ကျွန်တော်တို့ အင်တာနက်သုံးတယ်လို့ ပြောလိုက်တာနဲ့ Web Browser ကနေ Website တွေ၊ YouTube တွေထက် Facebook နဲ့ အခြား Viber, Beetalk လိုမျိုး Messaging App တွေကိုပဲ ပြေးမြင်မိကြမှာပါ။

ဘာဖြစ်လို့ အခုလိုမျိုး Facebook လို Social Media တွေကိုပဲ သုံးနေဖြစ်လဲဆိုရင် အဖြေကတော့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက် Facebook က သတင်းတွေအစုံလင်ဆုံးဖြစ်နေပြီး၊ သူငယ်ချင်းရှာချင်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်တွေကြည့်ချင်တာပဲဖြစ်ဖြစ်၊ သီချင်းတွေနားထောင်ချင်တာပဲဖြစ်ဖြစ် အလုံးစုံနီးပါးကို ဒီ Facebook Application မှာပဲ ရရှိနေတာကြောင့်ဖြစ်ပါတယ်။


Facebook က အခုလိုမျိုး မြန်မာနိုင်ငံမှာ အောင်မြင်ပြီး လူသုံးများနေတာက အများအားဖြင့် ကောင်းကျိုးပဲဖြစ်စေတယ်ဆိုပေမယ့် တကယ်လို့ တစ်နေ့ကို လိုတာထက်ပိုပြီးသုံးမိသွားရင် ကိုယ့်အတွက် အနုတ်လက္ခဏာပြလာတာပါတော့တယ်။

အနုတ်လက္ခဏာပြတယ်ဆိုတာက ကျွန်တော်တို့ အကုန်လုံးနီးပါး Facebook ကို ကိုယ့်ဖုန်းအင်တာနက်နဲ့ပဲ အသုံးပြုနေလို့ဖြစ်ပါတယ်။ တရက်ကို Facebook ၂ နာရီလောက် သုံးပြီးတော့ ဖုန်းဘေကို ၁ ရက် ၁ထောင်လောက်ဖြည့်နေရရင် ဒါက ကြာလာရင် ကိုယ့်ရဲ့ ဘတ်ဂျက်ကိုထိခိုက်လာပါတော့တယ်။

အဲ့ဒါဆိုရင် Facebook ကိုလည်း ပုံမှန်အတိုင်းသုံးလို့ရပြီး ဖုန်းဘေကိုလည်း ချွေတာနိုင်မယ့် နည်းလမ်းတွေမရှိဘူးလားဆိုရင် ရှိပါတယ်။ အဲ့ဒါကတော့ ဖုန်းအော်ပရေတာတွေကရောင်းချပေးနေတဲ့ Facebook အပါအဝင် Social Media တွေအတွက် သီးသန့် Package တွေကို ဝယ်ယူတာဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ Ooredoo Myanmar ကနေ Facebook Plus ဆိုတဲ့ Package တစ်ခုကတော့ တန်တယ်လို့ပြောလို့ရရတယ်လို့ပြောရမှာပါ။ ဘယ်လိုမျိုးလဲဆိုရင် ၂ ရက်သုံး 200MB ကို ၂၀၀ ကျပ်၊ တပတ်စာ 999MB ကို ၉၉၉ ကျပ် နဲ့ တလစာ 3,999MB ကို ၃၉၉၉ ကျပ်နဲ့ ဝယ်ပြီးတော့ Facebook, Viber နဲ့ BeeTalk App တွေကို ကိုယ့်ရဲ့ ဖုန်းဘေကို မထိခိုက်တော့ပဲ ဒီ Facebook Plus Package ထဲကပဲ အသုံးပြုလို့ရသွားတာပါ။

ဒါပေမယ့် တစ်ခုသတိထားရမှာက ၂ ရက်သုံး Plan၊ ၁ ပတ်သုံး Plan ဆိုပေမယ့်လည်း ပေးထားတဲ့ Data ပမာဏအတိုင်းပဲ ကောက်ခံမှာပါ။ အဲ့တော့ 200MB က ၂ ရက်သုံးပေမယ့် ကိုယ်က ရုပ်ရှင်ကြည့်တတ်တယ်ဆိုရင် လောက်မှာမဟုတ်ပဲ တခြား 999MB ဒါမှမဟုတ် 3999MB ကို ဝယ်ယူမှရမှာပါ။ ဝယ်ယူဖို့ကတော့ *133*2# ကို ခေါ်ဆိုရမှာဖြစ်ပါတယ်။

အခြားသော အော်ပရေတာတွေကလည်း ဒီလိုမျိုး Social Package တွေကို ရောင်းချနေကြတယ်ဆိုပေမယ့် Ooredoo မှာအားသာချက်က ကိုယ်ကတခြားသူကို Facebook Plus Package ကို လက်ဆောင်ပေးလို့ရတာပါ။ အဲ့တော့ တကယ်လို့ Package ဝယ်ရတာ အလုပ်ရှုပ်တယ်၊ မဝယ်တတ်ဘူးဆိုရင်လည်း ဝယ်ပေးလို့ရတာက အဆင်ပြေမှာဖြစ်ပါတယ်။ လက်ဆောင်ပေးဖို့ကတော့ *442# ကို ခေါ်ဆိုရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအတိုင်း Package တွေမဝယ်ပဲ Facebook သုံးနေတာနဲ့ယှဉ်ရင် Facebook Plus လိုမျိုး Social Package တွေဝယ်လိုက်တာက သိသိသာသာကို ငွေကြေးကုန်ကျမှုသက်သာစေတဲ့အတွက် အသုံးပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။