မြန်မာနိုင်ငံလို့ ဆိုလိုက်တာနဲ့ ပေါများလှတဲ့ သဘာဝ သယံဇာတတွေထဲမှာ ကျောက်မျက်ရတနာတွေကိုလည်း ဖယ်ထားခဲ့လို့မဖြစ်ဘူးနော်။ ဒီအထဲကမှ ကျောက်စိမ်းကတော့ မြန်မာအမျိုးသမီးလေးတွေလိုပဲ ထူးခြားဆန်းပြားတဲ့ အလှအပပေါင်းစုံ စုဝေးနေရာ ကျောက်မျက်ရတနာတစ်ခုအနေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရတာပါ။

ကျောက်စိမ်းမှာ အရောင်အဆင်းအစုံအလင်ရှိသလိုပဲ ကမ္ဘာကျော်အမှတ်တံဆိပ် OPPO ဟာဆိုရင်လည်း ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတိုင်းကို ဝယ်ယူအားပေးသူများအနေနဲ့ ဘယ်တော့မှ ရိုးမသွားလေအောင် အရောင်အစုံအလင်နဲ့ ဖန်တီးထုတ်လုပ်လေ့ရှိပါတယ်။ ဒီလိုမျိုး အမြဲတမ်း အသစ်အဆန်းတွေကို ချပြလေ့ရှိတဲ့ OPPO ကတော့ မြန်မာ့သဘာဝသယံဇာတတစ်ခုဖြစ်တဲ့ ကျောက်စိမ်းအရောင်တွေထဲကမှ အဖြူရောင်နဲ့ အစိမ်းရောင်တို့ကို အခြေခံပြီး Jade Green အရောင်ကို F9 အတွက်ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးသွားတော့မှာပါ။

ငြိမ်းချမ်းခြင်း နဲ့ ပျော်ရွှင်ချမ်းသာမှုဂုဏ်တို့ကိုဆောင်တဲ့ အဖြူနဲ့ အစိမ်း နှစ်ရောင်စပ်ပေါ်မှာ ခန့်ညားထည်ဝါတဲ့ ရွှေရောင်ကို ဘေးဘောင်နဲ့ ကင်မရာတစ်ဝိုက်မှာ သေသေသပ်သပ်နဲ့ အနားကွပ်ပေးထားလို့ ဘယ်မှာမှရှာမတွေ့နိုင်သေးတဲ့ ဒီဇိုင်းကာလာအနေအထားကို OPPO က ဦးစွာပထမ ပေးအပ်သွားမှာပါ။ အထူးသေသပ်လှပတဲ့ လက်ရာဒီဇိုင်းနဲ့ OPPO F9 (Jade Green) မှာ 1080 x 2340 Pixels ရုပ်ထွက်အရည်အသွေးအပြည့်အဝကို ပေးစွမ်းနိုင်တဲ့ ၆.၃ လက်မအရွယ်ရှိ Display အမျိုးအစားကို အသုံးပြုပေးထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့ပထမဆုံး Waterdrop ဒီဇိုင်း ရေစက်ပုံစံမျက်နှာပြင်ကိုလည်း ထည့်သွင်းထားပေးပြီး မြင်ကွင်းကျယ်အတွေ့အကြုံကို အပြည့်အဝရရှိစေနိုင်ရန်အတွက် မျက်နှာပြင်နှင့်ကိုယ်ထည်အချိုးအစား (Screen to Body Ratio) 90.8% အထိရှိစေမှာပါ။ ထိုမျှသာမကပဲ ဓာတ်ပုံရိုက်ရတာ၊ Selfie ဆွဲရတာကို ကြိုက်နှစ်သက်တဲ့ ဝါသနာအိုးလေးများအတွက်လည်း နောက်ဆုံးပေါ် အဆင့်မြင့် AI နည်းပညာပေါင်းစပ်ထားသည့် 25MP ရှေ့ကင်မရာ နှင့်အတူ 16MP+2MP နောက်ကင်မရာ၂လုံးတို့ကို ထည့်သွင်းတပ်ဆင်ပေးထားပါသေးတယ်။

Android OS 8.1 ပေါ်မှာ အခြေခံပြီး ဖန်တီးပြုလုပ်ထားသည့် OPPO ရဲ့ ကိုယ်ပိုင် ColorOS 5.2 version က ထိတွေ့သုံးစွဲမှုပိုင်း ပိုမိုကောင်းမွန်စေမှာဖြစ်ကြောင်းကို အာမခံပါတယ်။  ၅မိနစ်အားသွင်း၊ ၂နာရီဖုန်းပြောဆိုနိုင်စေမည့် VOOC Flash Charge အမြန်အားသွင်းစနစ်အပြင် 3500mAh အားရှိတဲ့ ဘတ္ထရီလည်းပါဝင်တာကြောင့် ဘတ်ထရီသက်တမ်းကို ပိုမိုကြာရှည်ခံစေမှာကတော့ မလွဲသွေပါပဲ။

ဒီလိုမျိုး အဖက်ဖက်က ပြီးပြည့်စုံပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဒီဇိုင်းကာလာအသစ်ကလေးနဲ့ OPPO F9 Jade Green ကိုတော့ (၄၁၉, ၉၀၀) ကျပ်ဖြင့် ဇန်နဝါရီ (၅) ရက်နေ့မှစပြီးတော့ မြန်မာတစ်နိုင်ငံလုံးအနှံ့ စတင်ရောင်းချပေးသွားတော့မှာဖြစ်ပါတယ်။

အရောင်သစ် OPPO F9 (Jade Green) ကို ဝယ်ယူအားပေးကြမယ့် Customer အယောက်စီတိုင်းကိုလည်း လက်ဆောင်အနေနဲ့ ကျပ်တစ်သောင်းခွဲတန် ဘေးတစောင်း လွယ်အိတ်လေးတွေကို ပေးအပ်သွားမှာဖြစ်သလို OPPO Myanmar နဲ့ Telenor Myanmar တို့ ပူးပေါင်းဆောင်ရွက်ထားတဲ့ အထူးဒေတာပက်ကေ့ခ်ျခံစားခွင့် ဖုန်းဘေလ် (၃,၀၀၀) ကျပ်ဖြည့်သွင်းလျှင် 0.5 GB၊ (၅,၀၀၀) ကျပ်ဖြည့်သွင်းလျှင် 1 GBနှင့် (၁၀,၀၀၀) ကျပ်ဖြည့်သွင်းလျှင် 2 GB ကို နှစ်နှစ်တာအတွင်း အကြိမ်ပေါင်း (၅၀)စီ ဖြည့်သွင်းခံစားနိုင်ပြီး စုစုပေါင်းအများဆုံးဒေတာပမာဏ 100 GB အထိ ရရှိနိုင်မှာဖြစ်လို့ ရခဲလှတဲ့အခွင့်အရေးကောင်းလေးကို လက်လွှတ်မခံသင့်ဘူးဆိုကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။