၁၉၅၉ ခုနှစ်တွင် Mr. Yves Rocher ဆိုသူဟာ ပြင်သစ်နိုင်ငံ Brittany Region ၊ La Gacilly ဆိုတဲ့ ကျေးရွာလေးကနေ Yves Rocher Cosmetics ကို စတင် မွေးထုတ်ပေးခဲ့သူပါ။ Yves Rocher က Cosmetics တွေ ဖန်တီးတဲ့နေရာမှာ အသုံးပြုတဲ့ သစ်ပင်ပန်းပင်လေးတွေကို မျိုးပွားစိုက်ပျိုးရေးဆိုင်ရာမှာလည်း ထူးခြားကျွမ်းကျင်သူဖြစ်ပါတယ်။ Yves Rocher Brand ဟာဆိုရင်လည်း သဘာဝကို တန်ဖိုးထားအလေးပေးပြီး တီထွင်ထားတဲ့ Cosmetics ပုံစံမျိုးပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ နိုင်ငံအများအပြားမှာ လူသုံးများပြီး နာမည်ကြီးတဲ့ Cosmetics ဖြစ်လာပါတော့တယ်။ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကပဲ ရန်ကုန်မှာရှိတဲ့ Yves Rocher Flagship ဆိုင်ကို ဆန်းသစ်ပြောင်းလဲပြီး ပြန်လည်ဖွင့်ခဲ့ပါတယ်။

ဆိုင်ကို Upgrade လုပ်ထားတဲ့ ပုံစံလေးကို အရင်ပြောပြချင်ပါတယ်။ မြေညီထပ်မှာဆိုရင် Cosmetics Products တွေကိုလည်း Skin Care ၊ Body Care ၊ Hair Care နဲ့ Bath ဆိုပြီးတော့ အကန့်တွေခွဲခြားထားပြီး ဝယ်ယူအားပေးတဲ့ Customers တွေ အဆင်ပြေအောင် သေချာရှင်းပြနိုင်တဲ့ ကျွမ်းကျင်သူအချို့လည်းရှိတဲ့အပြင် Beauty Service ပေးတဲ့ Counter တွေလည်းရှိပါတယ်။ ဆိုင်အပြင်အဆင်လည်း Yves Rocher လို့ခေါ်တဲ့ သဘာဝကို အားပေးပြီး အမျိုးသမီးတွေရဲ့အလှအပကို တန်ဖိုးထားတဲ့ Branding နဲ့လိုက်အောင် ရိုးရှင်းပြီး စတင်တီထွင်ခဲ့တဲ့ ရည်ရွယ်ချက် သမိုင်းကြောင်းကိုလည်း ဆိုင်ထဲရောက်တာနဲ့ ခံစားလိုက်ရသလို အာမခံချက်ပေးနိုင်တဲ့ Product လို့ပြောရမှာပဲ ဖြစ်ပါတယ်။

ပထမထပ်မှာကတော့ Spa ပဲဖြစ်ပါတယ်။ ရာသက်ပန် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မယ့် Cosmetics တွေနဲ့ Facial Treatment တို့ Body Treatment အမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ သဘာဝကပေးတဲ့ ပန်းပင်တွေနဲ့ ပြုလုပ်ထားတဲ့ Product တွေဆိုတော့ သင့်အရေအပြား Type ကို စိတ်ပူစရာမလိုပဲ သင့်ကိုစိတ်ချမ်းသာစေမှာ အမှန်ပါ။

Yves Rocher ရဲ့ Cosmetics တိုင်းဟာ သဘာဝပန်းပွင့်လေးများကို အခြေခံပြီး ထုတ်လုပ်ထားသောကြောင့် အရည်အသွေးကောင်းမွန်တဲ့အပြင် သုံးစွဲသူဟာ အကျိုးသက်ရောက်မှုကိုခံစားရပြီး ပျော်ရွင်စေမှာပါ။ ပြင်သစ်နိုင်ငံ La Gacilly မြို့လေးမှာ ၁၉၇၉ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ဒီနေ့ထိ ကမ္ဘာနဲ့အဝှမ်းအောင်မြင်ရတာဟာ နှစ်တွေကြာသော်လည်း ရည်ရွယ်ချက် မပြောင်းလဲသွားလို့ပါ။ ဒါ့အပြင် မိန်းမတိုင်းရဲ့အလှကို အလေးထားတဲ့ Beauty Care Brand ဖြစ်လို့ပါပဲ။

စတင်တည်ထောင်ခဲ့တဲ့ Mr. Yves Rocher ဟာ သစ်ပင်ပန်းပင်တွေကိုလည်း ချစ်မြတ်နိုးပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းတဲ့အနေနဲ့ Yves Rocher ဟာ Product Packaging ထုပ်ပိုးမှုကိုလည်း Eco-Tubes များနဲ့ အသုံးပြုထားတာကြောင့် အခြားပစ္စည်းများထက် Plastic ပါဝင်မှုနှုန်း ၂၅ ရာခိုင်နှုန်း ပိုနည်းပြီး ၁၀၀ ရာခိုင်နှုန်း Recycle ပြန်လုပ်နိုင်အောင် ပြုလုပ်ထားပါသေးတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုပ်ထားတဲ့ ကုန်ပစ္စည်းတွေဟာ တကယ့်ကို လေးစားစရာကောင်းပါတယ်။ နောက်ပြီး သင့်ရဲ့အသားအရေကို သဘာဝအတိုင်း ထိန်းသိမ်းတာက အကောင်းဆုံးပါ။ Yves Rocher မှာပါဝင်တဲ့ ပစ္စည်းများဟာ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ စိုက်ခင်းကနေ တိုက်ရိုက်ထုတ်လုပ်ထားတာကြောင့် ရေရှည်သုံးစွဲမယ်ဆိုရင်တောင် Side Effect ရှိစေမှာမဟုတ်ပါဘူး။

အရည်အသွေးကို တင်းကျပ်စွာထိန်းချုပ်ထားတဲ့အပြင် အကောင်းဆုံးဈေးနှင့် ရောင်းချပေးနိုင်လို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းတာကြောင့် ကမ္ဘာအရပ်ရပ်မှ အောင်မြင်နေတဲ့ Cosmetics Brand အနည်းငယ်ထဲမှာ Yves Rocher လည်း တစ်ခုအပါအဝင်ဖြစ်နေရခြင်းပါ။ ၁၀၀ % ပြင်သစ်ကထုတ်လုပ်ပြီး အလွန်ချိုသာတဲ့ ဈေးနှုန်းနဲ့မို့ စမ်းသုံးကြည့်ဖို့ မဝံ့မရဲမဖြစ်ပဲ ယုံကြည်စိတ်ချစွာနဲ့ သုံးစွဲလိုက်ပါ။