အရောင်တွေမှာ သူ့ရဲ့အားသာချက်တွေနဲ့အတူ လောကသားတွေအတွက် လေးနက်တဲ့အဓိပ္ပာယ်တွေကို ကိုယ်စားပြုပေးနေတယ်ဆိုတာ သူငယ်ချင်တို့တွေသတိပြုမိကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းတရားတွေကို ဖော်ညွှန်းကိုယ်စားပြုပေးနေတဲ့ အပြာရောင်လေးနဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ အပြာရောင်လို့ ဆိုလိုက်တာနဲ့ သူငယ်ချင်းတို့ရဲ့ရင်တွင်းခံစားချက်ထဲကိုဝင်ရောက်လာစေမယ့် စာသားလေးတွေက “အပြာရောင်ဟာငြိမ်းချမ်းခြင်းပဲ” “အပြာရောင်အချစ်ည” ဆိုတဲ့သီချင်းစာသားလေးတွေဖြစ်မယ်ထင်ပါတယ်။

ဟုတ်ပါတယ်။ အပြာရောင်ဟာလေးနက်တည်ကြည်မှုတွေနဲ့အတူ ကမ္ဘာလောကအကျိုးအတွက် သယ်ပိုးနေတဲ့ သင်္ကေတတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒါဆိုရင် လူသားတွေအသုံးပြုနေကြတဲ့ပစ္စည်းထုတ်ကုန်တွေမှာလည်း အပြာရောင်ရောယှက်နေခြင်းဟာ ခိုင်မာတည်ကြည်တဲ့စိတ်အသွင်ကို တွန်းပို့ပေးနေသလို အပြန်အလှန်ဆက်ဆံရေးတွေမှာလည်း အထွဋ်အထိပ်ဆီကိုခေါ်ဆောင်သွားမယ့် အရောင်တစ်ခုလို့ဆိုမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

အဲ့ဒီအတွက် OPPO က လည်း သူတို့ရဲ့ နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ F5 Series အတွက် ထူးခြားပေါ်လွင်တဲ့ အပြာရောင်လေးကို ဆောင်ကျဉ်းလာခဲ့ပါပြီ။

OPPO F5 ထုတ်ကုန်အတွက် အပြာရောင်တွေထဲကမှ ဆွဲဆောင်မှုအကောင်းဆုံး၊ ပြည့်ဝတဲ့ချစ်ခြင်းတရားတွေကိုဖော်အညွှန်းနိုင်ဆုံး၊ ခေတ်တစ်ခုရဲ့ရေစီကြောင်းကိုပါ အလှုပ်ခတ်ဆုံးဖြစ်စေမယ့် Dashing Blue အရောင်သစ်ကိုမိတ်ဆက်ယူဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ OPPO F5 နဲ့ Dashing Blue တို့ရဲ့တွဲဖက်မှုက သိပ်မကြာတဲ့အချိန်မှာ မြန်မာပြည်မိုဘိုင်းဈေးကွက်ထဲကိုရောက်ရှိလို့လာတော့မှာဖြစ်ပါတယ်။ OPPO F5 (Dashing Blue) မှာ နောက်ဆုံးပေါ် A.I. Beauty Technology နဲ့အတူ ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေအတွက် 20MP Selfie ကင်မရာနဲ့အတူ 16MP နောက်ကင်မရာတို့ကို ထည့်သွင်းပေးထားမှာဖြစ်သလို ကောင်းမွန်တဲ့ Hardware နဲ့ Software ပေါင်းစပ်မှုတွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ဘယ်တော့ရမလဲဆိုတာကို သိပ်မကြာခင်မှာ ဆက်လက်ကြေညာပေးသွားမှာဖြစ်ပါတယ်။