စင်ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် စင်ကာပူခရီးသွားဘုတ်အဖွဲ့ (STB) သည် မကြာမီရောက်ရှိလာတော့မည့် သီတင်းကျွတ်အခါသမယအတွက် မြန်မာနိုင်ငံရှိကျင်းပပြုလုပ်ခဲ့သည့်အစီအစဉ်များအနက် တမူထူးခြားသည့် “ဖေဖေ့ဆန္ဒ မေမေ့စိတ်ကူး” အမည်ရှိ ပုံပြောပြိုင်ပွဲကို မိတ်ဆက်ပေးလိုက်ပါတယ်။ ယခုအစီအစဉ်သည် သီတင်းကျွတ်အချိန်အခါမှာ လူငယ်များမှ ဂါရဝလက်ဆောင်အဖြစ် မိဘများ၏ ငယ်ဘဝအိပ်မက်များကို ပြန်လည်ဆန်းသစ် အကောင်အထည်ဖော်နိုင်မည့် အခွင့်အရေး ဖြစ်ပါတယ်။

ယခုသီတင်းကျွတ် ပုံပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သူများအနေဖြင့် ၎င်းတို့မိဘများ၏ ငယ်စဉ်က ဖြစ်ချင်ခဲ့သည့် ဘဝပုံစံ၊ လုပ်ဆောင်ချင်ခဲ့သည့်အရာများကို စိတ်ကူးပုံဖော်ရေးသားထားပြီး မိဘများနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အစစ်အမှန်ဆုံးနှင့် အကောင်းဆုံးပုံ ဖော်ရေးသားထားသည့် အကြောင်းအရာ ၂ ခု ကို ရွေးချယ်ပြီး ဆုရရှိသည့်ပြိုင်ပွဲဝင်များသည် ၎င်းတို့၏မိသားစု များနှင့်အတူ သူတို့ရဲ့အိပ်မက်တွေ ကို အမှန်အတကယ် ဖြစ်လာရန် STB မှ ရွေးချယ်စီစဉ်ထားသည့် စင်ကာပူခရီးစဉ်ကို ပိုင်ဆိုင်ခွင့်ရရှိမှာပါ။ ပျောက်ဆုံးတော့မည်ဖြစ်သည့် စိတ်ကူးအိပ်မက်တွေကို မြို့ရဲ့တစ်ထောင့်တစ်နေရာမှာ လမ်းလျှောက်နေရင်းဖြင့်လည်း မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိနိုင်သလို ဒါမှမဟုတ် စင်ကာပူမြို့မှာ နေထိုင်ရင်း အိပ်မက်တွေ လက်တွေ့အကောင် ထည်ဖော်ပြီး အောင်မြင်နေသည့် မိဘများ၏တစ်ချိန်က လေးစားအားကျအတုယူခဲ့ရတဲ့ ဘဝသူရဲကောင်းတွေကိုလည်း ဆုံတွေ့နိုင်ပါတယ်။

“ဒီသီတင်းကျွတ်ကာလ က မြန်မာပြည်သူတွေအတွက် အလေးအမြတ်ထားကြတဲ့အချိန်ဖြစ်ပြီး လူကြီးသူမတွေကို လေးစားစွာ ဂါရဝပြုတဲ့ အချိန်ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလိုထူးခြားတဲ့ပွဲတော်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်နဲ့ ပြည်သူတွေနှင့်အတူပါဝင်ဆင်နွှဲချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ စစ်တမ်းကောက်ချက်တွေအရ မြန်မာပြည်မှာ မိဘအများစုက မိသားစုအတွက် အချိန်ပေးရင်းနဲ့ သူတို့ရဲ့ငယ်ဘဝအိမ်မက်တွေကို ဖြစ်ခွင့်မရတာတွေလည်း ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ စင်ကာပူနိုင်ငံအတွက် မြန်မာနိုင်ငံက မိဘတွေရဲ့ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးဆန္ဒတွေကို အကောင်အထည်ဖော်ရင်း တန်ဖိုးထား အဖိုးမဖြတ်နိုင်တဲ့ မိသားစုအမှတ်တရတွေကို ဖန်တီးပေးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ က လူတိုင်းအတွက် သူတို့ရဲ့အိပ်မက်စိတ်ကူးတွေကို အချိန်မရွေး အကောင်အထည်ဖော်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဖြစ်ချင်ခဲ့တဲ့ စိတ်ကူး အိမ်မက် ဆန္ဒ တွေကို ပြန်လည်ရှာဖွေနိုင်ဖို့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ စင်ကာပူ ကိုလာရောက်လည်ပတ်ပါလို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။” ဟု စင်ကာပူခရီးသွားဘုတ်အဖွဲ့ (STB) ၏ Trade Engagement & New Markets ဒါရိုက်တာ Mr. Soo Siew Keong မှပြောကြားခဲ့ပါတယ်။

စိတ်ကူးအိပ်မက်များ အကောင်အထည်ဖော်ရင်းဖြင့် ရရှိလာကြသည့် အတွေ့အကြုံကောင်းတွေ အဖြစ်အပျက်တွေ ပြန်လည်မျှဝေကြသည့်သူများကြောင့် စင်ကာပူသည် ယခုကဲ့သို့ လုပ်ဆောင်မှုလေးတွေကအစချီပြီး ကမ္ဘာမှာအချက်အချာအကျဆုံးနေရာတစ်ခု အဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် စင်ကာပူ နိုင်ငံကို ပြောင်းလဲစေခဲ့သော အရာ၊ မျှော်လင့်ချက်တွေ အမှန်တကယ်ဖြစ်လာစေခဲ့သော အရာအပြင် သာမာန်အခြေအနေတစ်ခုကနေ အံ့သြစရာကောင်းသည်အထိ ပြောင်းလဲစေသည့် အရာ က Passion လို့ခေါ်တဲ့ အိပ်မက်တွေ က တွန်းအားပေးခြင်းကြောင့် ဖြစ်ပါတယ်။ စင်ကာပူကိုလာရောက်လည်ပတ်သူများသည် အစားအသောက်၊ ယဉ်ကျေးမှု၊ လူအများ ဒါမှမဟုတ် ပြင်ပလုပ်ဆောင်မှုများ စသည့် မည်သည့်စိတ်ကူးအိပ်မက် ဆန္ဒတွေကိုမဆို ဖြစ်နိုင်ချေရှိမှုများအား ကန့်သတ်မထားသည့် စင်ကာပူနိုင်ငံ က အသက်အရွယ်မရွေး ကိုယ့်ရဲ့စိတ်ကူး အိပ်မက်တွေအမှန်တကယ် ဖြစ်လာရန် အတွေးသစ် အမြင်သစ်တွေအပြင် စိတ်ခွန်အားများပါ ပေးရန် ရည်ရွယ်ထားပါတယ်။

ထို့ကြောင့် သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ Visit Singapore Facebook စာမျက်နှာ www.facebook.com/VisitSingaporeMM တွင် အဆိုပါ ကမ်ပိန်းအတွက် ပြိုင်ပွဲဝင်များကို လက်ခံသွားမှာဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံများနှင့် ကိုယ်တိုင်ရေးသားထားသည့် မိဘများ၏ မက်ခွင့်မရခဲ့သော ငယ်စဉ်ဘဝ အိပ်မက်များ ဒါမှမဟုတ် သူတို့ငယ်စဉ်က စွဲလမ်းတမ်းတခဲ့သည့် အဖြစ်အပျက်များကို အထက်ဖော်ပြပါ Facebook စာမျက်နှာသို့ ပေးပို့ရမှာပါ။ ဆုများကို စင်ကာပူခရီးသွားဘုတ်အဖွဲ့မှ အကြောင်းအရာ အကောင်းဆုံး ဖန်တီးရေးသားနိုင်သူ (၁) ဦး နှင့် လူကြိုက်အများဆုံး ရရှိသူ (၁) ဦး စုစုပေါင်း (၂) ဦး ကိုရွေးချယ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များ၏ ရေးသားထားသော အကြောင်းအရာများကို Visit Singapore Facebook စာမျက်နှာတွင် ဖော်ပြပေးသွားမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်၏ ပို့စ်အောက်တွင် မှတ်ချက်ရေးသား ခြင်းအားဖြင့် ပြိုင်ပွဲဝင်များအား မဲပေးနိုင်ပြီး မဲအများဆုံးရရှိသူ ကို လူကြိုက်အများဆုံး ဆု အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။

စင်ကာပူ ခရီးသွားဘုတ်အဖွဲ့ (STB) သည် မြန်မာပြည်သူများအတွက် အစီအစဉ်ကောင်းများစွာ ကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိပါသည်။ ယခုနှစ်အစောပိုင်းမှ စတင်ကာ STB နှင့် Forever Group ၏ MRTV-4 ရုပ်သံလိုင်း တို့နှင့် ပူးပေါင်းကာ ပထမဆုံးရိုက်ကူးတင်ဆက်သည့် “ချစ်ခြင်းတရားတို့ တည်ရှိရာ” အပိုင်း ၂၀ပါ ရုပ်သံဇာတ်လမ်းတွဲအား ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲသည် မြန်မာလူငယ်နှစ်ဦး မှ စင်ကာပူနိုင်ငံတွင် ၎င်းတို့၏ စိတ်ကူးအိပ်မက်များ မည်သို့အကောင်အထည်ပေါ်လာခဲ့သည့် အကြောင်းရင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်။ STB အနေနှင့် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ ၂ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် ဒို့အိမ် တို့ ပူးပေါင်းကာ Singapore Festival 2018 ကို ဘိုကလေးဈေးလမ်းတွင် ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါ ပွဲတော်ရက် ၃ ရက်အတွင်း လာရောက်သူဦးရေ ၁၂၀,၀၀၀ ကျော်အထိ မှတ်တမ်းရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှ စတင်ကာ စင်ကာပူ-မြန်မာ ချစ်ကြည်ရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ပထမဆုံး Singapore Festival ကိုကျင်းပပြုလုပ်ခဲ့ပြီး မြန်မာခရီးသွားများအတွက် စင်ကာပူနိုင်ငံ၏ ခရီးသွားသတင်းအချက်အလက်များအား မိတ်ဆက်မျှဝေပေးခဲ့ပါတယ်။

Singapore Tourism Board အကြောင်း

စင်ကာပူ ခရီးသွား ဘုတ်အဖွဲ့ (STB) သည် စင်ကာပူနိုင်ငံ၏ အဓိကဝန်ဆောင်မှုလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းအတွက် ဖွဲ့စည်းထားသော နိုင်ငံ့ထိပ်တန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီတစ်ခုဖြစ်သည်။ STB သည် စင်ကာပူနိုင်ငံအတွက် ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ပွင့်လန်းလာစေရန် လုပ်ငန်းနှင့်လူထု အတူ တကွပူးတွဲဆောင်ရွက်အကောင်အထည်ဖော်ဆောင်ရွက်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် Passion Made Possible အမှတ်တံဆိပ်နှင့်အတူ လူအများအား စိတ်အားထက်သန်မှုများကို နက်ရှိုင်းစွာ ဝေမျှနိုင်သည့် နေရာတစ်ခုအဖြစ် စင်ကာပူ၏ ဝိသေသကို ဖော်ပြလိုပါသည်။ အသေးစိတ်ပိုမိုသိရှိလိုပါက www.stb.gov.sg (သို့) www.visitsingapore.com (သို့) www.facebook.com/VisitSingaporeMM တို့တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

Passion Made Possible အကြောင်း

စင်ကာပူနိုင်ငံကို တစ်ညီတစ်ညွတ်တည်းညွှန်းဆိုနိုင်မည့် အမှတ်တံဆိပ် တစ်ခုပေါ်ပေါက်လာရန်အတွက် စင်ကာပူခရီးသွားဘုတ်အဖွဲ့ (STB) နှင့် Singapore Economic Development Board (EDB) တို့ ပူးပေါင်းပြီး အရေအတွက်နှင့် အရည်အသွေးဆိုင်ရာ စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံ ၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး နိုင်ငံတွင်းနေထိုင်သူများ၊ လုပ်ငန်းနှင့် သက်ဆိုင်သူများ သာမက နိုင်ငံတကာ မှပရိသတ်များ စသဖြင့် စုစုပေါင်း ဖြေဆိုသူ ၄၅၀၀ နီးပါးမှ “Passion” နှင့် “Possibilities” တို့မှာ စင်ကာပူ၏ ပုံရိပ်ကို အကောင်းဆုံးထင်ဟပ်စေသည့် ဝိသေသများဖြစ်ကြောင်း ဖြေဆိုခဲ့ကြပါတယ်။ “Possibilities” ဟူသည်မှာ စင်ကာပူနိုင်ငံကို ခရီးသွားနေရာတစ်ခုအဖြစ် အကောင်းဆုံးယှဉ်တွဲနေသော ဖော်ညွှန်းချက်ဖြစ်ပြီး “Passion” ဆိုသည်မှာ Possibilities အခွင့်လမ်းများ ဆီသို့ရောက်ရှိနိုင်သည့် ကြိုးပမ်းမှုပင်ဖြစ်ပါတယ်။

Passion Made Possible သည် စင်ကာပူနိုင်ငံအားအလည်အပတ်သွားရောက်ရန်နှင့် ရင်းနှီးမြှုပ် နှံရန်နေရာတစ်ခုအဖြစ်ရွေးချယ်ရန်အတွက် ဆက်နွယ်မှုကို ဖော်ပြသောနိုင်ငံ၏ စိတ်ဓာတ်ကို ပုံဖော်နိုင်ရန် ဖန်တီးထား ခြင်းဖြစ်ပါတယ်။ ပြည်သူများ၏ဘဝ အကြောင်းများမှ တဆင့်ပြောသော၊ နိုင်ငံ၏အနက်ရှိုင်းဆုံး အတွေးထဲတွင် စွဲထင်နေမည့် စင်ကာပူနိုင်ငံ၏ သမိုင်းတွင် ခိုင်မာစွာ ထူထောင်ထားသော “passion” နှင့် “possibilities” အကြောင်းအရာများနှင့်အတူ Passion Made Possible သည် စိတ်ထက်သန်မှု (Passion) ကို ပြည့်စုံအောင်ဖြည့်ဆည်းပြီး အခွင့်အလမ်း အသစ်များကို စဉ်ဆက်မပြတ်ဖန်တီးသည့် စင်ကာပူ၏လက်တွေ့ အောင်မြင်မှုနှင့်ဇွဲတို့၏ ပြယုဂ်ပင်ဖြစ်ပါတယ်။

Image Source: www.visitsingapore.com