OPPO Myanmar အနေနဲ့ နိုင်ငံတကာဈေးကွက်တွေမှာ မိတ်ဆက်ပေးထားပြီဖြစ်တဲ့ OPPO F9 စမတ်ဖုန်းသစ်ကို မြန်မာပြည်မိုဘိုင်းဈေးကွက်တွင် တရားဝင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ OPPO F9 က ဒီဇိုင်းပိုင်း ထူးခြားဆန်းသစ်မှုအဖြစ် မိုဘိုင်းလောကတွင်ပထမဆုံးဖြစ်သော Waterdrop Screen ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းနဲ့ စတင်အသုံးပြုပေးထားမည်ဖြစ်ပြီး မျက်နှာပြင်ကျယ်ဝန်းပြည့်ဝလာသည်နှင့်အမျှ ထိတွေ့သုံးစွဲမှုအပိုင်းတွင်လည်း အားသာချက်များစွာကို ရရှိစေမှာ ဖြစ်ပါတယ်။


OPPO F9 မှာ OPPO ရဲ့ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်တယ့် VOOC Flash Charge အားအမြန်သွင်းစနစ်ပါဝင်လာတာဖြစ်တဲ့အတွက် ယနေ့ခေတ်မိုဘိုင်းလောကရဲ့ မြန်မြန်ဆန်ဆန် ဘက်ထရီ အားကုန်ခြင်းပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်စေမည်ဖြစ်ပါတယ်။ OPPO F9 မှာ အဆင့်မြှင့်တင်ပေးထားသည့် AI လုပ်ဆောင်မှုများနဲ့အတူ ပိုမိုကောင်းမွန်တဲ့ Portrait ဓာတ်ပုံများ ရိုက်ကူးစေရန်အတွက် Dual Rear Camera စနစ်ကိုပါတပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

အရောင်အသွေးပိုင်းကိုကြည့်မယ်ဆိုရင်လည်း ပုံမှန်တစ်ရောင်တည်းကို ရွေးချယ်အသုံးပြုခြင်းထက် ယနေ့ခေတ်လူငယ်တွေ အထူးသဘောကျ ကြိုက်နှစ်သက်မှာ အသေအချာဖြစ်ပြီး ခေတ်ဆန်ဖက်ရှင်ကျလှပစေမည့် Gradient Color အရောင်ပြေးဒီဇိုင်းကိုပါ ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ယခင်ဒီဇိုင်းတွေထက် အလွန်ကို ထူးကဲဆန်းသစ်လွန်းတာကြောင့် မြင်သူတိုင်းကို ဆွဲဆောင်နိုင်မှာဆိုတာကတော့ အသေအချာပါပဲ။

အခု တင်သွင်းရောင်းချပေးမယ့် OPPO F9 ရဲ့ အသေးစိတ်အချက်အလက်များကိုတော့ OPPO Myanmar မှ ဆက်လက်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် စမတ်ဖုန်းချစ်သူများအနေနဲ့ မကြာခင်မှာ သတင်းကောင်းကြားသိနိုင်ဖို့အတွက် စောင့်မျှော်ပေးပါအုံးလို့ သတင်းကောင်းပါးအပ်လိုက်ရပါတယ်။