ဖုန်းကိုတောင် ဖက်ရှင်ကျကျ စတိုင်မိုက်မိုက် ဒီဇိုင်းဆန်းဆန်း ကိုင်ချင်သူတွေအတွက် ရွေးချယ်သင့်တာကတော့ မကြာသေးခင်ကမှ HUAWEI က ထပ်မံမိတ်ဆက်လိုက်တဲ့ အသစ်ဆက်ဆက် စမတ်ဖုန်း Nova 3 & 3i တို့ပဲဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ ကာလာလေးတွေကလည်း အခြား စမတ်ဖုန်းတွေထက်စာရင် သစ်လွင်ပြီး လူငယ်ကြိုက်ဒီဇိုင်းနဲ့၂၀၁၈မှာ ခေတ်စားနေတဲ့ အရောင်တွေပဲဖြစ်ပါတယ်။ ဖုန်းနောက်ကျောက တောက်ပနေတဲ့ ဖန်သားဆန်ဆန် မျက်နှာပြင်ကြောင့် အလင်းထိလိုက်တာနဲ့ ရောင်ပြန်ဖြစ်သွားတဲ့ ပုံစံလေးကလည်း ဆွဲဆောင်မှုအပြည့်ရှိနေတာတော့ အမှန်ပါ။


ဘယ်လိုအရောင်လေးတွေ ရောင်းချပေးနေလဲဆိုတာ စိတ်ဝင်စားနေသူတွေအတွက် ပြောပြပေးမယ်နော်။ HUAWEI nova 3 မှာ Black , Iris Purple & Red ဆိုပြီး အရောင်သုံးရောင်ရွေးချယ်နိုင်ပါတယ်။ HUAWEI nova 3i မှာတော့ Black, Iris Purple, Pearl White စတဲ့ အရောင်လေးတွေရနိုင်ပါတယ်။

Iris Purple ကိုတော့ ဘာအရောင်လေးဖြစ်မလဲဆိုပြီး လတ်တလောစမတ်ဖုန်းဈေးကွက်မှာ စိတ်ဝင်စားအခံရဆုံးဖြစ်နေပါတယ်။ ခရမ်းရောင်နဲ့ အပြာရောင်ကို ပေါင်းထားတဲ့ Twilight ဆန်ဆန်အရောင်ရောစပ်မှုကတော့ တကယ့်ကို အံအားသင့်စရာဖြစ်ပြီး ဆန်းသစ်လှပမှုက စမတ်ဖုန်းလောကရဲ့ အရောင်နဲ့ ဒီဇိုင်းပိုင်းမှာ ထိပ်ဆုံးကိုရောက်စေတာဖြစ်ပါတယ်။ အနက်ရောင်ကလည်း Premium ဖြစ်လှပြီး ယော်ကျားလေးအများစုကြိုက်ကြမှာဖြစ်ပါတယ်။ ရဲရင့်တဲ့ အသွင်နဲ့ မိုက်ချင်တဲ့ အနီရောင်တောက်တောက်ကိုမှ ရွေးချယ်ချင်သူအတွက် Red Edition ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ပုလဲရောင်ဘက် ကြွနေတဲ့အရောင်လေးကလည်း ဆန်းနေပါသေးတယ်။

ဖုန်းကို ကိုင်ကြည့်လိုက်တာနဲ့ Premium ဖုန်းတစ်လုံးကို ကိုင်ထားရသလိုခံစားရပြီး ဘယ်နေရာက ကြည့်ကြည့် ဘယ်ထောင့်ကနေကြည့်ကြည့် လက်လက်ထနေတဲ့ ဖုန်းဒီဇိုင်းတွေမို့ မြင်လိုက်တာတဲ့ လူငယ်တွေ သရေယိုစရာဖြစ်နေစေတဲ့ အချက်ပါပဲ။ ရုတ်တရက်ကြည့်လိုက်ရင်တော့ Nova 3 & 3i နှစ်လုံးလုံးက တူသယောင်ရှိပေမယ့် Nova 3i က လေးထောင့်ဆန်ဆန်လေးဖြစ်နေပြီး nova 3 ကတော့ နောက်ဖက်ဘောင်တွေကို Curve ပုံစံအကွေးလေးပါ။ တကယ့်ကို စမတ်ကျကျလေးဖြစ်နေပြီး ကိုင်ရ ပိုဇိမ်ရှိလှပါတယ်။

Nova 3 ကတော့ Flagship လို့ပြောကြတဲ့ စွမ်းဆောင်ရည်မြင့်ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဈေးကတော့ ၅၅၉ ၀၀၀ ကျပ်ဖြစ်ပြီး စွမ်းဆောင်ရည်က nova 3i ထက်စာရင် အများကြီး ပိုကောင်းပါတယ်။ nova 3iကတော့ Mid-range ဖုန်းထဲမှာတော့ Price to Performace အကောင်းဆုံးဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပြီးတော့ ဈေးနှုန်းကတော့ ၃၅၉ ၀၀၀ ကျပ်ပဲဖြစ်ပါတယ်။

ကျယ်ပြန့်ပြီး ဘေးဘောင်တွေလုံးဝ ပျောက်လုနီးပါးဖြစ်နေတဲ့ ဘောင်ကျဉ်း ရှေ့မျက်နှာပြင်ကြောင့်လည်း ခန့်ထည်နေပါသေးတယ်။ ဖုန်းရဲ့ နောက်ဖက်မှာ Fingerprint တပ်ဆင်ထားတာကြောင့်လည်း ရှေ့မျက်နှာပြင်မှာ ဘာမှ ရှုပ်မနေတော့ပါဘူး။ Face Unlock စနစ်လည်း ပါရှိသေးတယ်ဆိုတော့ ဘာလိုသေးလဲနော်။ 6.3 လက်မရှိတဲ့ Display နဲ့၂၀၁၈မှာ လုံးဝခေတ်စားနေတဲ့ Notch ဒီဇိုင်းက အားသာချက်လို့ ပြောရဦးမှာပါ။ Nova 3 & 3i တို့မှာ Notchလေးက အနည်းငယ်ကျယ်နေတာကတော့ အရှေ့ကင်မရာ ၂လုံးပါဝင်နေတာကြောင့်ပဲဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ Screensize ကြောင့် ဂိမ်းဆော့တဲ့အခါ ဖုန်းနဲ့ပဲ အရည်အသွေးမြင့် ဇာတ်ကားတွေကြည့်တဲ့အခါ ကြည်လင်ပြတ်သားတဲ့ Full HD အရသာကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

အပြင်ပန်းဒီဇိုင်းကပဲ ဆန်းသစ်ကောင်းမွန်နေတာမဟုတ်ပါဘူး။ AI ဆိုတဲ့ Artificial Intelligence ပါဝင်တဲ့ ရိုက်လိုက်တဲ့ပုံတိုင်းကို ရုပ်လုံးပိုကြွစေပြီး အလိုအလျောက် အရောင်ညှိပေးနိုင်တဲ့ ကင်မရာလေးလုံးပါဝင်မှုက ဓာတ်ပုံရိုက်ဝါသနာပါသူတွေအတွက် ရွေးချယ်စရာအကောင်းဆုံးဖုန်းတစ်လုံးဖြစ်နေပါသေးတယ်။ အရှေ့ကင်မရာ၂လုံး အနောက်ကင်မရာ ၂လုံးကြောင့် Portrait ရိုက်ရာတွင်ဖြစ်စေ ပစ္စည်းတစ်ခုတည်းကို Focusလုပ်ပြီးပဲ ရိုက်ချင်တဲ့ Bokeh effect ပါတာကြောင့် ပရောဖက်ရှင်နယ်ကင်မရာတစ်လုံးလို စွမ်းဆောင်နိုင်မှာပါ။ ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ ဘက်ထရီကြာရှည်ခံမှု ၊ ဖုန်းစွမ်းဆောင်ရည်မြင့်မားမှုတွေအပြင် အသစ်ဖြစ်တဲ့ ဖုန်း Featuresတွေကြောင့် လတ်တလော အသစ်ထွက်လာတဲ့ ဖုန်းတွေထဲမှာ ခေတ်ရှေ့ပြေးဖုန်းတစ်လုံးဖြစ်ပါတယ်လို့ အခိုင်အမာပြောနိုင်ပါတယ်။