အားလုံးပဲမင်္ဂလာပါနော်။ ရုံးသွားတဲ့အခါ မိတ်ကပ် အရမ်းထူရင်လည်း အဆင်မပြေပါဘူး။ မိတ်ကပ်ကို ပါးပါးလျလျလေးနဲ့ လှနေစေဖို့ လိုပါတယ်။ ဆိုတော့ ရုံးမိတ်ကပ်ကို သဘာဝကျကျလေး ဘယ်လိုလိမ်းရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

၁။ မျက်နှာကိုအရင်သန့်စင်ပါ

မိတ်ကပ်မလိမ်းခင် မျက်နှာကိုအရင်ဆုံး သစ်ပေးပါ။ မျက်နှာသစ်ဆပ်ပြာ၊ ရေအေးအေးနဲ့ သေချာလေး သစ်ပေးဖို့လိုအပ်ပါတယ်နော်။

၂။ မိတ်ကပ်မလိမ်းခင်

မိတ်ကပ်မလိမ်းခင် မျက်နှာကို တိုနာလေးနဲ့ အရင်ဆုံး လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ Moisturizer လိမ်းပေးပြီး Primer လိမ်းပေးလိုက်ပါ။ ဖောင်ဒေးရှင်းအဆင့်ကိုကျော်ချင် ကျော်လို့ရပါတယ်။

၃။ Concealer သုံးပါ

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ၊ မျက်ကွင်းညိုတာတွေကို Concealer နဲ့ ဖုံးပေးလိုက်ပါ။ ပြီးရင်တော့ Loose Powder လေးပုတ်ပေးလိုက်ပါ။

၎။ ပန်းနုရောင် ပါးနီကို ရွေးချယ်ပါ

ပန်းသွေးနုရောင်လေး သန်းနေမယ့် သင့်ရဲ့ ပါးပြင်လေးတွေအတွက် ပါးနီကိုလည်းသေချာရွေးချယ်ပြီးအသုံးပြုပေးပါ။

၅။ မျက်လုံး

မျက်ခုံးမွှေးဆိုးလိုက်ပြီး Eyeliner လေးဆိုးပေးလိုက်ပါ။ Eyeliner ကိုအရမ်းအထူကြီးမဟုတ်ဘဲ ခပ်ပါးပါးလေးပဲ ဆွဲပေးပါ။ မဆွဲခင်မှာ Concealer ကို အရင်ဆုံး မျက်ခွံပေါ်မှာလိမ်းပေးလိုက်ပြီး ဆွဲပေးပါ။

၆။ သဘာဝကျတဲ့နှုတ်ခမ်းနီ

သဘာဝကျတဲ့ နှုတ်ခမ်းနီကို ဆိုးပေးပါ။ အရမ်းအရောင်တောက်တာထက် Gloss ဖက်သွားတဲ့ နှုတ်ခမ်းနီကို ရွေးချယ်ပါ။

Source: www.stylecraze.com