တစ်နေရာနှင့် တစ်နေရာ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေဖို့အတွက် Oway  အွန်လိုင်းနည်းပညာကို အသုံးပြုကာ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။ ခရီးသွားပြည်သူတို့နဲ့ ပိုမိုနီးစပ်စေဖို့အတွက် လွန်ခဲ့သောတစ်လခန့်က မြန်မာနိုင်ငံရှိ အထင်ကရမြို့ကြီးများဖြစ်သည့် ပုဂံ၊ ပြင်ဦးလွင်၊ မော်လမြိုင် မြို့ကြီးများတွင် ရုံးခန်း သုံးခုဖွင့်လှစ်ခဲ့ပြီးပါပြီ။

Oway အနေဖြင့် ယခုလို အထင်ကရမြို့ကြီးများမှာ ရုံးခွဲများ ဖွင့်လှစ်နိုင်ခြင်းဖြင့် ခရီးသွားပြည်သူများ၏ ခရီးစဉ်တစ်လျောက်စီစဉ်မှုများကို ပိုမိုအဆင်ပြေချောမွေ့စေရန် ကူညီပေးနိုင်တော့မှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ စိတ်တိုင်းကျ ကြိုတင်ဘိုကင် လုပ်ဆောင်ခြင်း ၊ ပြည်တွင်းပြည်ပလေကြောင်းလိုင်းများ၊ အဝေးပြေးကားလက်မှတ်များ၊ ခရီးသွား Package များ၊ ဟိုတယ်ဘိုကင်၊ Mini Oway စသည့် ဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်မှာပါ။

ရုံးခန်းများ ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲ အခမ်းအနားကို Oway ၏ CEO ဖြစ်သည့် Mr.Alok Kumarနှင့် Management အဖွဲ့ မှ တက်ရောက်ခဲ့ပါတယ်။ ယခုအခါ Oway သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုဂံ၊ ပြင်ဦးလွင် စသည့် မြို့ကြီးများရှိ ရုံးခန်းများတွင် အထူးလေ့ကျင့်သင်ကြားပေးထားသော ကျွမ်းကျင်ဝန်ထမ်းများမှတစ်ဆင့် ကောင်းမွန်ပြည့်စုံသောခရီးသွားဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

“မော်လမြိုင်၊ ပုဂံ၊ ပြင်ဦးလွင် မြို့ တွေမှာ ရုံးခွဲ အသစ်တွေ ဖွင့်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်းဝမ်းသာပါတယ်။ အခု ဖွင့်ထားတဲ့ ရုံးသစ် သုံးခု က မြန်မာနိုင်ငံရဲ့အထင်ကရ နေရာတွေမှာ တည်ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဦးဆောင်နေတဲ့ ခရီးသွားကုမ္ပဏီတစ်ခုဖြစ်တဲ့ Oway အနေနဲ့ ဟိုတယ်၊ လေယာဉ်၊ ကား booking လုပ်တဲ့နေရာတွေမှာ မြန်ဆန်ချောမွေ့စွာပြုလုပ်နိုင်ဖို့ ဝန်ဆောင်မှုတွေကို ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ အပျော်ခရီးစဉ်၊ စီးပွားရေးခရီးစဉ်တွေ ကို သင့်တင့်သော ဈေးနှုန်းများနဲ့ စီစဉ်ပေးရုံသာမက အကောင်းမွန်ဆုံးခရီးစဉ်တစ်ခုဖြစ်စေရန်အတွက် ရွေးချယ်စရာ Options တွေ ပေးသွားဖို့လည်း အမြဲတမ်းအဆင်သင့်ဖြစ်နေပါတယ်။” ဟု Oway ရဲ့ CEO ဖြစ်သူ Mr. Alok Kumar က ပြောကြားခဲ့ပါတယ်။

“အခု အသစ်ဖွင့်လှစ်လိုက်တဲ့ Oway ရုံးသစ်သုံးခုကကျွန်တော်တို့အတွက် အရမ်းအရေးပါပါတယ်။ ကျွန်တော်တို့အနေနဲ့ Oway သုံးစွဲသူ မိတ်ဟောင်း မိတ်သစ်တွေအပြင် အခြားပူးပေါင်းပါဝင်မည့် supplier များ၊ ယာဉ်မောင်းများအတွက်ပါ ပိုမိုကောင်းမွန်တဲ့ အနီးကပ် ဝန်ဆောင်မှုတွေ ပေးနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ လက်ရှိဝန်ဆောင်မှုတွေအပြင် အခြားဝန်ဆောင်မှုတွေအနေနဲ့ တစ်နေ့တာ (သို့မဟုတ်) နေ့တစ်ဝက် Oway Ride စီစဉ်ပေးခြင်း၊ ယာဉ်မောင်းများ ဘေးကင်းစွာမောင်းနှင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်း၊ ၂၄ နာရီခရီးသွားဝန်ဆောင်ပေးခြင်းများကိုလည်း လုပ်ဆောင်ပေးနေပါတယ်။” ဟု Oway Ride ၏ Head of Business ဖြစ်သူ ကိုကျော်မင်းဆွေက ပြောကြားခဲ့ပါသေးတယ်။

အသစ်ထပ်မံဖွင့်လှစ်ခဲ့သော Owayရုံးခွဲလိပ်စာများကတော့

Oway Travel မော်လမြိုင်ရုံးခွဲ — နံပါတ်(၂၈၀) ၊ အောက်ဘက် အဓိကလမ်းမကြီး၊ စစ်ကဲကုန်းအပိုင်း၊ မော်လမြိုင်မြို့ 

Oway Travel ပုဂံရုံးခွဲ —- လမ်းမတော် ၃လမ်း၊ မြို့ မကျောင်းရှေ့ ၊ ညောင်ဦးမြို့ နယ်၊ရန်ကုန်မြို့ 

Oway Travel ပြင်ဦးလွင်ရုံးခွဲ —- နံပါတ်(၄၅)၊ အောင်ဇေယျလမ်း၊ အပိုင်း ၄/ ပြင်ဦးလွင်မြို

တို့ဖြစ်သည့်အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။