Ooredoo VIP ရဲ့ ဖြည့်တိုင်းပေါက် ဒစ်ဂျစ်တယ်ခဲခြစ်ကံစမ်းမဲအစီအစဉ်က ကိုထွဋ်ခေါင်နဲ့ သူ့မိသားစုရဲ့ဘဝကို ပြောင်းလဲပေးလိုက်ပါပြီ။

ကျောက်ရေတွင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ကိုထွဋ်ခေါင်က Ooredoo VIP အစီအစဉ်မှ ၂၀၁၉ မော်ဒယ် Suzuki Swift ကားအသစ်စက်စက်ကြီးကို ကံထူးသွားတာကြောင့် သူ့ဘဝမှာ အံ့သြ၀မ်းသာပျော်ရွှင်မှုတွေနဲ့ ကြုံတွေ့ခဲရပါတယ်။ မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၂ ရက်နေ့ (ဧပြီလ ၁၈) ရက်နေ့မှာ ကိုထွဋ်ခေါင်က အူရီဒူးဆီကနေ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ အူရီဒူးက ဖုန်းဆက်ရခြင်းအကြောင်းအရင်းကတော့ Ooredoo VIP ရဲ့ ဖြည့်တိုင်းပေါက် စ်ဂျစ်တယ်ခဲခြစ်ကံစမ်းမဲအစီအစဉ်မှ အသစ်စက်စက် Suzuki Swift ကားကြီးရဲ့ပထမဦးဆုံးကံထူးရှင်က ကိုထွဋ်ခေါင်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ သတင်းကောင်းပါးချင်လို့ပဲဖြစ်ပါတယ်။ ကိုထွဋ်ခေါင်ကို အင်တာဗျူးတဲ့အခါမှာလည်း သူနဲ့ သူ့မိသားစုက ဒီဖြစ်ရပ်လေးကို အိမ်မက်တစ်ခုလို အခုအချိန်အထိကို မယုံနိုင်သေးဘူးလို့ ဖြေကြားခဲ့ပါသေးတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာ အူရီဒူးက ကိုထွဋ်ခေါင်ရဲ့ ရပ်ကွက်ထဲမှာပဲ ဆုချီးမြှင့်ပွဲအခမ်းအနားလေးကို အမှတ်တရဖြစ်အောင် စီစဉ်ကျင်းပပေးရင်း Suzuki Swift 2019 ကားအသစ်စက်စက်ကို ပေးအပ်ခဲ့ပါတယ်။ ကံထူးရှင်ကိုထွဋ်ခေါင်လည်းဝမ်းမြောက်စွာ လက်ခံခဲ့ပြီး ချစ်သူနဲ့အတူတူ ရန်ကုန်မြို့အနှံ့ လျှောက်လည်မယ်ဆိုတဲ့သူ့ရဲ့ စိတ်ကူးလေးကို လည်းပြောပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့မှာ ကိုထွဋ်ခေါင်က Ooredoo VIP မှာ ၈ ကြိမ်အထိ ခဲခြစ်ကံစမ်းခဲ့တဲ့သူရဲ့ အတွေ့အကြုံလေးကို မျှဝေခဲ့ပါတယ်။

Ooredoo VIP ရဲ့ ဖြည့်တိုင်းပေါက်ခဲခြစ်ကံစမ်းမဲအစီအစဉ်မှာဆိုရင် ၁,၀၀၀ ကျပ်နှင့် အထက် ဖုန်းငွေဖြည့်တိုင်း My Ooredoo App ထဲမှာ ဒစ်ဂျစ်တယ်ခဲခြစ်ကံစမ်းမဲကတ်ကိုအခမဲ့ ရရှိမှာဖြစ်ပါတယ်။ သုံးစွဲသူမိတ်ဆွေတွေအနေနဲ့ My Ooredoo App ထဲက ‘’VIP ဆုလက်ဆောင်’’ထဲမှာ 100 GB ဒေတာ ၊ အူရီဒူးအချင်းချင်းဖုန်းခေါ်ဖို့ မိနစ် ၃၀၀၀ ၊ ငွေသားဆုမဲများနဲ့ အခြားသော ဗလာမပါ ဆုမဲပေါင်းများစွာကိုလည်း ခဲခြစ်ပြီး ကံစမ်းနိုင်မှာပါ ဒါ့အပြင် တစ်ခါခဲခြစ်လိုက်တိုင်းမှာ Suzuki Swift ကံစမ်းခွင့်လက်မှတ်တစ်ခုကိုလည်း ရရှိမှာဖြစ်ပါတယ်။

ဒီအစီအစဉ်လေးမှာ ဆုမဲပေါင်း ကျပ်သိန်းပေါင်း ၃ သောင်းဖိုးအပြင် ၂၀၁၉ မော်ဒယ် Suzuki Swift ကားသစ်ကြီး ၃ စီးကိုလည်း ကံထူးနိုင်ပါသေးတယ်။
Suzuki Swift ကားရဲ့ ဒုတိယမြောက် ကံထူးရှင်ကိုတော့ မေလ ၁၈ ရက်နေ့မှာ ကြေငြာသွားမှာပဲဖြစ်ပါတယ်။ အစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ဖို့အတွက် *565# ကို ခေါ်ဆိုပြီး My Ooredoo App ကို ဒေါင်းလုတ်လုပ်ပြီး VIP မှာ စာရင်းသွင်းလိုက်ပါ။ Ooredoo VIP မှာ ကိုထွဋ်ခေါင်လိုမျိုး ကံထူးရှင် မျိုး မိတ်ဆွေလည်းဖြစ်နိုင်တဲ့မို့ ဒီနေ့ပဲ ငွေဖြည့်ပြီး ခဲခြစ်ပြီးကံစမ်းနိုင်တဲ့ဆိုတဲ့အကြောင်းသတင်းကောင်းပါးချင်ပါတယ်။