[Zawgyi]
[Unicode]
မင်္ဂလာပါနော်။ ရုပ်ရှင်ချစ်သူတွေကတော့ အိန္ဒိယမင်းသမီး Priyanka Chopra ကို ရင်းနှီးကြမှာပါနော်။ ဘောလီးဝုဒ်မှာသာမက ဟောလီးဝုဒ်မှာပါ အောင်မြင်မှုရနေသူလေးဖြစ်ပါတယ်။
သူ့ကို ၁၉၈၂ ခုနှစ် ဇူလှိုင်လ ၁၈ ရက်နေ့က အိန္ဒိယနိုင်ငံ Jamshedpur မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်က ကျင်းပတဲ့ Miss World 2000 မှာ ဆုရခဲ့ပြီး အနုပညာလောကကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကြေးအမြင့်ဆုံး ထင်ပေါ်ကျော်ကြားဆုံး အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။
ဘောလီးဝုဒ်မှာသာမက ဟောလီးဝုဒ်မှာပါ ရုပ်ရှင်ကားတွေ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေသူဖြစ်ပြီး လာမယ့် ၂၀၁၉ မှာလည်း Isn’t It Romantic ဇာတ်ကား ထွက်ရှိဦးမှာပါ။
အနည်းငယ်ပြည့်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အရပ်အမြင့် ၁.၆၉ မီတာ ( ၅ပေ ၆.၅လက်မ) ရှိပါတယ်။
သူမဝတ်တဲ့ဖက်ရှင်တွေထဲက စာဖတ်သူတို့သဘောကျမယ့် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။