နွေရာသီကို ရောက်ရှိလာတာနဲ့အညီ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပူပြင်းတဲ့နွေရာသီရဲ့အငွေ့အသက်တွေ၊ ငှက်ကလေးတွေတေးသီဆိုချိန် စတာတွေနဲ့ တဖြည်းဖြည်းပြည့်နှက်လာနေပြီဆိုတာကို သတိထားမိကြမှာပါ။ နှစ်သစ်တစ်ခုရဲ့ အလှည့်အပြောင်းတွေနဲ့အတူ အားအင်သစ်၊ မျှော်လင့်ချက်အသစ်၊ ပန်းတိုင်အသစ်တွေနဲ့ ဘ၀ခရီးလမ်းကို အားတင်းလျှောက်လှမ်းနေကြမယ်လို့ အပြည့်အဝယုံကြည်မိပါတယ်နော်။

စာဖတ်သူတို့ရဲ့ မျှော်လင့်ချက်ရောင်ခြည်လေးတွေကို တဖက်တလမ်းကနေ အားဖြည့်ပေးမယ့် အရာကတော့ OPPO F5 အပြာရောင် (Dashing Blue) လေးပဲဖြစ်ပါတယ်။ OPPO F5 Dashing Blue လေးက ငြိမ်းချမ်းရေးနဲ့ချစ်ခြင်းတရားတို့ရဲ့ အဓိပ္ပာယ်ကိုဖော်ကျူးပေးတာဆိုတော့ ကိုယ်ချစ်ရတဲ့သူတွေဆီ ပေးပို့ပြီး အမှတ်တရတွေများစွာ ဖန်တီးလိုက်ကြရအောင်။

OPPO အမှတ်တံဆိပ် F5 Dashing Blue လေးကတော့ Limited Edition အနေနဲ့ ရောက်ရှိလာမှာဖြစ်လို့ အရေအတွက်ကန့်သတ်ချက် ရှိမှာဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ အမှတ်တရတွေအားလုံးကို ကိုယ့်စိတ်တိုင်းကျဖန်တီးယူနိုင်ဖို့အတွက် A.I. Beauty Technology နည်းပညာသုံး 20MP Selfie ကင်မရာနဲ့အတူ 16MP နောက်ကင်မရာတို့ကို ထည့်သွင်းပေးထားပါတယ်။

၆လက်မအရွယ် FullHD+ မျက်နှာပြင်အပြည့် display နဲ့ဖန်တီးပေးထားလို့ ကြီးမားကျယ်ဝန်းတဲ့ ထိတွေ့မှုတွေကိုခံစားရဦးမှာပါ။ စွမ်းဆောင်မှုအပိုင်းမှာလည်း Octa-core 2.5GHz CPU နဲ့ 4GB RAM တို့က အပြည့်ဝဆုံး ထောက်ပံ့ပေးပါလိမ့်မယ်။ Internal Storage 32GB ကိုမှ SD ကဒ်ကနေ 256GB အထိ မြှင့်တင်သုံးစွဲနိုင်ကာ Striple Slot ဖြစ်လို့ SIM ကဒ် ၂ကဒ်ပါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

3200mAh Battery ထည့်သွင်းပေးထားလို့ ပုံမှန်သုံးမယ်ဆိုရင် ၁၂နာရီအထိခံနိုင်ရည်စွမ်းရှိပါတယ်။ ဈေးနှုန်းက ၃၈၉,ဝဝဝ ကျပ်ကျသင့်မှာဖြစ်ပြီး မတ်လ (၁) ရက်နေ့ကစလို့ ရောင်းချပေးသွားမှာဖြစ်ကာ အစောပိုင်းဝယ်ယူသူများအတွက် OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်တစ်လုံးကို လက်ဆောင်အနေနဲ့ ပေးအပ်သွားအုံးမှာပါ။ ဖုန်းဘေလ် ၅,ဝဝဝ ကျပ်ဖြည့်သွင်းရုံနဲ့ Telenor Internet Package ကို တစ်လ 2GB နှုန်းနဲ့ ၆လဆက်တိုက် 12GB အထိ ရရှိသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုမျိုး ပစ္စည်းကောင်းအရည်အသွေးစစ်မှန်ပြီး တန်မှတန်လွန်းတဲ့ OPPO F5 Dashing Blue လေးဟာဆိုရင် Limited Edition အနေနဲ့ ရောင်းချပေးသွားမှာဖြစ်လို့ အခွင့်အရေးကောင်းလေးကို လက်လွှတ်မခံဘဲ အခုပဲအပြေးလေးသွားဝယ်လိုက်ကြရအောင်နော်။

ငြိမ်းချမ်းရေးနဲ့ချစ်ခြင်းတရားတွေအတွက် #F5#DashingBlue