အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည်စုပ်ထိုး ဤသုံးမျိုးဂျက်မပိုင် နောင်ပြင်ရန်ခက်တယ်တဲ့ ပျိုမေတို့ရေ။ မိန်းမကောင်းပန်းပန် တစ်ပွင့်ဆိုတဲ့စကားလည်းရှိနေလေတော့ ကျွန်မတို့မြန်မာအမျိုးသမီးတွေအတွက် အိမ်ဦးနတ်၊ အိမ်ထောင်ဘက်ကိုရွေးချယ်ရတဲ့အဆင့်ဟာ သိပ်ကိုအန္တရာယ်များလှပါတယ်။

ပထမအရွယ်ပညာကိုကောင်းစွာမရှာခဲ့ရင် ဒုတိယဥစ္စာရှာတဲ့အရွယ်မှာ ဆင်းရဲဒုက္ခခံရတတ်ပါတယ်။ တတိယကြင်ယာရှာဖက်မှားခဲ့ရင်တော့ တစ်ဘဝလုံးဒုက္ခတွင်းထဲ ယက်ကန်ယက်ကန်ဖြစ်နေရတတ်ပါတယ်။ ဒါကြောင့်မို့ ဘယ်လိုယောကျာ်းမျိုးကိုတော့ ရှောင်လေ၊ ဝေးလေ၊ ပိုကောင်းလေဖြစ်နိုင်မလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ အလုပ်ကိုပဲဦးစားပေးတတ်တဲ့ယောကျာ်း

Source: Personal Excellence

အလုပ်သရဲလေးတွေက သိပ်ကြည့်ကောင်းပြီး သိပ်စမတ်ကျတာပေါ့ပျိုမေတို့ရယ်။ ငါ့ကိုကိုကအလုပ်ဘယ်လို ကြိုးစားတာ။ ဘယ်လိုအရှာအဖွေကောင်းတာစသဖြင့် အပေါင်းအသင်းတွေကြားထဲ လေလှော်ရတာလည်း သိပ်အရသာရှိတာပေါ့။ သိုပေမဲ့ အဓိကနဲ့ သာမညခွဲခြားတတ်ဖို့လည်းလိုပါသေးတယ်။ ကိုယ့်မှာအလုပ်ထက်အရေးကြီးတဲ့ကိစ္စမျိုးရှိလာတဲ့အခါမှာ ကူဖော်လောင်ဖက်၊ အားပေးပေါ်၊ အားပေးဖက်မရှိရင် ဒီအချက်ကြောင့်ပဲ သင်ဟာအမြဲတစေစိတ်ဆင်းရဲနေရတတ်ပါတယ်။

၂။ လေးစားမှုမရှိတာ

Source: imagenesmy.com

လူအချင်းချင်းလေးစားမှုတော့ရှိသင့်ပါတယ်။ တစ်သက်လုံးသိမ်ငယ်စိတ်နဲ့နေမသွားချင်ဘူးဆိုရင်တော့ သင်လုပ်နေတဲ့အလုပ်၊ သင့်ဖြစ်တည်မှုနဲ့ သင့်ရွေးချယ်မှုတွေကို လေးစားမှုမရှိ၊ အသိအမှတ်ပြုမှုမရှိသူမျိုးကို မရွေးချယ်မိပါစေနဲ့။

၃။ သဘောထားသေးသိမ်တာ

Source: oprah.com

ချစ်သူတွေမို့လို့ သဝန်တိုတာ၊ စိတ်မချတာက နားလည်ပေးလို့ရပါတယ်။ ကိုယ့်ဘက်ကအလုပ်သဘောအရ ယောကျာ်းလေးမိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်မိတာ၊ စကားပြောတာလေးကိုတောင် သဝန်တိုပြီး အမြဲတစေပြဿနာရှာနေမယ်။ အပြစ်တင်နေမယ်။ သင့်ရဲ့ဆုံးဖြတ်ချက်တွေကိုပါ ဝေဝါးအောင်လုပ်လာမယ်ဆိုရင်တော့ အချိန်ယူပြန်စဉ်းစားသင့်ပါပြီ။
၎။ ဆင်ခြေပေးတာ

Source: footage.framepool.com

ဆင်ခြေပေးတတ်တဲ့ယောကျာ်းတွေက သိပ်ကိုပျော့ညံ့တဲ့ယောကျာ်းတွေထဲပါပါတယ်။ ဘယ်အရာကိုမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်ကြတဲ့သူတွေပေါ့။ အပေါ်မှာပြောခဲ့သလိုပဲ အဓိကနဲ့သာမညခွဲသိဖို့လိုပါတယ်။ ဘယ်ဟာကိုဦးစားပေးလုပ်သင့်ပြီး ဘယ်ဟာကိုအချိန်လွှဲလုပ်သင့်တယ်ဆိုတာကို နားလည်တဲ့သူအတွက်က ဆင်ခြေဆိုတာမလိုပါဘူး။

၅။ လိမ်ညာတတ်တာ

Source: Scary Mommy

အဆိုးဆုံးပါပဲ။ ထပ်ခါထပ်ခါလိမ်ညာနေတတ်တဲ့သူရဲ့စကားကို ဘယ်သူကယုံကြည်ပေးလို့ရတော့မှာလဲ။ ခွင့်လွှတ်လိုက်သည့်တိုင် ဒဏ်ရာတွေကသင့်ရင်ထဲမှာ နှုတ်မရတဲ့ဆူးတစ်ချောင်းလို ကျန်နေခဲ့ဦးမှာပါ။ နေ့ရက်တိုင်းကိုကောင်းကောင်းမွန်မွန် အိပ်စက်ချင်ပြီး အိပ်ရေးဝဝနဲ့နိုးထချင်တယ်ဆိုရင်တော့ လိမ်ညာတတ်တဲ့သူကို ဘဝလက်တွဲဖော်အဖြစ်မရွေးချယ်မိပါစေနဲ့။

၆။ ခေါင်းရှောင်တတ်တာ

Source: navyugsandesh.com

ခေါင်းရှောင်တတ်တဲ့ယောကျာ်းတွေက သိပ်ကိုဆိုးဝါးပါတယ်။ သင်ဘယ်လောက်ပဲခံစားနေနေ၊ သံသယတွေကြားထဲ ဘယ်လောက်ပဲသင်ရူးသွပ်နေနေ လှည့်မကြည့်တတ်ကြပါဘူး။ သူတို့သာသလိုနေတတ်ကြပါတယ်။ ဒါကြောင့်ခံစားနေရတဲ့သင်ကပဲအရှူံးပြပြီး ရေရှည်မှာစိတ်ဖိစီးမှုတွေနဲ့ ကြုံတွေလာရပါလိမ့်မယ်။

Featured image source: navyugsandesh.com