လူ ၁၀၀ မှာ ၉၀ လောက်ကတော့ အသားဖြူချင်ကြတာချည်းပါပဲ။ အသားဖြူချင်လို့ အသားဖြူဆေးတွေစားတာ၊ အသားဖြူဆေးတွေထိုးတာမျိုးကိုလုပ်မယ့်အစား အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းလေးတွေနဲ့ပဲ အသားဖြူဖွေးလာအောင်လုပ်ပေးလို့ရပါတယ်။

အသားဖြူချင်တယ်ဆိုရင်တော့ အရေးအကြီးဆုံးက ရေများများသောက်ပေးပါ။ ရေကိုပုံမှန်ထက်ပိုပြီး အနည်းဆုံး တစ်နေ့ကို ရေသန့်တစ်လီတာဘူးနဲ့ ၇ ဘူး၊ ၈ ဘူးလောက် သောက်ပေးပါ။ ချက်ချင်းသိသာလာမှာမဟုတ်တဲ့အတွက် ဇွဲရှိဖို့တော့လိုပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင့်အသားအရေက သိသိသာသာကို စိုပြေပြီး ကြည်လင်လှပလာတာကို တွေ့ရမှာပါ။

Source: www.heatherdane.com

နေလောင်ဒဏ်ကာကွယ်ပေးတဲ့ Skincare Products တွေကို အမြဲသုံးပေးရပါမယ်။ Body Lotion လိမ်းပြီးတိုင်းမှာ Sunscreen ကိုထပ်လိမ်းပေးပါ။ မျက်နှာကိုလည်း Sunscreen လိမ်းပေးဖို့လိုပါတယ်။ ဒါကတော့ ဒုတိယအရေးအကြီးဆုံးအချက်ပါ။ Sunscreen ကိုအိတ်ထဲမှာ အမြဲဆောင်ထားပါ။ အပြင်သွားတဲ့အခါမှာလည်း သုံးနာရီခြားတစ်ခါလောက် Sunscreen ကို ပြန်လိမ်းပေးဖို့လိုအပ်ပါတယ်။

Source: www.cosmopolitan

Skincare ကို သေချာဂရုစိုက်ပြီး ပုံမှန်လေးလုပ်ပေးပါ။ အနည်းဆုံးတစ်ပတ်ကို တစ်ခါတော့ Body Scrub လုပ်ပေးရပါမယ်။ Scrub လုပ်ပေးခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးနဲ့ချေးတွေကို သန့်စင်သွားစေတဲ့အတွက် အသားအရေကိုဖြူပြီး ကြည်လာစေပါတယ်။ မျက်နှာကိုလည်း Facial Scrub လုပ်ပေးပါ။ သုံးရက်တစ်ခါတော့ မျက်နှာကို Sheet Mask လေးတွေကပ်ပေးပါ။

Source: www.mirror.com

အသားရေကိုကောင်းမွန်လာစေတဲ့ Skincare Products ကောင်းကောင်းလေးတွေကို ဝယ်သုံးပါ။ ကိုယ့်အသားအရေနဲ့အဆင်ပြေတာမျိုးကိုပဲ ရွေးချယ်သုံးစွဲပါ။ သင့်အသားအရေကသိသိသာသာကို ပြောင်းလဲလာပါလိမ့်မယ်။ တတ်နိုင်တဲ့သူတွေကတော့ နွားနို့နဲ့ရေချိုးပေးပါ။ သင့်အသားအရေက သိသိသာသာကိုဖြူလာတာ တွေ့ရပါလိမ့်မယ်။

Source: www.hellobacsi.com

အသီးအနှံတွေကိုများများစားပေးပါ။ နေ့တိုင်းအသီးအနှံတွေကို စားပေးဖို့လိုပါတယ်။ Green Tea (သို့) မုန်လာဥနီဖျော်ရည်ကိုလည်း နေ့တိုင်းသောက်ပေးပါ။ အသားအရေဟာ စိုစိုပြေပြေနဲ့လှပလာတာကို တွေ့ရမှာပါ။ ဆီကြော်မုန့်တွေကိုတော့ ရှောင်ပေးနိုင်ရင်အကောင်းဆုံးပါ။ နောက်တစ်ခုကတော့ ဝမ်းမချုပ်ပါစေနဲ့။ ဝမ်းချုပ်ရင်အသားအရေက ညစ်ပြီးခြောက်လာပါလိမ့်မယ်။ ဒါကြောင့် ဝမ်းမချုပ်အောင်၊ ဝမ်းပုံမှန်သွားအောင် ဂရုစိုက်ပေးပါ။

Source: www.pilates-yoga.es

Gym ပုံမှန်ကစားပေးတာက ချွေးထွက်များတဲ့အတွက် အသားအရေကိုစိုပြေပြီး ကြည်လင်လာစေပါတယ်။ Gym အတွက်အချိန်မပေးနိုင်ရင်လည်း ချွေးထွက်များတဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ဒါမှမဟုတ်လည်း Spa သွားပြီး ချွေးထုတ်၊ အဆိပ်ထုတ်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

Source: www.youtube.com

ဒီအချက်လေးတွေအတိုင်းသာ လိုက်လုပ်မယ်ဆိုရင်တော့ အချိန်နှစ်လ၊ သုံးလလောက်မှာ သင့်အသားအရေဟာ သိသိသာသာကိုဖြူပြီး စိုစိုပြေပြေနဲ့ ကြည်လင်လှပလာတာကို တွေ့ရမှာပါ။