဝန်များ

တီရှပ်တစ်ထည်အပေါ်တွင် Slip ဂါဝန်ကိုထပ်ဝတ်လိုက်ရုံဖြင့် ပင်ပင်ပန်းပန်းနှင့်အားစိုက်ထုတ်စရာမလိုဘဲ တည်ငြိမ်သောအသွင်နှင့် ပါတီတက်စတိုင်ကို ရရှိနိုင်မှာပါ။

အရောင်စပ်ဒီဇိုင်း

ရိုးရိုးရှင်းရှင်းဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်သော်လည်း လူအများကြားပေါ်လွင်ထင်ရှားချင်လျှင်တော့ အရောင်နှစ်ရောင်ကို လိုက်ဖက်ညီစွာ တွဲဖက်ပေးခြင်းဖြင့် မိမိကိုယ်ပိုင်အသွင်ကို ရယူနိုင်ပါတယ်။