ရုပ်ပုံလေးတွေကို စတင်ရေးဆွဲတော့မယ်ဆို မဖြစ်မနေပြုလုပ်သင့်တာကတော့ ပုံကြမ်းစဆွဲခြင်းပဲဖြစ်ပါတယ်။ ဒစ်စနီကာတွန်းဇာတ်ကောင်တွေကို စတင်ရေးဆွဲခဲ့သူတွေလည်း ပုံကြမ်းစဆွဲပြီးမှ တဖြည်းဖြည်းချင်း အချောပြန်သတ်ရတာပေါ့။

ဒါမှလည်း ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေကို အခုလိုမြင်တွေ့ရမှာလေ။ စာဖတ်သူတွေရော ပုံဆွဲဆရာတွေ ဖန်တီးတဲ့ ပထမဦးဆုံးပုံကြမ်းလေးကို ဘယ်လိုလေးဖြစ်နေမလဲဆိုတာ စိတ်ဝင်စားကြမှာပေါ့နော်။ ဒါဆိုရင် အတူတူဆက်ကြည့်လိုက်ရအောင်။

The Lion King ကာတွန်းကားထဲက Timon နဲ့ Pumbaa တို့ရဲ့ ပထမဆုံးပုံကြမ်းနဲ့ ကာတွန်းထဲကပုံ

Toy Story ထဲက ဝူဒီလေး

ဘတ်ဇ် အလင်းနှစ်လို့ အမည်ပေးထားတဲ့ Toy Story ထဲက စက်ရုပ်လေး

Tangled ကာတွန်းကားထဲက Flynn Rider ပါ၊ သူဆိုရင် ပထမဆုံးပုံကြမ်းနဲ့ ကာတွန်းထဲကအရုပ်က တော်တော်လေးကွာခြားသွားပါတယ်။

Tangled ကာတွန်းကားထဲက ရပန်ဇယ်မင်းသမီးလေး၊ သူမကတော့ ပုံကြမ်းထဲမှာလည်း ချစ်စရာကောင်းသလို ပုံချောပြန်ဆွဲထားတော့လည်း ချစ်စရာကောင်းနေတာပဲနော်။

One Hundred And One Dalmatians ကာတွန်းထဲက Cruella De Vil ၊ သူမကျပြန်တော့ ဗီလိန်က ချောနေလို့ ပုံကြမ်းကို ပြန်ပြောင်းဆွဲထားတယ်နဲ့တူပါတယ်။

မစ်ကီးမောက်လေး

Sleeping Beauty ထဲက အူရိုရာမင်းသမီးလေးကတော့ ကာတွန်းထဲမှာ ချစ်ဖို့ကောင်းနေလို့ တော်ပါသေးတယ်။

Sleeping Beauty ထဲက Maleficent

Up ဆိုတဲ့ ကာတွန်းကားလေးကို မှတ်မိကြဦးမှာပါနော်။ အဲ့ဒီကာတွန်းကားထဲက Carl Fredricksen ဆိုတဲ့ အဖိုးအိုပါ။

ပုံကြမ်းထဲက အာလာဒင်ကတော့ ပါးဖောင်းဖောင်းနဲ့၊ ကာတွန်းထဲက မြင်နေကျပုံမဟုတ်လို့နဲ့ တူပါတယ် ကြည့်ရတာ တစ်မျိုးဖြစ်နေသလိုပဲ။ စာဖတ်သူရော ဘယ်အာလာဒင်ကို ပိုကြိုက်ပါသလဲ။

အာလာဒင်ရဲ့ဘဝလက်တွဲဖော် ဂျက်စမင်မင်းသမီးလေး

မီးခွက်စောင့် ဘီလူးဂျင်နီလည်း တော်တော်ပြန်ပြင်ထားပုံရပါတယ်

ပိုကာဟွန်းတက်စ်

The Emperor’s New Groove ကာတွန်းထဲက Yzma

Source: Brightside.me